ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု နှင့် မြန်မာနိုင်ငံ၏ အခြေအနေ

လေ့လာတွေ့ရှိရသော ပြောင်းလဲမှုများ နှင့် ဘေးအန္တရာယ်များ

မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိရသည့် ရာသီဥတု ပြောင်းလဲမှုနှင့်ဆက်စပ်သော ဘေးအန္တ ရာယ်များတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်−

 မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက် အကျိုးသက်ရောက်မှုများ

အတိတ်တွင်ဖြစ်ခဲ့သော၊ လက်ရှိတွေ့ကြုံနေရသော၊ အနာဂတ်တွင် ကြုံတွေ့နိုင်သော ပြောင်းလဲမှု များသည် မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာ ထုတ်လုပ်မှုများအပေါ်၌ များစွာ အကျိုးဆက်များဖြစ်ပေါ်လာနိုင်ပါသည်။

လေ့လာတွေ့ရှိရသော ပြောင်းလဲမှုများ နှင့် ဘေးအန္တရာယ်များ

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း လေ့လာတွေ့ရှိရသည့် ပြောင်းလဲမှု အတွေ့အကြုံ များတွင် ဆယ်စုနှစ် တစ်စုတိုင်း၌ မြန်မာနိုင်ငံတစ်ခုလုံးတွင် ပျမ်းမျှအပူချိန် (၀.၀၈ ဒီဂရီ စင်တီဂရိတ်) တိုးမြင့်လာခြင်း၊ စုစုပေါင်းမိုးရေချိန် (၂၉−၂၁၅ မီလီမီတာ) ဆယ်စုနှစ်တိုင်း မြင့်တက်လာခြင်း၊ တို့ ပါ ဝင်ပါသည်။ အရေးကြီးသည်မှာ မုတ်သုန် ရာသီ အချိန်ကာလ ပြောင်းလဲလာခြင်း အား လေ့လာတွေ့ ရှိရသည့်နည်းတူ ထူးကဲမိုးလေဝသအဖြစ်အပျက်များ၏။

အကြိမ်အရေအတွက်နှင့် ပြင်းထန်မှုတို့တွင် ပါ ပြောင်းလဲလာသည်ကို လေ့လာတွေ့ရှိရပါသည် (NAPA, ၂၀၁၂)။ ပို၍ တိကျစွာ ပြောရမည် ဆိုပါက မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိရသည့် ရာသီဥတု ပြောင်းလဲမှုနှင့်ဆက်စပ်သော ဘေးအန္တ ရာယ်များတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်−

မိုးခေါင်မှု ဖြစ်စဥ် ဖြန့်နှံ့မှု မြင့်တက်လာခြင်း

  • ၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များတွင် မိုးခေါင်သည့် နှစ်များ မကြာခဏ ကြုံခဲ့ရ ပြီး ၂၀၁၀ ခုနှစ်တွင် ဆိုးရွားသော မိုးခေါင်မှုဖြစ်ပွားခဲ့ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း/လေပြင်းတိုက်ခတ်ခြင်း တို့တွင် ပြင်းထန်မှု နှင့် အကြိမ်အရေအတွက် များတိုးပွားလာခြင်း

  • ၁၈၈၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ၊ ဘင်္ဂလားပင်လယ်အော်တွင် အပူပိုင်းမုန်တိုင်း ၁၂၄၈ ကြိမ် ဖြစ်ပေါ်ခဲ့ပါသည်။ ယင်းအပူပိုင်းမုန်တိုင်းများအနက် အလုံး ၈၀ ခန့် (စုစုပေါင်း၏ ၆.၄ ရာခိုင်နှုန်း) သည် မြန်မာနိုင်ငံ ကမ်းခြေသို့ ရောက်ရှိခဲ့ပါသည်။
  • မှတ်သားထားသည့် လတ်တလောတိုက်ခတ်ခဲ့သည့်မုန်တိုင်းများတွင် ဆိုင်ကလုန်း မာလာ (၂၀၀၆)၊ နာဂစ် (၂၀၀၈)နှင့် ဂီရိ (၂၀၁၀) တို့ ပါဝင်ပါသည်။
  • ဆိုင်ကလုန်းမုန်တိုင်း နာဂစ်သည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအား ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့ပါသည်။ ယင်းကြောင့် လူပေါင်း ၁၃၈၃၇၃ ဦး သေဆုံးခဲ့ ရပြီး လူပေါင်း ၂.၄ သန်းခန့်အား ထိခိုက်စေခဲ့ပါသည်။
  • ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ် အား ဝင်ရောက်ခဲ့ပြီး အိုးအိမ် စုစုပေါင်း ၂၁၂၄၂ အိမ် ပျက်စီးဆုံးရှုံးကာ လူဦးရေ ပေါင်း ၂၂၄၂၁၂ ဦး အား ထိခိုက်စေခဲ့ပါသည်။

