MCCA ​အ​ကြောင်း

MCCA Logo

  • မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲဆိုင်ရာ ပူးပေါင်းအဖွဲ့ (MCCA)ကို တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်း ပူးပေါင်းအဖွဲ့ (GCCA)၏ ပံ့ပိုးမှု ဖြင့် စတင်တည်ထောင်ခဲ့ပြီး၊ ကုလသမဂ္ဂဆိုင်ရာ အခြေချနေထိုင်ရေး အစီအစဉ် (UN-Habitat) နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UNEP)တို့ ပူးပေါင်း အကောင်အထည်ဖော်ပါသည်။
  • ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ မူဝါဒဖွံ့ဖြိုးမှု နှင့် ပြုပြင်ပြောင်းလဲမှုအစီအမံများတွင် ရာသီဥတု ပြောင်းလဲမှုအား ထည့်သွင်းပါဝင်စေရေး ပလက်ဖောင်းတစ်ခုသဖွယ် လုပ်ဆောင်ပါသည်။ သို့ရာတွင် ယင်းသည် အမျိုးသားအဆင့် အစိုးရအဖွဲ့အစည်းများ၊ အောက်ခြေရှိ တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များကိုလည်း ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများဖြင့် ပံ့ပိုးကူညီလျက် ရှိပါသည်။
  • ရာသီဥတုပြောင်းလဲမှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် အလျောက် အောက်ခြေအဆင့် မှ တစ်ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ မိတ်ဖက်အဖွဲ့များ ပူးပေါင်းမှုဖြင့် သာ ရင်ဆိုင် ကျော်လွှားနိုင်မည်ကို အသိအမှတ်ပြုထားပါသည်။

မည်သို့လုပ်ဆောင်သနည်း

  • MCCA သည် နည်းပညာဆိုင်ရာ ပင်မ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တွင် ရုံးစိုက်အခြေချကာ နည်းပညာဆိုင်ရာ အကြံပေး အကြီးအကဲ တစ် ဦး၊ အမျိုးသားအဆင့် နည်းပညာဆိုင်ရာ အကြံပေး တစ်ဦး၊ စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံး သပ်ရေး အရာရှိ တစ်ဦး၊ ဘဏ္ဍာရေး အရာရှိ နှင့် အထောက်အကူပြု အရာရှိ တစ်ဦး တို့ဖြင့် ဖွဲ့စည်း ထားပါသည်။
  • အဆိုပါ ပင်မအဖွဲ့သည် နည်းပညာဆိုင်ရာ အကူအညီများ ပေးပြီး MCCA ဧ်။ လုပ်ငန်းများအားလုံး ကို ပံ့ပိုးပေးသည်သာမက အခြား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း နေ့ စဉ် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအဖွဲ့များ ထံသို့ ဆက်သွယ်မှု ကဏ္ဍ (contact section) မှ တဆင့် ဆက်သွယ်နိုင်ပါသည်။
  • MCCA အဖွဲ့သည် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့တွင် ပါဝင်သော ဝန်ကြီးဌာနများအားလုံး၊ အဓိက မြို့ကြီး (၃) မြို့ (ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး)မှ အဖွဲ့များ၊ ပညာရပ်ဆိုင်ရာအဖွဲ့များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးမိတ် ဖက် အဖွဲ့အစည်းများ နှင့် လည်း အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ MCCA သည် အရေးပါသည့် မိတ်ဖက်များဖြစ်သော WWF၊ UNDP၊ RIMES တို့ဖြင့်လည်း ပူးပေါင်းဆောင်ရွက် လျက် ရှိပါသည်။
  • MCCA သည် ၎င်း၏ ပင်မအဖွဲ့ သာမက နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တို့မှ ကျွမ်းကျင်သူ များ အား စည်းရုံးဖိတ်ခေါ်ကာ ယင်း၏ ဆောင်ရွက်မှု ရလဒ်များကို ယူဆောင်ပေးလျက်ရှိပါသည်။ ယင်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒ ရေးဆွဲရာတွင် ကျွမ်းကျင်သူများ၊ မြို့ပြ နှင့် ဒေသတွင်း စီမံကိန်းရေးဆွဲသူများ၊ လူမူစီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်ကြပါသည်။ ဒေသတွင်းရှိ UNEP နှင့် UN-Habitat တို့မှ ကျွမ်းကျင် သူများ ကလည်း နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ နှင့် လမ်းညွှန်မှုများ ပေးကြပါသည်။
  • ကျန်ုပ်တို့သည် အရေးကြီးသည့် စီမံကိန်းများနှင့် ဆောင်ရွက်သည့်လုပ်ငန်းများ ဥပမာ BRACED မြန်မာပူးပေါင်းအဖွဲ့၊ UNDP၊ UNICEF၊ UN-Habitat စသည့် အဖွဲ့များနှင့် နိုင်ငံအဆင့်မှ အောက်ခြေ အဆင့်အထိ ညှိနှိုင်းပေါင်းစပ်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

