မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မကြာခဏေမးမြန်းသည့်မေးခွန်းများ


မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းတွင် ထိခိုက်လွယ်နိုင်ပါသလား

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းအား ကြီးမားစွာ ထိခိုက်လွယ်နိုင်ပါသည်။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုအား အမြင့်ဆုံး ထိခိုက်လွယ်သော နိုင်ငံဖြစ်ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ရှိမှု ညွှန်းကိန်း(Global Risk Index) တွင် နောက်ဆုံးအေခြအေန မွမ်းမံဆန်းသစ် ထားချက် အရ တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲခြင်း နှင့် ဆက်စပ်သော ထူးကဲသည့် မိုးလေဝသ အဖြစ်အပျက်များ ကြောင့် ထိခိုက်လွယ်မှုအဆင့်တွင် အဆင့် (၂)၌ နေရာယူထားပါသည်။

အဆိုပါအေခြအေနသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအား ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ယင်းအေပါ်ကျေရာက်လာနိုင်သည့် ထိခိုက်လွယ်မှုများ အား လျှော့ချရန် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ကျော်လွှားရန် ကမ္ဘာ့ လူမှုအဖွဲ့များအကြား ယင်း၏ အေရးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကတိကဝတ်များ ပြုထားပါသည်။


ဘာ့ကြောင့် ထိခိုက်လွယ်နိုင်ပါသနည်း

မြန်မာနိုင်ငံ၏ ကြွယ်ဝချမ်းသာမှု၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများသည် ယင်း၏ ပတ်ဝန်းကျင်၊ သဘာဝသယံဇာတအရင်းအမြစ်များ၊ ရာသီဥတုဆိုင်ရာ အေခြအေနများ နှင့် ဂေဟစနစ်များ၏ ကြံ့ခိုင်မှုများအေပါ်တွင် ကြီးမားစွာ သတ်မှတ် တည်မှီလျက်ရှိပါသည်။ ထိုနည်းတူ မြန်မာနိုင်ငံ၏ မြေပြင် ပထဝီ တည်နေရာ အေနအထား နှင့် ကမ္ဘာ့မြေမျက်နှာသွင်ပြင် တို့အရ ဆိုးကျိုးများဖြစ်ပေါ် နိုင်သည့် အလားအလာရှိသော သဘာဝ အဖြစ်အပျက်များအား ဆက်တိုက်သဖွယ် ပုံမှန် ကြုံတွေ့နိုင် ပါသည်။ ယင်း သဘာဝအဖြစ်အပျက်များသည်လည်း ပြောင်းလဲလာသည့် ရာသီဥတု အေခြအေန များကြောင့် ဥပမာအားဖြင့် မုတ်သုတ်ရာသီ နှင့် မိုးရွာချမှု ပုံသဏ္ဍာန်တွင် အကျိုးသက်ရောက် လာနိုင်ပြီး စိုက်ပျိုးရေး၊ ရေသယံဇာတ သန့်ရှင်းမှု နှင့် အရည်အေသွးကောင်းမွန်မှု၊ ဇီဝမျိုးစုံ မျိုးကွဲများ သို့မဟုတ် ဂေဟစနစ်တစ်ခုလုံး တို့အား ပိုမို ဆိုးရွားနိုင်ပါသည်။

လူ့ဘဝနှင့် ပိုင်ဆိုင်သည့်ပစ္စည်းများ သာ ရုတ်တရက်ပြင်းထန်သော အဖြစ်အပျက်များ၏ အန္တရာယ်ရှိ (၂၀ဝ၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်သည် လူ ၁၄၀ဝ၀ဝ ဦးခန့် အသက်ဆုံးရှုံးခဲ့သည့် နည်းတူ လူဦးရေ ၂.၄ သန်းခန့်၏ ပိုင်ဆိုင်သည့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်ကို သတိမူပါ။) သာမက အသက်မွေးဝမ်းကျောင်း လုပ်ငန်းရင်းမြစ်များ နှင့် ထုတ်လုပ်မှုများ၊ စီးပွားရေး နှင့် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများဧ်။ စားသောက်နေထိုင်မှုများအား ခြိမ်းခြောက်လျက်ရှိပါသည်။

အထူးသဖြင့် မြန်မာနိုင်ငံသည် ပြင်းထန်သော ရာသီဥတုဆိုင်ရာ ဖြစ်စဉ် များဖြစ်သည့် ဆိုင်ကလုန်း များ၊ ရေကြီးမှုများ၊ မိုးသည်းထန်စွာ ရွာချမှုများ၊ မိုးခေါင်မှုများ၊ အပူချိန်လွန်ကဲမှုများအား တွေ့ကြုံရ နိုင်ပြီး ယင်းဖြစ်စဉ်များသည် ကြိမ်ဖန်များစွာ နှင့် ပိုမိုပြင်းထန်စွာဖြင့် ပြောင်းလဲလာသည့် ရာသီဥတု ကြောင့် ဖြစ်ပေါ်လာနိုင်ပါသည်။

ဒုတိယအချက်အေနဖြင့် လူဦးရေ နှင့် ပိုင်ဆိုင်မှုပစ္စည်းများသည်လည်း အဆိုပါ ရာသီဥတုဖြစ်စဉ်များ အား ယင်းတို့၏ ကမ်းရိုးတမ်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် အပူပိုင်းဒေသများ စသည့် တည်နေရာများတွင် တည်ရှိခြင်းကြောင့် အကြီးအကျယ် တွေ့ကြုံရပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ စုစုပေါင်း လူဦးရေ ၅၁.၂ သန်း ၏ အများစုသည် ရာသီဥတု ပြောင်းလဲ မှု ကြောင့် ထိခိုက်တွေ့ကြုံနိုင်သည့် ဒေသများတွင် နေထိုင်နေကြပါသည်။ ယင်းဧရိယာများတွင် မြစ်ဝကျွန်းပေါ်ဒေသ သည် အပူပိုင်း မုန်တိုင်းများ၊ ဆိုင်ကလုန်းများနှင့် ရေကြီးမှုများ၊ ပင်လယ်ရေလှိုင်းမြင့်တက်မှုများ၊ မြေဆီလွှာတိုက်စားမှုများ အား တွေ့ကြုံနိုင်ပြီး အပူပိုင်းဒေသတွင် ကာလ ရှည်လျားသော မိုးခေါင်မှုများ တွေ့ကြုံနိုင်သကဲ့သို့ ရေကြီးမှုများလည်း တွေ့ကြုံနိုင်ပါသည်။