မိုးရွာသွန်းမှု ပုံသဏ္ဍာန် မတည်ငြိမ်မှု နှင့် စံချိန်တင်မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဥ်များ

  • ၁၉၆၀−၂၀၀၉ ကာလအတွင်း မိုးရွာသွန်းမှု ပုံစံပြောင်းလဲခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှု အများအပြားဖြစ်ခြင်း တို့သည် မိုးရွာသွန်း သည့် ကာလတိုအတွင်း ဖြစ်ခဲ့ပါသည်။
  • ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုများဖြစ်ပေါ်ခဲ့ ပါသည်။

ရေကြီးရေလျှံမှုများနှင့် ပင်လယ်ရေလှိုင်းကြီးမှုများ ဖြစ်ပေါ်မှု မြင့်တက်လာခြင်း

  • ၁၉၁၀ ခုနှစ်မှ ၂၀၀၀ခုနှစ်တွင် နိုင်ငံအတွင်း၌ အဓိက ရေကြီးရေလျှံမှု ၁၂ ကြိမ် ဖြစ်ပေါ်ခဲ့ပါသည်။
  • ၂၀၀၁ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဝမ်းတွင်းမြို့နယ်တွင် ဆိုးရွားသော ရေကြီးမှု ဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ မျောပါသွားခဲ့ပါသည်။
  • ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင် ရှမ်းပြည်နယ်၊ ဇော်ဂျီ မြစ်တွင် နှစ်ပတ်ကြာမျှ ရေကြီးမှုဖြစ်ပွားခဲ့ပြီး ကြီးမားသော ဆုံးရှုုံးမှုများ ဖြစ်ခဲ့ပါသည်။
  • ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုဖြစ်ပေါ်ကာ ရခိုင်ပြည်နယ်ရှိ လယ်များတွင် သဲနှုန်းပို့ချမှုများ ဖြစ်ခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတွင် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူ ၁.၆ သန်းခန့် ရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၁၂၀ ခန့် သေဆုံးခဲ့ကာ စိုက်ပျိုးရေး နှင့် အိုးအိမ် အဆောက်အဦးများ ပျက်စီး ဆုံးရှုံးခဲ့ရပါသည်။

အပူချိန် လွန်ကဲမှု ဖြစ်စဥ် များပြားလာခြင်း

  • ၂၀၁၀ ခုနှစ်၊ နွေရာသီတွင် လူဦးရေ ၁၄၈၂ ဦးသည် အပူချိန်လွန်ကဲခြင်းနှင့် ဆက်စပ် သည့် ဖျားနာမှုများ ရှိကြောင်း မှတ်တမ်းတင်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် လူဦးရေ ၂၆၀ ဦး ခန့် အပူချိန်လွန်ကဲမှုကြောင့် သေဆုံးခဲ့ရပါသည်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း

  • ၂၀၀၁ ခုနှစ် နှင့် ၂၀၁၀ ခုနှစ် အတွင်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း ကြောင့် စိုက်ပျိုးမြေများ ရေနစ်မြုပ်ခြင်းနှင့် မြေအောက်ရေ ညစ်ညမ်းခြင်းများ ဖြစ်ပွားခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက် အကျိုးသက်ရောက်မှုများ

