ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် အခြား ဓာတ်ငွေ့များ

အကျဥ်းချုပ်မည်ဆိုပါက လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ခန့်က လူသားများသည် လွန်ခဲ့သော နှစ် ပေါင်း ၈၀၀၀၀၀ နှစ် ထက် ရာသီဥတု ပိုမိုလျင်မြန်စွာ ပြောင်းလဲလာရန် တွန်းအားပေးလျက်ရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအား အများအပြားလောင်ကျွမ်းစေလျက် ယင်းကြောင့် နေရောင် ခြည် မှ အပူချိန်များကို လေထုအတွင်းတွင် ပိတ်မိနေစေပါသည်။

ဒီဓာတ်ငွေ့တွေကဘာဓာတ်ငွေ့တွေလဲ

များသောအားဖြင့် ယင်းဓာတ်ငွေ့တွေထဲက (CO2 လို့ခေါ်တဲ့)ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုပဲ ရည်ညွှန်း ဖော်ပြလိုပြီး ယင်းသည် လူသားများ၏လုပ်ဆောင်ချက်များကြောင့် ထုတ်လွှတ်စေတဲ့ အဓိကကျတဲ့ ဓာတ်ငွေ့ဖြစ်ပါသည်။ သို့ရာတွင် ယင်းဓာတ်ငွေ့တစ်မျိုးတည်းကိုမဆိုလိုပါ။ အိုဇုန်း၊ မီသိန်း၊ နိုက် ထရပ် အောက်ဆိုဒ် နှင့် လူသားများကြောင့် ဖြစ်သော ကလိုရိုဖလူရိုကာဗွန် (CFC) စသည့် ဓာတ်ငွေ့ များလည်းပါဝင်ပါသည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပစိဖိတ်သမုဒ္ဒရာ အတွင်း မှာရှိတဲ့ မန်နူဝါလိုအာ လေ့လာဆန်းစစ်ရေးစခန်း၏ ထုတ်ပြန်ကြေငြာချက်အရ လေထုအတွင်းတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ပါဝင်မှုသည် အပုံတစ်သန်းပုံလျှင် ၄၀ဝ ကျော်အထိ ရောက်ရှိနေကြောင်း မှတ် တမ်းတင်ထားပါသည်။ ယခင်အချိန်ကာလများတွင် ရှိခဲ့သည့် ပမာဏအား သင်ကိုးကားသိရှိနိုင်ရန် အတွက် ဖော်ပြရလျှင် သိပ္ပံနည်းကျ စမ်းသပ်လေ့လာတွေ့ရှိချက်များမှ ထောက်ပြသည်မှာ လွန်ခဲ့သော နှစ် ထောင်ပေါင်းများစွာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပါဝင်မှုသည် အပုံတစ်သန်းပုံလျှင် ၃၀ဝ အောက်တွင်သာ အမြဲတမ်းတည်ရှိခဲ့ပါသည်။ အကယ်၍ ယင်း၏ ပါဝင်မှုသည် အပုံတစ်သန်းပုံ လျှင် ၄၅၀ သို့မဟုတ် ယင်းထက်ကျော်လွန်လာမည်ဆိုပါက ရာသီဥတုပြောင်းလဲမှုသည် ကြီးမားစွာ အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ပြီး ပြန်လည်ပြင်ဆင် ပြုပြင်ရန် ခက်ခဲမည်ဟု သိပ္ပံ ပညာရှင်များက ယုံကြည်ထားကြပါသည်။

CO2 Mauna

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၅ ခုနှစ်၊ ဇန္နဝါရီလ အစောပိုင်းကာလတွင် ဟာဝိုင်အီ၊ မောနာလိုအာ လေ့လာရေး စခန်း၌ တိုင်းတာခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ။
Source: Scripps Institution of Oceanography

ဒီဓာတ်ငွေ့တွေ ဘယ်လို ထွက်ပေါ်လာတာလဲ

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် အခြား နိုင်ငံများ နည်းတူ မြန်မာနိုင်ငံသည်လည်း ယင်းဓာတ်ငွေ့များမည်သို့ ထွက်ပေါ်လာပုံနှင့် မည်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ရမည်ကို လုပ်ကိုင်လျက်ရှိပါသည်။ ယင်းနှင့်ပတ်သက်သည့် စစ်တမ်း ကောက်ယူမှုများကို ပုံမှန်အားဖြင့် ထုတ်ပြန်လျက်ရှိပြီး ကနဦး အမျိုးသား အစီရင်ခံစာတွင် တွေ့နိုင်ပါ သည်။

နိုင်ငံတကာအဆင့်တွင် ထုတ်လွှတ်လျက်ရှိသော GHGs (ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များ)သည် အောက်ဖော်ပြပါ IPCC ၏ ပုံအတိုင်း ရှင်းလင်းဖော်ပြနိုင်ပါသည်။

IPCC

Source: WRI/Tim Herzog, Kick the Habit: A UN Guide to Climate Neutrality

မြန်မာနိုင်ငံတွင် ယင်းဓာတ်ငွေ့များကို အောက်ဖော်ပြပါ ရုပ်ပုံကားချပ်အတိုင်း ထုတ်လွှတ်လျက်ရှိပါ သည်။

mynmar01 (1)

Source: Myanmar’s Initial National Communication 

၂၀ဝ၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏာန်းအချက်များအရ ပုံတွင် သင်မြင်တွေ့ရသကဲ့သို့ မြန်မာ နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုဒ် အား ထုတ်လွှတ်သည့်ပမာဏထက် စုပ်ယူသည့် ပမာဏကပိုများနေခြင်းသည် ယင်း ပိုင်ဆိုင်သော သစ်တောများကြောင့်ဖြစ်ပါသည်။ ယင်းကို ကာဗွန်စုပ်ယူသိုလှောင်မှု carbon sink ဟုခေါ်နိုင်ပါသည်။