တတိယအချက်အေနဖြင့် လူများ၊ ပိုင်ဆိုင်သည့်ပစ္စည်းများ၊ အဖွဲ့အစည်းများ နှင့် မူဝါဒများ လက်ရှိ လုပ်ဆောင်နိုင်စွမ်းများသည် ယင်းကဲ့သို့သော ဖြစ်စဉ်များဧ်။ အကျိုးသက်ရောက်မှုများအား ကြိုတင်ကာကွယ်ရန် သို့မဟုတ် လျော့နည်းသက်သာစေရန် အဖြစ်အပျက်များသည် ပြင်းထန်နိုင် သည်ဟု ထည့်သွင်းစဉ်းစားပါက ကန့်သတ်မှုများ ရှိနေဆဲဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုသည် လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုတွင် ပိုမို ဆိုးရွားပြင်းထန်သည့် စိန်ခေါ်မှုများ ရှိပြီး (ဥပမာ ၂၀ဝ၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း နာဂစ်မုန်တိုင်း သာမက သဘာဝေဘးအန္တရာယ်များအပါအဝင်) အကြိမ်အေရအတွက် ပိုမိုများပြားကာ ပိုမိုပြင်းထန်သည့် ဖြစ်စဉ်များ၊ မိုးရာသီအား ကြိုတင်ခန့်မှန်းနိုင်မှု ပျောက်ဆုံးလာခြင်း (မြန်မာနိုင်ငံ ၏ သမိုင်း၊ စီးပွားရေး နှင့် ထုံးတမ်းအစဉ်အလာများသည် မုတ်သုန် ရာသီနှင့် ဆက်စပ်လျက်ရှိပြီး ယင်း မုတ်သုန်ရာသီ သည် ယခုအချိန်တွင် ပြောင်းလာခြင်း နှင့် သို့အတွက်ကြောင့် စိုက်ပျိုးမှု ရာသီအချိန် ကာလ၊ လုပ်ကိုင်သည့် နည်းဟန်များလည်း ပြောင်းလဲလာနိုင်ခြင်း) အား လေ့လာတွေ့ရှိရပါသည်။ ကမ္ဘာအဆင့် ခန့်မှန်းချက် များ၊ နှင့် (NAPA တွင် အသုံးပြုထားသည့် PRECIS မိုဒယ် ဖြင့်) နိုင်ငံအဆင့် ခန့်မှန်းချက်များသည် တစ်နိုင်ငံလုံးတွင် အပူချိန်မြင့်တက်လာမှု ခံစားရနိုင်ကြောင်း၊ မိုးခေါင်မှုအား ပိုမိုဆိုးရွားစေမည့် တိမ်ကင်းစင်မှုများ များပြားလာခြင်း၊ ယင်းနှင့်အတူ မိုးရွာချမှု ပုံသဏ္ဍာန်များနှင့် ပမာဏများ ပြောင်းလဲလာခြင်း၊ မုတ်သုန်ရာသီ အဝင်နောက်ကျခြင်းနှင့် အထွက်စောခြင်းတို့ကြောင့် ဖြစ်ပေါ်လာ သည့် ရေကြီးမှု အန္တရာယ်များ မြင့်မားလာခြင်း နှင့် ဆိုင်ကလုန်းများ၊ ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးမှုများ၊ ပင်လယ်ရေလှိုင်း ကြီးမှုများ၊ မိုးသည်းထန်စွာ ရွာချမှုများ၊ ပြင်းထန်သော အပူချိန်လွန်ကဲ မှုများ နှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု စသည် အဖြစ်အပျက်များ၏ အကြိမ်အေရအတွက် နှင့် ပြင်းထန်မှုများ မြင့်တက်လာခြင်း စသည်တို့ကို အတည်ပြုထားပြီးဖြစ်ပါသည်။ တစ်နည်းအားဖြင့် ယင်းကဲ့သို့ ပြောင်းလဲမှုများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် အခြား အကျိုး ဆက်များနှင့် အကျိုးသက်ရောက်မှုများဖြစ်သော ဆားငန်ရေဝင်ရောက်လာခြင်း၊ တောင်တန်းဒေသ များတွင် ရေခဲများအရည်ပျော်ကျလာခြင်း၊ မြေဆီလွှာတိုက်စားမှု နှင့် မြေအတန်းအစား ကျဆင်း လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ နှင့် ဂေဟ စနစ်များ ပျက်စီးခြင်း စသည့် ကမ်းရိုးတမ်းဒေသများတွင် နောက်ဆက်တွဲ ခြိမ်းခြောက်မှုများ တစ်ပါတည်း ဖြစ်ပေါ်လာနိုင်ပါသည်။


ရာသီဥတုပြောင်းလဲခြင်းဧ်။ အကျိုးဆက်နှင့်ပတ်သက်၍ ဥပမာအချို့မှာ မည်သည်တို့ဖြစ်ပါသနည်း

ဆိုးကျိုးများနှင့် အကျိုးသက်ရောက်မှုများသည် အများအပြားရှိပြီး အပြန်အလှန် ဆက်စပ်လျက်ရှိ ပါသည်။ သဘာဝ အေခြအေနတစ်ခုအေပါ် တိုက်ရိုက်အကျိုးသက်ရောက်သော ရာသီဥတုတွင် အနည်းငယ် ပြောင်းလဲရုံဖြင့် ထင်ရှားသည့် အချက် တစ်ချက်မှာ အခြား ကဏ္ဍများတွင် ရေရှည်ကာလ ၌ အကြီးအကျယ် ပြောင်းလဲမှုများနှင့် အကျိုးသက်ရောက်မှုများဖြင့် သိသာထင် ရှားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။

ပြဿနာသည် အဆိုပါ ပြောင်းလဲမှုများ ဖြည်းညှင်းစွာ သို့မဟုတ် ငြိမ်သက်စွာ ဖြစ်ပေါ်နေပြီး ကျနုပ်တို့ ၏ တမဟုတ်ချင်း လိုအပ်ချက်များအား ရေရှည် ကာလများအေပါ် ထည့်သွင်းစဉ်းစားချက်များဖြင့် ဦးစားပေး ဖော်ထုတ် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ဤအရာသည် ရေရှည် တည်တံ့သော ပြုမူနေထိုင် မှု တစ်ခု မဟုတ်ပါ။