အတိတ်တွင်ဖြစ်ခဲ့သော၊ လက်ရှိတွေ့ကြုံနေရသော၊ အနာဂတ်တွင် ကြုံတွေ့နိုင်သော ပြောင်းလဲမှု များသည် မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ရေးရာ ထုတ်လုပ်မှုများအပေါ်၌ များစွာ အကျိုးဆက်များဖြစ်ပေါ်လာနိုင်ပါသည်။ ဥပမာအားဖြင့် အပူပိုင်းဇုန်ဒေသတွင် အပူချိန် မြင့်တက်လာခြင်းသည် စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍ၌ ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်ပေါ် လာပြီး အကျိုးဆက်အားဖြင့် နေရာရွှေ့ပြောင်း ခြင်း နှင့် ဝင်ငွေရမည့်လုပ်ငန်းအသစ်များရှာဖွေခြင်း တို့ ဖြစ်စေပြီး မိုးရွာသွန်းမှု ပုံစံများ ပြောင်းလဲခြင်း နှင့် ပိုးမွှားများ ပိုမိုကျရောက်ခြင်း စသည်တို့၏ အကျိုးဆက်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ (MCCA) အစီအစဥ်သည် မြို့နယ် ၂၃ မြို့ ပါဝင်သည့် ပြည်နယ် နှင့် တိုင်းဒေသကြီး ၅ ခုတွင် ရာသီဥတုပြောင်းလဲခြင်း၏ ဘေးအန္တရာယ်များ ကို လေ့လာခဲ့ရာ အောက်ဖော်ပြပါ ပုံအတိုင်း ဖော်ပြနိုင်ပါသည်−
Sectoral Impact in MMပို၍ တိကျစွာ ဆိုရလျှင် အောက်ဖော်ပြပါ အကျိုးသက်ရောက်မှုများသည် အကယ်၍ ရာသီဥတု ပြောင်းလဲခြင်းအတွက် ကြိုတင်ခန့်မှန်းထားခြင်း မှန်ကန်မည်ဆိုပါက တွေ့ကြုံပြီး အကျိုးသက် ရောက်မှုများ အဖြစ်သော်လည်းကောင်း ကြိုတင်ခန့်မှန်းထားသည့် အကျိုးသက်ရောက်မှု အဖြစ် သော်လည်းကောင်း ဖော်ပြနိုင်ပါသည်။

(၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အစားအစာ ဖူလုံမှု

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများသည် စိုက်ပျိုးရေးကဏ္ဍအား များစွာ တည်မှီလျက် ရှိပြီး များသောအားဖြင့် မိုးကောင်းသောက် ဧရိယာများသာဖြစ်ပါသည်။ ရာသီဥတု ပြောင်းလဲခြင်း သည် ယင်းအတွက်ကြောင့် ဤအရေးကြီးသည့် ကဏ္ဍအတွက် ကြီးမားသော အကျိုးသက်ရောက်မှု များရှိနေပါသည်။ ယင်းတွင် အောက်ဖော်ပြပါ အချက်များ ပါဝင်နိုင်ပါသည် (NAPA၊ ၂၀၁၂ အပါအဝင် ရင်းမြစ်မျိုးစုံ)

စိုက်ပျိုးထုတ်လုပ်မှုများအပေါ် အကျိုးသက်ရောက်မှု

အကျိုးသက်ရောက်မှုများကို နည်းလမ်း (၃) သွယ်ဖြင့် ခွဲခြား သတ်မှတ်နိုင်ပါသည်။ ၁) လက်ရှိ စိုက်ပျိုး ရေးနည်းပညာများနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများအပေါ်အကျိုးသက်ရောက်မှု၊ ၂) ပြင်းထန်သော ဘေးအန္တရာယ်များကြောင့် စိုက်ပျိုးရေးအား မမျှော်လင့်ဘဲ ဖျက်ဆီးနိုင်ခြင်း သို့မဟုတ် သီးနှံ ထုတ်လုပ်နိုင်မှုမရှိခြင်း၊ ၃) ရေရှည်တွင် မြေဆီလွှာတိုက်စားမှုဖြစ်ပေါ်ခြင်း တို့ဖြစ်ပါသည်။ ဥပမာ ပေးရလျှင်