အရေးကြီးသည်မှာ၊ ကျွန်ုပ်တို့သည် ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်များအား အစဉ်အမြဲ ရှာဖွေ လျက်ရှိပါသည်။ အကယ်၍ သင့်တွင် ဆက်သွယ်ရေး၊ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရပ်၊ ရာသီဥတု ပြောင်းလဲခြင်းမှ လိုက်လျောညီထွေဖြစ်စေခြင်း နှင့် သဘာဝ ဘေးအန္တရာယ်လျှော့ချခြင်း၊ မြို့ပြ စီမံကိန်းရေးဆွဲခြင်း၊ ဗိသုကာ နှင့် အင်ဂျင်နီယာ၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ စသည်တို့တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါက သင့်အနေဖြင့် ကျန်ုပ်တို့နှင့်အတူတကွ လက်တွဲလုပ်ကိုင် နိုင်ပါ သည်။ မိတ်ဖက်အနေဖြင့် အဆိုပြုလိုပါက ကျန်ုပ်တို့အား ဆက်သွယ်စေလိုပါသည်။

အသေးစိပ် ရည်ရွယ်ချက်များ

MCCA ၏ ရည်မှန်းချက်ပန်းတိုင်သည် ကျန်ုပ်တို့ဧ်။ ခေတ်ကာလတွင် အထူးသဖြင့် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုအများဆုံးဖြစ်သော ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန်ဖြစ်ပါသည်။

ယင်းသို့ဖြစ်စေရေးအတွက် MCCA သည် အောက်ဖော်ပြပါအချက်များကို အောင်မြင်စွာရရှိရန် မျှော်မှန်း ထားပါသည်။

  • နည်းပညာဆိုင်ရာ အတွေ့အကြုံဗဟုသုတများ နှင့် အလေ့အကျင့်ကောင်းများ ၊ သင်တန်းများ နှင့် အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းဆိုင်ရာ စုဖွဲ့ဆောင်ရွက်မှု နှင့် မူဝါဒ ဝန်းကျင် ကောင်းများ ပိုမို အားကောင်းလာစေရန်၊
  • တိုင်းဒေသကြီး၊ ခရိုင်အဆင့် စီမံကိန်းများမှ ထွက်ပေါ်လာသည့် မျက်မြင် အတွေ့အကြုံများကို အခြေခံသည့် စီမံကိန်းရေးဆွဲခြင်း နှင့် မူဝါဒ ရေးဆွဲချမှတ်ခြင်းများဖြင့် ရာသီဥတုဒဏ်ကြောင့် ထိခိုက်လွယ်သည့် လူများဧ။် ပြန်လည်ထူထောင် တည်ငြိမ်မှု တိုးမြင့်ရရှိစေရန်။