အောက်ဖော်ပြပါ ဥပမာများ (ယင်းတို့သည် စိတ်ညစ်ညူးဖွယ်မဟုတ်) သည် ၂၀၁၂ ခုနှစ်တွင် အတည်ပြုထားသည့် မြန်မာနိုင်ငံအတွက် အမျိုးသားအဆင့် လိုက်လျော ညီထွေဖြစ်စေရး လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များမှ ကောက်နှုတ်ယူထားပါသည်။

စိုက်ပျိုးရေး

  • မိုးရွာသွန်းမှု ပုံသဏ္ဍာန်များ မငြိမ်သက်မှုသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများအား အေလးဂရု ပြုရန် လိုက်လျောညီထွေ ဖြစ်စေရပါမည်။
  • အပူချိန်မြင့်တက်လာခြင်းသည် အစားအစာဖူလုံမှု နှင့် (သီးနှံရောဂါပိုးများ၊ အဖျက်ပိုးများ စသည့်) စိုက်ပျိုးရေးလုပ်ငန်ကို အန္တရာယ်ဖြစ်စေပါသည်။
  • မိုးကောင်းသောက် စိုက်ပျိုးရေးလုပ်ငန်းများသည် မိုးခေါင်မှုကြောင့် ထိခိုက်လွယ်မည် ဖြစ်ပါသည်။
  • သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း နှင့် စိုက်ပျိုးချိန် တို့ ပြောင်းလဲလာခြင်းသည် သီးနှံဆုံးရှုံးပျက် စီးမှု ရလဒ်အားဖြစ်စေပါသည်။
  • မြေဆီလွှာ စိုထိုင်းဆ အားနည်းခြင်းများ၊ သီးနှံ ပျက်စီးခြင်း နှင့်သီးနှံ ရောဂါပိုးများကျေရာက် ခြင်းများသည် မိုးရွာသွန်းမှုများကြောင့် ဖြစ်ပါသည်။

  • သစ်တော

  • မိုးရွာသွန်းမှု ပုံသဏ္ဍာန်များ မတည်ငြိမ်မှုသည် သစ်တောများအား မြေဆီလွှာတိုက်စားခြင်း အခြားအကျိုးဆက် အလားအလာများဖြင့် အကျိုးသက်ရောက်နိုင်ပါသည်။
  • မိုးခေါင်ခြင်း နှင့် အပူချိန်လွန်ကဲခြင်းသည် မီးလောင်မှုများ ဖြစ်ပွား နိုင်ပါသည်။
  • မြေအသုံးချမှု ပြောင်းလဲခြင်းများသည်လည်း ဤအချက်ကို ပိုမိုဆိုးရွားစေပါသည်။

  • အေခြချေနထိုင်ခြင်း နှင့် ကမ်းရိုးတမ်း ဒေသများ

  • (မကြာခဏဖြစ်ပေါ်လာနိုင်သော နှင့် ပိုမိုပြင်းထန်သော အဖြစ်အပျက်များ အား ပိုမိုကြုံတွေ့ ခံစားရနိုင်) ကမ်းရိုးတမ်းဒေသများ နှင့်ကုန်းတွင်းပိုင်း အေခြချေနထိုင်မှုများသည် ထူးကဲ အဖြစ်အပျက်များအား ကြီးမားစွာ ထိခိုက်နိုင်ပါသည်။
  • ရာသီဥတုပုံသဏ္ဍာန်များ ပြောင်းလဲမှုကြောင့် မြို့ကြီးများနှင့် အေခြချ နေထိုင်သည့် ဒေသကြီး များတွင် စားနပ်ရိက္ခာဖူလုံမှု အေပါ် အကျိုးသက်ရောက်နိုင်ပါသည်။
  • ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ကမ်းရိုးတမ်းဒေသရှိ မြို့ကြီးများနှင့် ယင်းဒေသတွင် နေထိုင်ကြေသာ လူဦးရေ အများစုအေပါ်တွင် အကျိုးသက်ရောက်နိုင်ပါသည်။
  • ဂေဟစနစ် လုပ်ငန်းဆောင်တာများ နှင့် အရင်းအမြစ်များ (ရေ သယံဇာတ ရရှိမှု) များ အေပါ် တွင် ဈေးနှုန်းများ နှင့် အပြိုင်အဆိုင် သုံးစွဲမှုများ မြင့်တက်လာနိုင်ပါသည်။

  • အများပြည်သူ ကျန်းမာရေး

  • အပူချိန်မြင့်တက်လာခြင်း နှင့် မိုးရွာချမှု ပြောင်းလဲခြင်းသည် ရောဂါဘယ ဖြစ်ပွားမှု အတွက် အန္တရာယ် တစ်ခု ပါဝင်လာပါသည်။
  • ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ ပင်လယ်ရေလှိုင်းကြီးမှု နှင့် မိုးခေါင်မှုများကြောင့် သောက်သုံးရေ ရရှိမှု အခက်အခဲကြောင့် အများပြည်သူ ကျန်းမာရေး အတွက် အန္တရာယ် တစ်ခုဖြစ်စေပါသည်။

  • ရေသယံဇာတ အရင်းအမြစ်များ

  • ရေ အရည်အေသွး၊ ရရှိမှု နှင့် သုံးစွဲနိုင်မှု
  • လယ်သမားများအတွက် သယံဇာတရင်းမြစ်များအေပါ် အပြိုင်အဆိုင် အငြင်းပွားမှု နှင့် အေခြချ နေထိုင်မှုများတွင် ကုန်ကျစရိတ်မြင့်မားမှု

  • စွမ်းအင် ၊ အေဆာက်အဦး ဆောက်လုပ်ခြင်း နှင့် စက်မှုလုပ်ငန်း

  • အကြီးအကျယ် ရေတိုက်စားမှု ကြောင့် ရေအားလျှပ်စစ် အလားအလာကောင်းသည့် မြစ်များ တွင်လည်း အန္တရာယ် ရှိပါသည်။
  • (လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ ပံ့ပိုးပေခြင်းစသည့်) အေဆာက်အဦးများ တွင်လည်း ပြင်းထန်သည့် ရာသီဥတုအဖြစ်အပျက်များကြောင့် ပျက်စီး ဆုံးရှုံးရမည့် အန္တရာယ် ရှိနေပါသည်။
  • သဘာဝေဘးအန္တရာယ်များ ထပ်တလဲလဲ ဖြစ်ပေါ်နေခြင်းကြောင့် စက်မှုလုပ်ငန်းများဧ။် ထုတ်လုပ်မှုကို ဆိုးကျိုး သက်ရောက်နိုင်ပါသည်။