  • မြန်မာနိုင်ငံတွင် အပူချိန်တိုးလာခြင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နှင့် စားနပ်ရိက္ခာဇူလုံမှု အပေါ် ဆိုးကျိုးများသက်ရောက်နိုင်ကြောင်း မျှော်မှန်းရပါသည်။
  • မြစ်ဝကျွန်းပေါ်နှင့်ဆက်စပ်ဒေသ နှင့် ကမ်းရိုးတန်းဒေသ စပါးစိုက်ဧရိယာများသည် ဆားငန် ရေ ဝင်ရောက်ခြင်း၊ ကမ်းရိုးတန်းတိုက်စားခြင်း နှင့်  ရေနစ်မြုပ်ခြင်း ဖြစ်ပွားနိုင်ပါသည်။
  • အပူချိန် လွန်ကဲစွာ မြင့်တက်လာခြင်းသည် အပူပိုင်းဇုန်ဒေသတွင် ပြဿနာများ ဖြစ်ပေါ် လျက်ရှိပြီး ဥပမာအားဖြင့် ၂၀၀၉ ခုနှစ်တွင် ပြင်းထန်သော အပူချိန်မြင့်တက်မှု ဖြစ်ပွားခဲ့ပြီး အဓိက သီးနှံပင်များ အပေါ် အကျိုးသက်ရောက်ခဲ့ပါသည်။ (ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး အစီအစဥ်၊ ၂၀၀၉)
  • ၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ပြင်းထန်စွာ မိုးခေါင်မှုကြောင့် ကျေးရွာ ရေအရင်းအမြစ်များ ခမ်းခြောက်ခဲ့ရပြီး ပဲလုံး၊ ကြံ၊ ခရမ်းချဥ် နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးခဲ့ရ ပါသည်။
  • ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်း ကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆန်တန်ချိန် ၁.၇ သန်းခန့် ဆုံးရှုံးခဲ့ရပါသည်။
  • ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင် ဇော်ဂျီမြစ် ရေကြီးခြင်းကြောင့် သီးနှံများ အကြီးအကျယ် ပျက်စီးခဲ့ရပါသည်။
  • ၂၀၀၇ ခုနှစ်တွင် စံချိန်ပြု ရေကြီးမှုကြောင့် စိုက်ပျိုးမြေ ၈၀၉၂၈၄ ဟက်တာခန့် ရေလွှမ်းခဲ့ပြီး ၅၀ ရာခိုင်နှုန်းကျော်ခန့် ပျက်စီးခဲ့ရပါသည်။
  • ၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ သဲနှုန်းပို့ချမှု အကြီးအကျယ်ဖြစ်ပွားခဲ့သဖြင့် စပါးပျိုးခင်း များပျက်စီးခြင်း နှင့် သီးနှံအထွက် လျော့ကျခြင်း တို့ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၆၄ သန်း တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။

ငါးလုပ်ငန်းကဏ္ဍတွင် အကျိုးသက်ရောက်မှု

  • ရာသီဥတုပြောင်းလဲခြင်းသည် ကမ်းရိုးတန်း နှင့် အဏ္ဏဝါ ပတ်ဝန်းကျင် တို့တွင် ဒီရေတော များ၊ သန္တာကျောက်တန်းများ နှင့် ပင်လယ်မြက်ခင်းများ အား ပျက်စီးစေပြီး ယင်းတို့သည့် ငါး ပုဇွန်ပေါက်ဖွားရာ မရှိမဖြစ်လိုအပ်သည့် နေရာများဖြစ်ပါသည်။
  • ဆိုင်ကလုန်းမုန်တိုင်းများကြောင့် ငါးဖမ်းလှေများ ပျက်စီးစေပြီး ကမ်းနီးကမ်းဝေးနှင့် ကုန်း တွင်းပိုင်း ငါးလုပ်ငန်းများအပေါ် ထိခိုက်ကာ စီးပွားရေး ဆုံးရှုံးမှုများကြီးမားစွာ ဖြစ်ပေါ် ခဲ့ပါသည်။ (NAPA၊ ၂၀၁၂)

မွေးမြူရေးလုပ်ငန်းကဏ္ဍ တွင် အကျိုးသက်ရောက်မှု

  • ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များသည်လည်း မွေး မြူရေးကို ပြင်းထန်စွာ ထိခိုက်စေပါသည်။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျွဲ၊နွားတိရစ္တာန်များ သေကြေပျက်စီးခဲ့ရပြီး တစ်ဘက်တွင်လည်း အပူချိန် ပြင်းထန်လွန်းသဖြင့် ခြေထောက်နှင့် ပါးစပ်တို့နှင့်စပ်ဆိုင်သည့် ရောဂါများဖြစ်စေသည့် ပိုးမွှားများနှင့် ရောဂါပြန့်ပွားမှုများ ဖြစ်ပွား စေပါသည်။ (NAPA၊ ၂၀၁၂)