ကျန်ုပ်တို့၏ လုပ်ဆောင်ချက်များ

MCCA သည် အလွန်အရေးကြီးသည့် ရလဒ် ၃ ရပ်အား ရရှိစေခြင်းဖြင့် အဆိုပါ ရည်ရွယ်ချက်များ အား အောင်မြင်စွာ ဆွတ်ခူးရရှိမည်ဖြစ်ပါသည်။ ၁) မြန်မာနိုင်ငံရှိ လူ့အဖွဲ့အစည်းများအား ရာသီဥတုပြောင်းလဲမှု နှင့် ၎င်းတို့ပါဝင်နိုင်သည့် ဆက်စပ် အခန်းကဏ္ဍများအပေါ် သိမြင်နားလည်စေ ရန် ပြုလုပ်ပေးခြင်း၊ ၂) ပိုမိုကောင်းမွန်သော မူဝါဒများ၊ ပေါင်းစပ်ညှိနှိုင်းမှုများ နှင့် နည်းပညာဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းများ ဖြင့် ကဏ္ဍများအားလုံးတွင် ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ကျော်လွှားနိုင် ရန် မူဝါဒချမှတ်သူများအား သိမြင်စေခြင်း နှင့် ၃) အောက်ခြေအဆင့်တွင်လည်း ဒေသခံပြည်သူများ နှင့် မြို့နယ်များအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းအား ဖြေရှင်းဆောင်ရွက်ရာတွင် ပံ့ပိုးကူညီပေးခြင်း စသည်တို့ဖြစ်ပါသည်။

ဤအချက်များသည် ကျန်ုပ်တို့ လုပ်ဆောင်မည့် လမ်းကြောင်းများဖြစ်ပါသည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သိပ္ပံပညာနှင့် အသိ ပညာဗဟုသုတများအား ဖြန့်ဝေပေးခြင်းဖြင့် လူ့အဖွဲ့အစည်း၊ မူဝါဒ နှင့် ဆုံးဖြတ်ချက် ချမှတ်သူများ နှင့် လူတစ်ဦးချင်းစီတို့တွင် နေ့စဉ်ကြုံတွေ့နေသည့် အခြေအနေနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ ၌ ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ကာ ထည့်သွင်းဖြေရှင်းနိုင်စေမည်ဖြစ်ပါသည်။ ယင်းကို ဖြစ်ပေါ် လာစေရန် ကျန်ုပ်တို့သည် အောက်ပါအချက်များကို ဆောင်ရွက်လျက်ရှိပါသည်။

thandwe
Discussing climate change in Thandwe
  • ကျွန်ုပ်တို့သည် စာနယ်ဇင်းအဖွဲ့များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ နှင့် မူဝါဒ ချမှတ် သူများကို နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ ရာသီဥတုပြောင်းလဲခြင်းအကြောင်းအား ချပြ လမ်းညွှန်ပေးလျက်ရှိပါသည်။ သင်တန်းများ ပို့ချခြင်းနှင့် လမ်းညွှန်ပေးမှုများကို ၂၀၁၆ ခုနှစ်တွင် မိတ်ဖက်အဖွဲ့များနှင့်အတူ စတင်ဆောင် ရွက်ပါမည်။ အဆိုပါ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွင် တက်ရောက်လိုပါက ဤနေရာတွင် စာရင်းပေးသွင်းနိုင်ပါသည်။
  • ရာသီဥတုဆိုင်ရာ သိပ္ပံပညာရပ်တွင် ကျွမ်းကျင်သည့် အဖွဲ့အစည်းများဖြစ်သည့် RIMES အဖွဲ့ နှင့် ကိုလံဘီယာ ရာသီဥတုဆိုင်ရာ သုတေသနသိပ္ပံပညာရပ် တက္ကသိုလ် (Columbia University Center for Climate Science Research) တို့နှင့် ပူးပေါင်းကာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သိပ္ပံပညာရပ် အား အသိပညာပေး ပို့ချပါမည်။ ကျွန်ုပ်တို့ သည် မြန်မာနိုင်ငံ သတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (MIMU) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အခက်အခဲ ပြဿနာများအတွက် အွန်လိုင်း (online) တွင် ရှာဖွေလေ့လာနိုင်မည့် နည်းလမ်းများ ဖန်တီးပေးရန် မိတ်ဖွဲ့ဆောင်ရွက်လျက် ရှိပါသည်။
  • လူငယ်များ၊ ပုဂ္ဂလိက ကဏ္ဍ လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများကိုလည်း ရာသီဥတုပြောင်း လဲခြင်းအပေါ် ပိုမိုသိရှိနားလည်နိုင်ရန် ပလက်ဖောင်းတစ်ခုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။ ၂၀၁၆ ခုနှစ်တွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ရုပ်ရှင်ပွဲတော်အား ပံ့ပိုး ကူညီ လျက် ရှိပြီး လူငယ်များနှင့် အတူတကွ လုပ်ကိုင်နေကြသည့် အစိုးရမဟုတ်သည့် အဖွဲ့ အစည်း များ နှင့်  ကုလသမဂ္ဂ အေဂျင်စီများ လည်း ၂၀၁၆ ခုနှစ်တွင် ပါဝင်လာမည်ဖြစ်ပါသည်။ ပိုမို သိရှိနိုင်ရန် ကျန်ုပ်တို့နှင့် တပါတည်း Follow လုပ်နိုင်ပါသည်။
  • အသိပညာဗဟုသုတများအား ဥပမာအားဖြင့် အထူးလိုအပ်သည့် ဘာသာပြန်ဆိုခြင်း နှင့် ပြည့် စုံစွာ ရှင်းပြခြင်းများ သာမက သဘောတရားများပါမကျန် ပံ့ပိုးပေးထားပါသည်။

အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်များ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပိုမိုကောင်းမွန်သည့် မူဝါဒ များနှင့် ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ဖြေရှင်းရန် လူသားများ၏ စွမ်းဆောင်ရည်များ တည်ဆောက် ခြင်းကို အောင်မြင်စွာ ရရှိစေရန်အတွက် အောက်ပါ အချက်များကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါ သည်။

1st MCCA
1600 people consulted, 5 states and regions, 3 large cities and 23 townships involved so far in the Strategy formulation (March 2016)
  • ကဏ္ဍအသီးသီးတွင် ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ဖြေရှင်းရေး ဆုံးဖြတ်ချက်ချမှတ် နိုင်ရန် MCCA အနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများအားလုံး၊ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စသည့်) အဓိကမြို့ကြီး (၃)မြို့ ရှိ မြို့တော်စည်ပင်အဖွဲ့များ၊ တက္ကသိုလ်ကျောင်းတော်များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းများ စုစည်းဆောင်ရွက်သည့် ပလက်ဖောင်းတစ်ခုအဖြစ်လည်း ဆောင်ရွက်ပါသည်။ အဆိုပါ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များသည် မူဝါဒများ နှင့် နယ်ပယ် ကဏ္ဍ အသီးသီးရှိ အခက်အခဲ ပြဿနာများအပေါ် အဖြေရှာ လုပ်ကိုင်နိုင်ရန် ပုံမှန် တွေ့ဆုံ ဆွေး နွေး ကြပါသည်။ ဤလုပ်ငန်းအတွက် သင်ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
  • ကျွန်ုပ်တို့သည် အစိုးရအဖွဲ့အစည်းအတွက် ၎င်းဧ။် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်း အစီအစဉ်များ၊ မူဝါဒများ နှင့် အခြား လိုအပ်သည့် ဥပဒေရေးရာ ၊ မူဝါဒ သို့မဟုတ် နည်းလမ်း များ ဖွံ့ဖြိုးပေါ်ပေါက်စေရာတွင်လည်း ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာ နှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်းသည် အလွန် ခရီးရောက်နေပြီဖြစ်ပြီး၂၀၁၆ ခုနှစ်တွင် အတည်ပြုမည် ဖြစ်ပါ သည်။ ယင်း NCCS&AP အတွက် ယခုအချိန်အထိ လူပေါင်း ၁၆၀ဝ၊ ဆက်စပ် ဝန်ကြီးဌာန ၂၀၊ မြို့ကြီး ၃ မြို့၊ ပြည်နယ် နှင့် တိုင်းဒေသကြီး (၅) ခုအတွင်းရှိ မြို့နယ်ပေါင်း ၂၃ မြို့နယ်၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အား တွေ့ဆုံဆွေးနွေး တိုင်ပင်ခဲ့ပြီးဖြစ်ပါသည်။ မူကြမ်းအား လေ့လာဖတ်ရှုပြီး သင်၏ ဝေဖန်အကြံပြုချက်များအား ပေးပို့စေလိုပါသည်။ သင်နှင့်ဆက်စပ်သည့် အခန်းအား ရှာဖွေဖတ်ရှုပြီး ယင်းကဏ္ဍပိုမို ကောင်းမွန်စေမည့် သင့်တွေးခေါ်ယူဆချက်အား ပေးပို့ခြင်းဖြင့် သော်လည်းကောင်း သို့မဟုတ် ထပ်မံဖြည့်စွက်သင့်သည့် အသေးစိပ်လုပ်ငန်းများ အကြံပေးခြင်းဖြင့်သော်လည်း ကောင်း ပေးပို့နိုင်ပါသည်။ အမျိုးသား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒ ကိုလည်း ၂၀၁၆ ခုနှစ်တွင် မူကြမ်းရေးဆွဲမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ်အား ပိုမို သိရှိလိုပါက ကျွန်ုပ်တို့နှင့် တပါတည်း လိုက်ပါစေလိုပါသည် (follow us)။