  • ဇီဝမျိုးစုံမျိုးကွဲများ

  • ရာသီဥတု အသွင်ပြင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများကိုလည်း အကြီးအ ကျယ် ထိခိုက်ပါသည်။ မြန်မာနိုင်ငံရှိ သစ်တောများတွင် သားရိုင်းတိရစ္ဆာန်များ နေရာရွှေ့ပြောင်းခြင်း၊ မျိုးစိတ်များ ပန်းပွင့်ချိန်၊ အပင်မျိုးစိတ်များ နှင့် ရောဂါပိုးမွှားများ သာမက အင်း ဆက်ပိုးများ အေရအတွက် များတွင် ပါ ပြောင်းလဲလျက်ရှိကြောင်း တွေ့ရှိရပါသည်။

  • မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကျော်လွှားရန် လုပ်ဆောင်သူ တစ်စုံ တစ်ဦးတည်း တွင်သာ တာဝန်ရှိပါ သလား

    မရှိပါ။ ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ကျော်လွှားခြင်းတွင် ကျွနုပ်တို့၏ လူ့အဖွဲ့အစည်းများ၏ ကဏ္ဍေပါင်းစုံအေပါ် အကျိုးသက်ရောက်မှုရှိ သောကြောင့် သော်လည်းကောင်း၊ မတူညီသည့် ကဏ္ဍ များတွင် ကျွန်ုပ်တို့ လုပ်ဆောင်သမျှသည် ပတ်ဝန်းကျင် နှင့် ရာသီဥတု အေပါ်တွင်အကျိုး သက် ေ’ရာက်မှုများ ရှိ သောကြောင့်လည်းကောင်း ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ကျော်လွှားရာတွင် ကဏ္ဍေပါင်းစုံ နှင့် လူ့အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ပေါင်းစုံ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများ လိုအပ်ပါသည်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန တို့နှင့် အတူ ဦးစီးဦးဆောင်ပြု၍ ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသည် ယင်းအခက်အခဲ ပြဿနာများအားဖြေရှင်းရန် ကျွမ်းကျင်မှုများ (ချန်ပီယံအေနဖြင့်) ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ အဆင့် တွင်ရှိ အခက်အခဲပြဿနာများအား နမူနာယူ ဆောင်ရွက်မည်ဖြစ်ပါသည်။ အခြားဝန်ကြီးဌာနများ သည် လည်း ၎င်းတို့၏ စပ်ဆိုင်သည့် ကဏ္ဍ များတွင် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ဖြေရှင်းရန် လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန သည် ဥပမာအားဖြင့် စိုက်ပျိုးရေးနည်းလမ်းအေလ့အကျင့် များအေပါ်တွင် အထူးလုပ်ဆောင်လျက်ရှိပြီး ရာသီဥတုပြောင်းလဲခြင်း တစ်ခုအတွက် စိုက်ပျိုးနည်းပုံစံ မော်ဒယ်များဖြင့် လိုက်လျောညီထွေဖြစ်စေမည့် အခွင့်အလန်းများ ရှာဖွေ လုပ်ဆောင်ခြင်းဖြစ်ပါသည်။

    သို့သော်လည်း ပူးပေါင်းမှု တစ်ခု လိုအပ်မည်ဖြစ်ပါသည်။ သို့မဟုတ် နိုင်ငံနှင့် နိုင်ငံတကာအဆင့် တွင် လည်းကောင်း၊ နိုင်ငံအဆင့်အတွင်းသော်လည်းကောင်း နိုင်ငံအဆင့် နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် အဖွဲ့အစည်းများ နှင့် ကဏ္ဍများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ၊ လူ့အဖွဲ့အစည်း နှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့များ၏ ပံ့ပိုးကူညီမှုများအတွင်း မိတ်ဖက် အဖွဲ့တစ်ဖွဲ့ လိုအပ်မည်ဖြစ်ပါသည်။


    ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ကျော်လွှားရာတွင် အားလုံးပါဝင်သည့် လုပ်ငန်းစဉ် တစ်ရပ် လို အပ်ပါ သလား၊

    လိုအပ်ပါသည်။ နယ်ပယ် ဧရိယာများတွင် မူဝါဒေရးရာ၊ နိုင်ငံရေးရာနှင့် နည်းပညာရေးရာ ဆုံးဖြတ်ချက်များဖြင့် ရေရှည်တည်တံ့စေမည့် လုပ်ဆောင်ချက်များ ပါဝင်သည့် လုပ်ငန်းစဉ် တစ်ရပ် လိုအပ်ပါမည်။ ကျွန်ုပ်တို့ဧ။် ထိန်းချုပ်နိုင်မှု အောက်တွင် အေကြာင်းအရာများ များစွာ ရှိပါသည်။ (ဥပမာ မြေအသုံးချမှု အေပါ်တွင် ချမှတ်မည့် ဆုံးဖြတ်ချက် သို့မဟုတ် စွမ်းအင်ဖြည့်ဆည်းမည့် မော် ဒယ်၊ သို့မဟုတ် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းများမှ အသုံးပြုနေသည့် အမူအကျင့် စသည်) နှင့် (နိုင်ငံကြီးများမှ ထုတ်လွှတ်မှုများကဲ့သို့) ကျွန်ုပ်တို့ ထိန်းချုပ်မှုမပြုနိုင်သည့် အခြားအရာများ ရှိ သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးပါဝင်သော တွေ့ဆုံညှိနှိုင်းမှုများအား ပြုလုပ်နိုင်သည်သာမက ကျွန်ုပ်တို့ပြောဆိုမည့် အေကြာင်းရင်းများကို သိရှိကြားနာစေမည်ဖြစ်ပါသည်။ ယင်းအတွက် စွမ်း ဆောင်ရည်များ တိုးတက်ကောင်းမွန်ရန် နှင့် ရန်ပုံငွေ ပြည့်ဝရန် လိုအပ်မည်ဖြစ်ပါသည်။