(၂) ပတ်ဝန်းကျင်၊ သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ

  • မြန်မာနိုင်ငံသည် ဂေဟစနစ်မျိုးစုံဖြင့် ကြွယ်ဝလျက်ရှိပါသည်။ သစ်တော နှင့် ဂေဟစနစ် ဝန်ဆောင်မှုများကြောင့် လူမှုစီးပွားရေးကဏ္ဍများ နှင့် ကျေးလက်ဒေသ စားဝတ်နေရေးအား အထောက်အကူဖြစ်စေပါသည်။
  • နိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးလွတ်လပ်စွာ ကူးသန်းဆက်သွယ်နိုင်မှု နှင့် ကမ္ဘာကြီးဧ။် ဦးတည်မှုလမ်းကြောင်းများအပြင် ရာသီဥတုပြောင်းလဲမှု စသည်တို့မှ ဖြစ်ပေါ် လာသည့် ဖိအားပေးမှုများဖြင့် ပြောင်းလဲမှုမျိုးစုံကို ရင်ဆိုင်ဆောင်ရွက်လျက်ရှိပါသည်။
  • ပြောင်းလဲမှုဧ။် တွန်းအားများတွင် စွမ်းအင်နှင့်စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု၊ မြေအသုံးချမှု ပြောင်းလဲခြင်း နှင့် သစ်တောများ ပျက်စီးပြုန်းတီးမှု တို့ ပါဝင်ပါသည်။
  • ရေရှည်တည်တံ့မှု မဖြစ်သော စိုက်ပျိုးလုပ်ကိုင်မှု နှင့် သစ်တောဧရိယာများအတွင်း ကျူးကျော် ဝင်ရောက်မှု (ဥပမာ တောင်ယာခုတ်မီးရှိုု့ခြင်း) တို့သည် အဓိကကျသော ပတ်ဝန်းကျင်နှင့် စပ်ဆိုင်သည့် ဆက်နွယ်ချက်များဖြစ်ကြပါသည်။
  • ၁၉၈၉−၁၉၉၈ ကာလအတွင်း မြန်မာနိုင်ငံတွင် နှစ်စဥ် တောပျက်နှုန်း ခန့်မှန်း ၄၆၆၄၂၀ ဟက်တာ ခန့်ရှိပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုအတွင်း မြန်မာနိုင်ငံဧ။် သစ်တော ဂေဟစနစ်၏ ၃ ရာခိုင်နှုန်းကျော်ခန့် ဆုံးရှုံးခဲ့ရပါသည်။ (သစ်တောသယံဇာတ စစ်တမ်း ကောက်ယူခြင်း၊ FRA ၊ ၂၀၁၅)
  • အိမ်ထောင်စု များအားလုံး၏ ၆၉.၂ ရာခိုင်နှုန်းခန့်သည် ထင်း၊မီးသွေးကို အဓိက လောင်စာ စွမ်းအင်အဖြစ် အသုံးပြုကြပါသည်။ (စစ်တမ်း ၊ ၂၀၁၄)
  • သတ္တုတွင်းကဏ္ဍသည် မြန်မာနိုင်ငံ၏ အမျိုးသား ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) တွင် အနည်းငယ်သာပါဝင်သော်လည်း ယင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများအား သိသာ ထင်ရှားစွာ တိုးတက် ထိခိုက်လျက်ရှိပါသည်။
  • ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးသည် အဏ္ဏဝါနှင့် ပင်လယ်ကမ်းရိုး တန်းဒေသ ဂေဟစနစ်များကို ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများအား သိသာစွာ ဖြစ် ပေါ်စေပါသည်။
  • စက်မှုလုပ်ငန်းကဏ္ဍနှင့် ကျောက်မီးသွေး ထုတ်လုပ်မှုတို့သည်လည်း ပိုမိုတိုးချဲ့လာမည်ဖြစ် ပါသည်။
  • သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများကို အများဆုံး သုံးစွဲ သော ကဏ္ဍဖြစ်ပြီး ယင်းကဏ္ဍတွင် သုံးစွဲမှု အများအပြား တိုးမြှင့်လာနိုင်ကြောင်း ခန့်မှန်း ထားပါသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ထုတ်လွှတ်သော ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ ပမာဏသည် ၂၀၀၂ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း ရှိခဲ့ပါသည်။ (ကနဦး အမျိုးသား အစီရင်ခံစာ၊ INC၊ ၂၀၁၂)
  • ရာသီဥတုပြောင်းလဲမှုသည် ထိခိုက်ပျက်စီးလွယ်သော ဂေဟစနစ် သဟဇာတ ဖြစ်မှုအပေါ် များစွာ ထိခိုက်နိုင်ပါသည်။ ဂေဟစနစ်များဧ။် ဝန်ဆောင်မှုများသည် အပူချိန်၊ ဥတုအချိန်ရာ သီများ နှင့် ကမ္ဘာကြီးပူနွေးလာမှုများ၏ အခြား အကျိုးသက်ရောက်မှုများတွင် ပြောင်းလဲမှုများ ကြောင့် ထိခိုက်လွယ်မည်ဖြစ်ပါသည်။