  • ကျွန်ုပ်တို့သည် အခြားအရေးကြီးသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။ ဥပမာ ရာသီဥတုပြောင်းလဲခြင်း အား ကျော်လွှားရန် တစ်ကမ္ဘာလုံးဧ။် ကြိုးပမ်းအားထုတ်မှု၌ မြန်မာနိုင်ငံမှ ပါဝင်သည့်အနေဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံအလိုက် ရည်မှန်းဆုံးဖြတ်ထားသည့် ပါဝင်ဆောင်ရွက်မှု (Intended Nationally Determined Contribution) ကို ရေးဆွဲရာတွင်လည်း ကျွန်ုပ်တို့ ပံ့ပိုးကူညီခဲ့ ပါသည်။ ယင်းစာတမ်းသည် အလွန်အရေးကြီးသည့် စာတမ်းတစ်စောင်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ဆုံးဖြတ်ထားသည့် ပါဝင်ဆောင်ရွက်မှုကို တရားဝင်တာဝန်ယူဆောင်ရွက်မည်ဟု ကတိပြု ထားခြင်းဖြစ်ပါသည်။
  • ကျွန်ုပ်တို့သည် ပဲရစ်မြို့တွင်ကျင်းပခဲ့သော သမိုင်းဝင်သည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်း ၏ နှစ်ဆယ့်တစ်ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများဧ။် ညီလာခံ (COP21) နှင့် ပဲရစ် သဘောတူညီချက် အစည်းအဝေးတွင် ပါဝင်တက်ရောက်ခြင်းကဲ့သို့သော ကမ္ဘာ့ သံတမန်ရေး ရာအခမ်းအနား များတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက်နိုင်ရေးကို ကူညီပံ့ပိုး ပေးခဲ့ပါသည်။ ယင်းသတင်းအချက်အလက်များကို ဤနေရာ တွင်လည်းကောင်း၊ ပဲရစ်တွင် ရှင်းလင်းတင်ပြခဲ့သည့် မြန်မာနိုင်ငံ၏ မဟာဗျူဟာ ကို ဤနေရာတွင်လည်းကောင်း၊ ပဲရစ် သဘောတူညီချက်ကို ဤနေရာတွင်လည်းကောင်း ဖတ်ရှုလေ့လာနိုင်ပါသည်။
  • ကျွန်ုပ်တို့သည် အမျိုးသား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားနည်းချက် စစ်တမ်းကောက်ယူခြင်းကို အပြီးသတ်ဆောင်ရွက်လျက်ရှိပြီး ယင်းအားအခြေခံကာ ကျွန်ုပ်တို့၏ ပထမဦးဆုံးအကြိမ် အမျိုးသား စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအစီအစဉ် အား မြန်မာနိုင်ငံရှိ လုပ်ဆောင်သူများ (actors) အား အမျိုးသား ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ မဟာဗျူဟာအား အကောင်အထည်ဖော်နိုင်ရန်အတွက် ပို့ချပေးမည်ဖြစ်ပါသည်။ ဤအစီအစဉ်အား သင်စိတ်ဝင်စားပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်နိုင်ပါသည်။
  • ၂၀၁၆ ခုနှစ်မှစတင်ကာ နိုင်ငံအတွက် ရာသီဥတုပြောင်းလဲခြင်းဒဏ်ကြောင့် ထိခိုက်လွယ်မှု စစ်တမ်းတစ်ခုကို ပြုစုပြင်ဆင်ရန် လိုအပ်သည့် စွမ်းဆောင်ရည်များလည်း ကျွန်ုပ်တို့အနေ ဖြင့် မြှင့်တင်ပေးမည်ဖြစ်ပါသည်။
  • ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ကျော်လွှားရန်နှင့် မဟာဗျူဟာတွင် ခွဲခြားသတ်မှတ် ခဲ့သည့် အောက်ဖော်ပြပါ အဓိက ကဏ္ဍနယ်ပယ်များတွင် ထည့်သွင်းပေါင်းစပ်ရန် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များကို လည်း တည်ဆောက်ပေးမည်ဖြစ်ပါသည်။