    ကမ္ဘာ့နိုင်ငံများအဆင့်တွင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အသစ်ဖြစ်သည့် “ စွမ်းအင်၊ စက်မှု၊ စိုက်ပျိုးရေး ဆိုင်ရာ စနစ်ကြီးများ လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ကြီးမား စွာ ပြောင်းလဲခြင်း အတွက် အောင်မြင်မှုရရှိစေရန်မှာ ယေန့ လူသားများ ရင်ဆိုင်တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ၊ ဖွဲ့စည်းပုံဆိုင်ရာ နှင့် ငွေကြးဆိုင်ရာ စိန်ခေါ်မှုများ အဖြစ် ကိုယ်စားပြုတွေ့ကြုံ ရမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲခြင်းအား ထိန်းချုပ် ဆောင်ရွက်နိုင်ရန် ခက်ခဲရှုပ်ထွေး သော နှင့် အပြန်အလှန်ချိတ်ဆက်ထားသော မူဝါဒ အစုံ စုစည်းမှု သာမက နည်းပညာ အသစ်များ ဖွံ့ဖြိုးပေါ်ပေါက်လာမှုနှင့် သုတေသနလုပ်ငန်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာ လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်ရန်အလို့ငှာ ပံ့ပိုးကူညီမှုများ၊ စွမ်းအင် အား လုံလောက်သော ဈေးနှုန်းသတ်မှတ်ခြင်း နှင့် အတူ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအတွက် ထောက်ပံ့မှုများ ရပ်ဆိုင်းခြင်း၊ ကာဗွန်ဒိုင်အောက် ဆိုဒ် ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပေါ်လာ သော ပြင်ပဝန်းကျင်အား ပျက်စီးစေမှုအား ရောင်ပြန်ဟပ် စေရန် (ကာဗွန် ထုတ်လွှတ်မှု အခွန် ကဲ့သို့ ) လူမှုရေးဆိုင်ရာ ဈေးနှုန်းသတ်မှတ်ခြင်း များလည်း လို အပ်မည်ဖြစ်ပါသည်၊ (Source)

    သို့ရာတွင် အဆိုပါလုပ်ငန်းများသည် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ယင်း၏ ပတ်ဝန်းကျင် နှင့် သဘာဝသယံဇာတများအား စီမံအုပ်ချုပ်မှု အရည်အေသွးအတွက် လုပ်ဆောင်ပေးရန် များပြားလွန်းသောကြောင့်ဖြစ်ပါသည်။

    အများပြည်သူ နှင့် ပုဂ္ဂလိက အခန်းကဏ္ဍတွင် အများသေဘာတူသည့် လုပ်ငန်း ဆောင်ရွက်ချက်များ နှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲရုံမျှမက နိုင်ငံတကာ အဖွဲ့များ၏ ပံ့ပိုးကူညီမှုများအတွက် မျှော်မှန်း ချက် အမြင် တစ်ရပ်လည်း လိုအပ်ပါသည်။ ယင်းအေကြာင်းရင်းကြောင့် ဝန်ကြီးဌာနများ အဆင့်တွင် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကော်မီတစ်ရပ် ဖွဲ့စည်း တည်ရှိပြီး ရာသီဥတု ပြောင်းလဲခြင်း အေပါ် လုပ်ဆောင်မည့် လုပ်ငန်းများကို ကြီးကြပ်လျက်ရှိပါသည်။ ထိုနည်းတူ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ အစီအစဉ်အောက်တွင် နည်းပညာ ဆိုင်ရာ လုပ်ငန်းအဖွဲ့အား ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ လုပ်ငန်းရှင်များ၊ တက္ကသိုလ်များ စုစည်းပါဝင်လျက် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ အဆိုပါအဖွဲ့သည် နည်းပညာဆိုင်ရာ လုပ်ဆောင်သူများအဖြစ် မတူညီသည့် နယ်ပယ်ဧရိယာ (၆) ခုတွင် စည်းရုံးလှုံ့ဆော် ဆောင်ရွက်မည်ဖြစ်ပါ သည်။

  • တိရစ္ဆာန်မွေးမြူရေး၊ ငါးလုပ်ငန်း တို့အပါအဝင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊
  • ဇီဝမျိုးစုံမျိုးကွဲ၊ ရေ၊ သစ်တော နှင့် ခရီးသွားလုပ်ငန်း အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ စီမံခန့်ခွဲမှု၊
  • စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်း၊
  • မြို့ပြတိုးချဲ့ခြင်း၊ လူများ အခြေချနေထိုင်ခြင်း နှင့် အဆောက်အဦများ၊
  • သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ပြည်သူလူထုကျန်းမာရေး နှင့် ကြိုတင်သတိပေးချက် ထုတ်ပြန်သည့် စနစ်များ၊
  • ပညာရေး၊ အသိပညာပေးလုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာ၊

  • လက်တွေ့တွင် ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်အချို့အား မီးမောင်းထိုးပြနိုင်ပါသလား