ယင်းတို့အနက် မြန်မာနိုင်ငံတွင် သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေသယံဇာတများ မှာ ထိခိုက်တွေ့ကြုံရမည်ဖြစ်ပါသည်။ သို့ရာတွင် ပတ်ဝန်းကျင်နှင့်ဆက်စပ်နေသည့် ခရီးသွား လုပ်ငန်းကဲ့သို့ စီးပွားရေးကဏ္ဍသည်လည်း ပတ်ဝန်းကျင် ပျက်စီးပါက သို့မဟုတ် ပြောင်း လဲမှုများကြောင့် ထိခိုက်သွားပါက ဆုတ်ယုတ်မည့် အန္တရာယ်ရှိနေပါသည်။
မြေအပါအဝင် သယံဇာတများရှားပါးလာခြင်း သည် မြို့ပြနှင့် နိုင်ငံရေး ငြင်းခုံမှုများ မြင့်တက်လာနိုင်ပါသည်။

သစ်တောများအပေါ် အကျိုးသက်ရောက်မှု

  • မြန်မာနိုင်ငံရှိ သစ်တောများ၏ ပါဝင်ပေါက်ရောက်မှုနှင့် ပျံ့နှံတည်ရှိမှု နှစ်ခုလုံးပေါ်တွင် ထိခိုက်နိုင်ဖွယ်ရှိပါသည်။ ထူးကဲသော ရာသီဥတု အဖြစ်အပျက်များ (မိုးခေါင်ခြင်း နှင့် ရေ ကြီးခြင်း) နည်းတူ အပူချိန် နှင့် မိုးရွာသွန်းမှု အဆင့်အတန်းများ ပြောင်းလဲလာသည်နှင့်အမျှ သစ်တောများ သေကြေခြင်း၊ သစ်တောများမှ မြက်ခင်းများ၊ စတက်ပါ မြက်ရိုင်းတောများ /သဲကန္တာရများအဖြစ်သို့ ပြောင်းလဲသွားခြင်း နှင့် မလိုလားအပ်သော မျိုးများ၊ အင်းဆက်ပိုး များနှင့် ပိုးမွှားများ ပြန်နှံ့လာခြင်း တို့ဖြစ်ပေါ်လာနိုင်ပါသည်။
  • ခန့်မှန်းထားသည့် အပူချိန်မြင့်တက်လာမှုနှင့် ပြင်းထန်စွာ ပူပြင်းလာမှုတို့သည် သစ်ပင်များဧ။် ရွက်အုပ်များမှ အပင်ရေငွေ့ပျံနှုန်း မြင့်တက်လာစေပြီး စိုစွတ်မှု/စိုထိုင်းဆ နှင့် ပတ်သက်သည့် ဖိအားများ ရရှိမည်ဖြစ်ပါသည်။ ယင်းကြောင့် သစ်တောများသည် တောမီးများ လောင်ကျွမ်း လွယ်မှု မြင့်တက်လာစေမည်ဖြစ်ပါသည်။
  • အပူပိုင်းဇုန်ဒေသသည် ပူပြင်းခြောက်သွေ့မှုများနှင့် သဲကန္တာရဖြစ်ထွန်းမှုများ တွေ့ကြုံရမည် ဖြစ်ပြီး အပင်မျိုးစိတ်များ ပျောက်ဆုံးခြင်းသို့ ဦးတည်သွားနိုင်ပါသည်။
  • မီးလောင်ကျွမ်းမှု အန္တရာယ် ပိုမို အကြိမ်များလာနိုင်ပါသည်။