၁။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊

၂။ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ၊

၃။ မြို့ပြ၊ အိုးအိမ် အဆောက်အဦနှင့် အခြေချနေထိုင်မှုများ၊

၄။ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်း၊

၅။ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ ကျန်းမာရေးနှင့် ကြိုတင် သတိပေးချက် ထုတ်ပြန်သည့်စနစ်များ၊

၆။ ပညာရေး၊ အသိပညာပေးရေး၊ သိပ္ပံနှင့်နည်းပညာ။

ဒေသခံပြည်သူများ နှင့် အောက်ခြေ တာဝန်ရှိသူများအား ဂေဟစနစ်ကို အခြေခံသည့် ချဉ်းကပ်မှုနည်းလမ်းဖြင့် ရာသီဥတုပြောင်းလဲခြင်းဒဏ်မှ လိုက်လျောညီထွေဖြစ်စေရန် ကျွန်ုပ်တို့ သည် အောက်ဖော်ပြပါ အချက်များအား လုပ်ဆောင်လျက်ရှိပါသည်။ 

Map of Pakokku
Understanding vulnerabilities in the territory is essential
  • ကျွန်ုပ်တို့သည် (၁) WWF နှင့် ကိုလံဘီယာ ရာသီဥတုဆိုင်ရာ သုတေသန သိပ္ပံ ဗဟိုဌာန တို့၏ အကူအညီဖြင့် ပြုစုထားသည့် အောက်ခြေဒေသ၏ ရာသီဥတုပြောင်းလဲမှု ခန့်မှန်းချက်များ အပေါ် အခြေခံထားသော လက်ရှိနှင့် အနာဂတ်ကာလ ရာသီဥတုပြောင်းလဲမှုများ၏ အကျိုး သက်ရောက်မှုကြောင့် မြို့နယ်အဆင့်တွင် ထိခိုက်လွယ်ကူမှု စစ်တမ်းများကောက်ယူလျက် ရှိပါ သည်။ လက်ရှိအချိန်တွင် ကျွန်ုပ်တို့သည် ပခုက္ကူမြို့နယ် (အပူပိုင်းဇုန် ဧရိယာ) နှင့် လပွတ္တာမြို့နယ် (မြစ်ဝကျွန်းပေါ်ဒေသ) တို့တွင် လူမှုစီးပွားရေး အကျိုးသက်ရောက်မှုများ၊ ဂေဟစနစ်အပေါ် အကျိုးသက်ရောက်မှုများ၊ ပခုက္ကူ နှင့်လပွတ္တာ၏ မြေပုံများ၊ မြို့ပြနှင့် ဒေသတွင်း နယ်နမိတ်အပေါ် အကျိုးသက်ရောက်မှုများ စသည့် အကြောင်းအရာများ ပါဝင်သည့် ၎င်းတို့၏ ထိခိုက်လွယ်ကူမှုများကို စစ်တမ်းကောက်ယူရန် ဆောင်ရွက်လျက်ရှိပါ သည်။ ကျွန်ုပ်တို့တွေ့ရှိရသည့် ရလဒ်ကို ဤနေရာတွင် ဖော်ပြမည်ဖြစ်ပြီး သဘောတရားများ နှင့် လုပ်နည်းလုပ်ဟန်များကို ဤနေရာတွင် လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။