    ပထမဦးစွာ ရာသီဥတုပြောင်းလဲခြင်းဧ။် ဖြစ်နိုင်ဖွယ် အကျိုးဆက်များ နှင့် ရာသီဥတုပြောင်းလဲခြင်း မှ လျော့နည်းသက်သာစေရန် ရနိုင်သည့် အခွင့်အလန်းများအေပါ် ပိုမိုသိမြင်နားလည်ရန်နှင့် ဆုံးဖြတ် ချက်ချမှတ်သူများ မှ အောက်ခြေဒသခံပြည်သူအထိ အဆင့်တိုင်းအဆင့်တိုင်းတွင် လက်ရှိ နှင့် အနာဂတ်ကာလအတွက် ပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်စေရန် လိုအပ်ပါသည်။ အစိုးရ အဖွဲ့အစည်း၊ ကဏ္ဍအလိုက်တွင် မူဝါဒချမှတ်သူများနှင့် ဆုံးဖြတ်ချက်ချမှတ်သူများ၊ စက်ရုံ အလုပ်ရုံနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ အားလုံး ပါဝင်ပြီး ၎င်းတို့ဧ။် သက်ဆိုင်ရာ အခန်းကဏ္ဍများ နှင့် လုပ်ငန်းတာဝန်များအတွက် စည်းရုံး ဆော်သြခြင်းတစ်ရပ် လိုအပ်ပါသည်။ လိုက်လျောညီထွေဖြစ်စေရးအတွက် မည်သည့်အခွင့်အလန်း များရှိသနည်း၊ အဖွဲ့အစည်းတစ်ရပ်အေနဖြင့် ကျွနုပ်တို့ဧ။် အခန်းကဏ္ဍသည် မည်သို့ ပါဝင်နိုင်သ နည်း၊ ကဏ္ဍအလိုက်တွင် ကျွန်ုပ်တို့ဧ။် အခန်းကဏ္ဍသည် မည်သို့ဖြစ်သနည်း၊ လူ့အဖွဲ့အစည်း ဧ။် အဖွဲ့ဝင်များ သည် မည်သည့် အခန်းကဏ္ဍတွင်ပါဝင်သနည်း၊ ထိုနည်းတူ အေရးကြီးသည့် အချက်မှာ လုပ်ဆောင်ချက်များ မပြုလုပ်ပါက မည်သည့် အန္တရာယ်များ ရှိနိုင်သနည်း၊ ကျွန်ုပ်တို့ဧ။် ကဏ္ဍများ အား ရာသီဥတုပြောင်းလဲခြင်းကြောင့် မည်သို့မည်ပုံ ဆိုးကျိုးသက်ရောက်နိုင်ပါသနည်း၊ ကျွန်ုပ်တို့ဧ။် စားဝတ်နေရး၊ ထုတ်လုပ်မှုလုပ်ငန်းများနှင့် စီးပွားရေးသည်လည်း ရာသီဥတုပြောင်းလဲခြင်းကြောင့် မည်သည့် အကျိုးသက်ရောက်မှုများရှိနိုင်သနည်း၊ ရာသီဥတုပြောင်းလဲခြင်းအား ရင်ဆိုင်ဖြေရှင်းရန် မည်သည့် အခွင့်အလန်းများ ရှိပါသနည်း၊ စသည့် မေးခွန်းများဖြစ်ပါသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်း မီတ်ဖက်များ နှင့် အစိုးရ တို့သည် အမြင်ဖွင့် အသိပညာပေး စာစောင်များ၊ campaigns များ၊ စာအုပ်စာတမ်းများ အား အသိပညာ မြင့်မားတိုးတက်ကောင်းမွန်စေရန် စုစည်း ဖော်ထုတ်ပြုစုနိုင်ပါသည်။ လေ့လာမှုများ ပိုမို ပြုလုပ်ရန် လိုအပ်ပြီး တွေ့ရှိချက်များအား အချင်းချင်း ဝေမျှဖလှယ် ရမည်ဖြစ်ပါသည်။

    ဒုတိယအချက်အေနဖြင့် သဟဇာတဖြစ်သော(အံဝင်ခွင်ကျဖြစ်သော) လုပ်ငန်းအစီအစဉ်များ၊ လမ်း ညွှန်ချက်များ၊ ကဏ္ဍအသီးသီးအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်ပါသည်။ မြန်မာ နိုင်ငံ သည် ဒီမိုကေရစီ ဝန်းကျင်အတွင်းရှိ ဖွံ့ဖြိုးတိုးတက်ရေးကို အေထာက်အကူဖြစ်စေရန် လိုအပ်သော မူဝါဒ၊ မဟာဗျူဟာ မြောက် နှင့် ဥပေဒ နည်းလမ်းများ တည်ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများအား အေကာင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်အား လွှမ်းခြုံသည့် မူဘောင်တစ်ရပ်အဖြစ် ထားရှိကာ ရာသီဥတုပြောင်းလဲမှု လုပ် ဆောင်ချက်များအား စီမံအုပ်ချုပ်ရန် မူဝါဒများ အားလုံး နှင့် ဆက်စပ် လုပ်ထုံးလုပ်နည်း နည်းလမ်း များ အားလုံးကို ဖွဲ့စည်း တည်ဆောက်ရန် လိုအပ်ပါသည်။ ထို့ပြင် အေရးကြီးသည်မှာ ရာသီဥတု ပြောင်းလဲမှု အား ရင်ဆိုင်ဖြေရှင်းနေချိန်တွင် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေရန် ရည်မှန်းချက် များ နှင့် ကိုက်ညီနေစေရးအလို့ငှာ အဓိကကျ သည့်ကဏ္ဍ အသီးသီးတွင် အမျိုးသားအဆင့် မဟာဗျူ ဟာ နှင် ့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ခြုံငုံလျက် ကျွန်ုပ်တို့ ရေးဆွဲရမည်ဖြစ်ပါသည်။ ယင်းတွင် ကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ သစ်တောရေးရာ၊ ရေသယံဇာတ အရင်းအမြစ်များ၊ လူများ အေခြချေနထိုင်ခြင်း စသည်တို့ အခြားကဏ္ဍများအနက် ပါဝင်ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံသည် အဘယ့်ကြောင့် အမျိုးသားအဆင့် ရာသီဥတု ပြောင်း လဲခြင်းဆိုင်ရာ မဟာဗျူဟာနှင့် ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ ရေးဆွဲနေရ ကြောင်း ထင်ရှားပါသည်။ မဟာဗျူဟာသည် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အဆင်သင့်ဖြစ်ပါမည်။ မဟာဗျူဟာသည် ကဏ္ဍအသီးသီးဧ။် အဓိကကျသည့် အားနည်းချက် အားသာချက်များအား ခွဲခြား သတ်မှတ်ပါမည်။ ၎င်းနောက် လမ်းပြေမြပုံ တစ်ခု ရေးဆွဲပြီး ဗဟို နှင် ့ကဏ္ဍအလိုက် အဆင့်များတွင် စွမ်းဆောင်ရည်များ မြှင့်တင်မည့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များဖြင့် ပံ့ပိုးပေးပါမည်။

    တတိယအချက်မှာ ရာသီဥတု ပြောင်းလဲခြင်းမှ လျော့နည်းသက်သာစေခြင်းနှင့်၊ လိုက်လျောညီထွေ ဖြစ်ခြင်းတို့အား ဖြစ်စေမည့် ရင်းနှီးမတည်မှုများပြုလုပ်ရန်နှင့် ကဏ္ဍအလိုက်များနှင့် လုပ်ငန်း အစီအစဉ်များတွင် နည်းပညာဆိုင်ရာ ဖြေရှင်းပေးမှုများဖြင့် စမ်းသပ်မှု ဆက်လက်ပြုလုပ်ရန် လိုအပ် ပါသည်။ သစ်တောများပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းနိမ့်ကျခြင်းမှ ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်း (REDD+)၊ အိုဇုန်းအလွှာ စီမံချက်များ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ အစီအစဉ် ကုလသမဂ္ဂဧ။် အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်း မိတ်ဖက်များနှင့် အစိုးရ အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်သည့် သဘာဝေဘးအန္တရာယ်လျှော့ချေရး နှင့် ရာသီဥတု ပြောင်းလဲမှုမှ လိုက်လျောညီထွေဖြစ်စေရး အစီအစဉ်များသည် အလွန်တစ်ရာ အေရးကြီးလှ ပါသည်။ အဆိုပါဧရိယာ နယ်ပယ်များအတွင်း ကျွမ်းကျင်သူများနှင့် လက်တွေ့လုပ်ဆောင် နေသူများ အများအပြား ရရှိရေး ဖော်ဆောင်လျက်ရှိပါသည်။ နည်းပညာ ဆိုင်ရာ နှင့် နည်းပညာ ရပ် ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဖြစ်စေရန် အလွန်အင်မတန် အေရးကြီးပါသည်။