  • ကျွန်ုပ်တို့သည် (၂) ဒေသခံပြည်သူများနှင့်အတူ လိုက်လျောညီထွေဖြစ်စေရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ရေရှည်အတွက် အစီအစဉ်များ ရေးဆွဲပါမည်။ (၂၀၁၆ ခုနှစ်၊ ဇွန်လတွင် အပြီးသတ် ရလဒ်များရရှိမည်ဖြစ်ပြီး) မြို့နယ်များတွင် ထိခိုက်လွယ်မှုများအကြောင်း သိရှိပြီး နောက် ကျွန်ုပ်တို့သည့် မြို့နယ်ရှိ ဒေသခံပြည်သူများနှင့်အတူ လိုက်လျောညီထွေဖြစ်စေရေး အကောင်းဆုံး ဖြေရှင်းမည့်နည်းလမ်းများ နှင့် ဦးစားပေးများဖော်ထုတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ရေးဆွဲနိုင်မည်ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက ဤ ဝက်ဘ် စာမျက်နှာအား follow လုပ်ပါ သို့မဟုတ် ကျွန်ုပ်တို့နှင့် ဆက်သွယ်ခြင်းအားဖြင့် လည်းကောင်း၊ အတူတကွ လုပ်ကိုင်ခြင်းခြင့်လည်းကောင်း ပါဝင်ဆောင်ရွက်ပါ။
  • ကျွန်ုပ်တို့သည် (၃) ဒေသခံပြည်သူများအား အထောက်အပံ့ ပေးသည့် ပစ္စည်းများဖြင့် လိုက်လျောညီထွေဖြစ်စေရေး နည်းလမ်းများကို အသုံးပြု အကောင်အထည်ဖော်ဆောင်ရွက် ပါမည်။ ၂၀၁၆ ခုနှစ်၊ မေ၊ ဇွန် လတွင် ဦးစားပေးလုပ်ငန်းများအတွက် အသေးစား ထောက်ပံ့မှု များအပ်နှင်းကာ ပခုက္ကူနှင့် လပွတ္တာ မြို့များတွင် ထိခိုက်လွယ်မှု အများဆုံး ဒေသများ၌ အစီ အစဉ်များ ရေးဆွဲလျက် ဒေသတွင်း လိုက်လျောညီထွေ ဖြစ်စေရေး လှုပ်ရှားမှုများ (campaign) စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များတွင် ရေကြီးရေလျှံမှုများ၊ လေမုန်တိုင်းတိုက်ခတ်မှုများ၊ ရေသယံဇာတရှားပါးမှုများနှင့် အခြားဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများအနက် လိုက်လျောညီထွေသည့် စိုက်ပျိုးရေး လုပ်ငန်းများ ပါဝင်မည်ဖြစ်ပါသည်။
  • ကျွန်ုပ်တို့သည် (၄) အောက်ခြေအဆင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းအစီအစဉ် များ ရေးဆွဲခြင်းနှင့် ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများကို အမျိုးသားအဆင့်တွင်ပါ ထင်ဟပ်လာစေရန် အလေးထားဆောင်ရွက်မည်ဖြစ်ပါသည်။ မူဝါဒများသည် အောက်ခြေ ရှိ ပြည်သူလူထုများ၊ ကျေးရွာများ နှင့် မြို့နယ်များအား အလားတူ ပံ့ပိုးကူညီနိုင်စေရေးအတွက် ဖြစ်ပါသည်။.