    စတုတ္တအချက်အေနဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများ၊ ဒေသခံပြည်သူများ၊ မိသားစု များ၊ အစုအဖွဲ့များဧ။် အဖွဲ့ဝင်များသည် ရာသီဥတုပြောင်းလဲခြင်း အား လိုက်လျောညီထွေဖြစ်စေရး လေ့လာရမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ ရေ စီမံခန့်ခွဲ သုံးစွဲမှု၊ တည်ဆောက်ရေးလုပ်ငန်း၊ သဘာဝသယံဇာ တများအား စီမံခန့်ခွဲမှု တို့သည် အခြားအရာများအနက် ရေရှည်တည်တံ့စေသာ အေလ့အကျင့်များ ဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သော အေလ့အကျင့်ကောင်း များ အများအပြားရှိကြောင်း မှတ်တမ်းတင်ထားပြီး ယင်းအေပါ်မှ ရင်းနှီးမြှုပ်နှံ မ တည်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။

    ပဉ္စမေမြာက်အချက်အေနဖြင့် ရာသီဥတုပြောင်းလဲမှုအား ကျော်လွှားရန် တစ်ကမ္ဘာလုံးမှ ကြိုးပမ်း အားထုတ်မှုတွင် ဆောင်ရွက်မည့် လုပ်ငန်းများဖြင့်သာမက ရာသီဥတုဆိုင်ရာ သံခင်းတမန်ခင်း အေနဖြင့် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအေနဖြင့် ကမ္ဘာကြီးပူနွေးလာမှုမှတဆင့် ရာသီဥတုတွင် ပြောင်းလဲမှု ဖြစ်ပေါ်လာစေရာတွင် အနည်းဆုံး ပါဝင်သည်မှာ မှန်သော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုအား ရပ်တံ့သွားစေရန်နှင့် ပြောင်းလဲမှု များကို အေကာင်းဆုံး လိုက်လျောညီထွေဖြစ်စေရန် တစ်ကမ္ဘာလုံးဧ။် ဆောင်ရွက်မှုများ တွင် အပြုသေဘာဆောင်သည့်ကဏ္ဍမှ ပါဝင်ရန် ကတိကဝတ်ပြုထားပြီး ဖြစ်ပါသည်။ အခြား တစ်ဖက်တွင်လည်း ညှိနှိုင်းသည့် အစည်းအေဝးစားပွဲတွင် ဝင်ရောက်ဆွေးနွေးညှိနှိုင်းခြင်းသည် မြန်မာ နိုင်ငံအတွက် မိမိနိုင်ငံနှင့် အေခြအေနချင်းတူညီသည့် အခြားနိုင်ငံများနှင့် ကိုက်ညီမှုဖြစ်စေမည့် မိမိဧ။် အေခြအေနအား ဖော်ပြနိုင် အတိုက်အခံဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် ဥပမာအားဖြင့် ၎င်းဧ။် များပြားကျယ်ပြန့်လှေသာ သစ်တောဖုံးလွှမ်းမှုများကြောင့် ကာဗွန်စုပ်ယူသိုမှီး သည့် “ carbon sink” နိုင်ငံတစ်နိုင်ငံအဖြစ် စဉ်းစားလျက်ရှိပါသည်။ အလင်းရောင်ဖြင့် အစာ ချက်လုပ်ခြင်း (photosynthesis)ကြောင့် သစ်တောများသည် လေထုအလွှာများအတွင်းရှိ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် ဓာတ်ငွေ့များအနက် တစ်ခုအပါအဝင်ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များအား စုပ်ယူပေးပါသည်။ ဤအချက်သည် အဘယ့်ကြောင့် မြန်မာနိုင်ငံ အေနဖြင့် ယင်းဧ။် သဘာဝသယံဇာတအရင်းအမြစ်များကို အကျိုးရှိရှိစီမံခန့်ခွဲအုပ်ချုပ်ရန် စွမ်းဆောင်ရည်များ နောက်ထပ် လိုအပ်ကြောင်း နှင့် နိုင်ငံအဆင့်တွင် မြေအသုံးချမှု ဟန်ချက်ညီညီ ဖြစ်စေရ လုပ်ငန်းများ အေရးကြီးကြောင်းတို့ကို ပေါ်လွင်စေပါသည်။ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် သည် နိုင်ငံတစ်ခုလုံး ဧရိယာဧ။် ၄၀ ရာခိုင်နှုန်းသည် သစ်တောမြေအဖြစ် ထိန်းသိမ်းရန်ရည်ရွယ် ထားပါသည်။ ဤအချက်သည် တစ်ကမ္ဘာလုံးဧ။် ကြိုးပမ်းမှုများတွင် တိုက်ရိုက်ပါဝင်မှု တစ်ခု ဖြစ်ပါ သည်။ ထိုနည်းတူ မြန်မာနိုင်ငံမှ ဖော်ထုတ်လက်ခံကျင့်သုံးမည့် ထုတ်လုပ်မှု နှင့် သုံးစွဲမှု အမူအကျင့်ပုံစံများသည်လည်း ရာသီဥတုပြောင်းလဲခြင်းအား လိုက်လျောညီထွေဖြစ်စေရန်နှင့် တစ် ကမ္ဘာလုံးဧ။် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လုပ်ကိုင်နိုင်သည့် စွမ်းရည်များအေပါ် အပြုသေဘာဆောင်သည့် သို့မဟုတ် အပျက်သေဘာဆောင်သည့် အကျိုးဆက် များဖြစ်ပေါ်စေပါမည်။

    မြန်မာနိုင်ငံဧ။် နိုင်ငံတကာအဆင့် နှင် ့နိုင်ငံအဆင့် စိတ်ဝင်စားမှုများအား ပါဝင်ဆောင်ရွက်မှု အဖြစ် ထည့်ဝင်ခြင်းအား နိုင်ငံအလိုက် ရည်မှန်းထားသည့် ဆုံးဖြတ်ထားသော ပါဝင်ဆောင်ရွက်မှု (Intended Nationally Determined Contribution (INDC))တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်း ကို ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC)သို့ တင်ပြခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲဝင်နိုင်ငံများ ညီလာခံ COP 21 ၌ ဆွေးနွေးတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံ သည် ဒုတိယြေမာက် အမျိုးသားအဆင့် ဆက်သွယ်တင်ပြချက်အစီရင်ခံစာကို လည်း UNFCCC သို့ ဆက်လက်တင်ပြရန် ပြင်ဆင်လျက်ရှိပြီး ယင်းသည် တစ်နိုင်ငံလုံးဧ။် ကာဗွန်ထုတ်လွှတ်မှု အေကြာင်း အရာအား ထင်ဟပ်စေမည်ဖြစ်ပါသည်။


    မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ (MCCA) ဆိုသည် မှာ မည်သူနည်း၊ မည်သည့်အဖွဲ့နည်း။

    မြန်မာနိုင်ငံသည် ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်းအဖွဲ့ Global Climate Change Alliance (GCCA) မှ ရန်ပုံငွေ အေထာက်အပံ့များ ရရှိပါသည်။ ယင်း အဖွဲ့သည် ၂၀ဝ၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်လွယ်မှု အများဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ (LDCs) နှင့် ရာသီဥတုပြောင်းလဲမှုဧ။် ဆိုးကျိုးများ ပြင်းထန်စွာ ထိခိုက်နိုင်သည့် ဖွံ့ဖြိုးဆဲ ကျွန်းငယ်နိုင်ငံများ (SIDS) နှင့် ဥရောပသမဂ္ဂ တို့အကြား ရာသီဥတုပြောင်းလဲမှုအေပါ် ပူးပေါင်းဆောင်ရွက်မှုများ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုအားကောင်း စေရန် ရည်ရွယ်ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်ဧ။် ရည်ရွယ်ချက်သည် ကြိုတင်တွေ့မြင် နေရေသာ လုပ်ငန်းများနှင့် ဖြစ်ပေါ်လာသည့် ရလဒ်များအေနဖြင့် ဥရောပသမဂ္ဂဧ။် ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့ (GCCA)ဧ။် မူလ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိပြီး ယင်း သည် ရည်မှန်းထားသည့် နိုင်ငံများအား ဦးစားပေးဖြစ်သော လိုက်လျောညီထွေဖြစ်စေရးနှင့် လျော့နည်း သက်သာစေရး နည်းလမ်းများ အားအေကာင်အထည်ဖော်ရာတွင်လည်းကောင်း ၎င်းနိုင်ငံများဧ။် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အေကြာင်းအရာများ ထည့်သွင်းပေါင်းစပ်ရာတွင်လည်းကောင်း ပံ့ပိုးကူညီမှု ခြေလှမ်းများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက် ရမည်ဖြစ်ပါသည်။

    မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ (MCCA) အစီအစဉ်သည် မြန်မာနိုင်ငံ အစိုးရနှင့် အေရးကြီးသည့် အစီအစဉ်တစ်ခုကဲ့သို့ ပုံစံဒီဇိုင်းရေးဆွဲထားပါသည်။ ရာသီဥတုပြောင်းလဲ မှုအား ရင်ဆိုင်ဖြေရှင်းရာတွင် ခြုံငုံမျှော်မှန်းထားသည့် ရလဒ် ၃ ခု အား အောင်မြင်စွာ ရရှိရေးအတွက် အဖွဲ့အစည်းဆိုင်ရာ နှင့် နည်းပညာဆိုင်ရာ စွမ်းရည်များ မြှင့်တင်ပေးရန်ဖြစ်ပါသည်။

    • မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊နှင့် ပုဂ္ဂလိက အခန်းကဏ္ဍတို့သည့် ရာသီဥတုပြောင်းလဲမှု နှင့် ဆက်နွယ်ချက်များအား ပိုမို သိမြင်နားလည်ရမည်ဖြစ်ပါသည်။
    • အစိုးရ အဖွဲ့အစည်းတွင် မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များနှင့် လုပ်ကိုင်ဆောင် ရွက်မှုများတွင် ရာသီဥတုပြောင်းလဲမှု စဉ်းစားမြော်မြင်ချက်များ ထည့်သွင်းပေါင်းစပ်ရန် လိုအပ်သည့် စွမ်းရည်များနှင့် ပံ့ပိုးကူညီမှုများရှိပါသည်။
    • နိုင်ငံ နှင့် အောက်ခြေအဆင့် လုပ်ငန်းများ မှ ဆွဲထုတ်ထားသည့် ရာသီဥတုပြောင်းလဲခြင်းအေပါ် သင်ခန်းစာများသည် မူဝါဒ ချမှတ်ခြင်းကို လွှမ်းမိုးနိုင်ပြီး ယင်းသင်ခန်းစာများကို ဆက်စပ်ကဏ္ဍ များတွင် သက်ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သူများနှင့် ဆက်သွယ်တင်ပြပါသည်။

    MCCA သည် ကုလသမဂ္ဂ ဆိုင်ရာ လူ အေခြချေနထိုင်ရေး အစီအစဉ် (UN-Habitat) နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် ဆိုင်ရာ အစီအစဉ် (UNEP) တို့ ပူးပေါင်းအေကာင်အထည်ဖော်ခြင်းဖြစ်ပြီး ၊ ဥရောပ သမဂ္ဂမှ ရန်ပုံငွေ ပံ့ပိုးပေးပါသည်။ ယင်းသည် ၂၀၁၃ ခုနှစ်မှ စတင်ကာ ၄ နှစ်ကြာ အင်ပြည့်အားပြည့် အေကာင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

    အဓိက အစိုးရ မိတ်ဖက်အဖွဲ့အစည်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနဖြစ်သော်လည်း ယင်းဧ။် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ နှင့် အစီအစဉ် ကြီးကြပ်မှု ကော်မီတီ တို့တွင် ဆက်စပ် ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်း များနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့များ မှ ကိုယ်စားလှယ်များလည်း ပါဝင်ကြပါသည်။