ရေသယံဇာတအပေါ် အကျိုးသက်ရောက်မှု

  • မုတ်သုန်ကာလ အဝင်နောက်ကျခြင်း နှင့် အထွက်စောခြင်းတို့ကြောင့် အချိန်တိုအတွင်း မိုး များများ ရွာချခြင်းဖြစ်ပေါ်လာကာ ရေကြီးခြင်း၊ ရေသယံဇာတများ ညစ်ညမ်းခြင်း၊ မြေဆီလွှာ တိုက်စားခြင်း နှင့် မြစ်ချောင်းများအတွင်း ရေထိန်းသိမ်းနိုင်မှု ကျဆင်းလာခြင်းတို့သို့ ဦးတည် လာမည်ဖြစ်ပါသည်။
  • ဆားငန်ရေဝင်ရောက်မှုများသည် ပင်လယ်ကမ်းရိုးတမ်းဒေသများတွင် ခြိမ်းခြောက်လျက် ရှိပါသည်။
  • ရေခဲတောင်များ အရည်ပျော်ကျခြင်းသည် မြန်မာနိုင်ငံဧ။် ဒေသအများအပြားသို့ ရေအများ အပြား ပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံဧ။် ဟိမဝန္တာဒေသများတွင် အကျိုးသက်ရောက်နိုင်ပါ သည်။

ဇီဝမျိုးစုံမျိုးကွဲအပေါ် အကျိုးသက်ရောက်မှု

  • ဇီဝမျိုးစုံမျိုးကွဲများ၏ နယ်နမိတ်များ ရွှေ့ပြောင်းသွားခြင်းနှင့် မျိုးစိတ်များ နေရာဒေသ ရွှေ့ပြောင်းသွားခြင်း ရှိပါသည်။
  • အပင်မျိုးစိတ်များတွင် ပန်းပွင့်ချိန်နှင့် အသီးသီးချိန် သာမက အကြိမ်ရေများပါ သိသာစွာ ပြောင်းလဲမည်ဖြစ်ပါသည်။
  • ရေချိုဒေသ ဇီဝမျိုးစုံမျိုးကွဲများသည်လည်း ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်နိုင်ဖွယ် ရှိပါသည်။
  • ပင်လယ်ရေ၏ အပူချိန် မြင့်တက်လာခြင်း နှင့် ပင်လယ်ရေတွင် ပါဝင်သော ဓာတုပစ္စည်းများ ပြောင်းလဲခြင်းသည် အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲများ အထူးသဖြင့် သန္တာကျောက်တန်းများကို ထိခိုက်ပါမည်။

ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု

  • (မြန်မာနိုင်ငံ၏ အကြီးဆုံး ကန်ဖြစ်သော) အင်းလေးကန် တဝိုက်တွင် သစ်ပင် ဖုံးလွှမ်းမှု လျော့နည်းလာခြင်းနှင့် မြေယာစီမံခန့်ခွဲမှု အားနည်းခြင်းတို့သည် မြေဆီလွှာတိုက်စားမှု အကြီးအကျယ် ဖြစ်စေပြီး နှုန်းပို့ချခြင်း ဖြစ်ကာ ကန်ရေ တိမ်ကောလာခြင်း၊ ခရီးသွားလုပ်ငန်း နှင့် အပန်းဖြေလုပ်ငန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ်တွင် ထိခိုက်လာခြင်း တို့ဖြစ်လာပါ မည်။

(၃) စွမ်းအင်၊ စက်မှု နှင့် သယ်ယူပို့ဆောင်ရေး

  • မြန်မာနိုင်ငံသည် အာရှဒေသ၌ အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယမြောက် ရေအားလျှပ်စစ် ထုတ် လုပ်နိုင်သည့်နိုင်ငံ ဖြစ်သည့်အတွက် NAPA အရ မျှော်မှန်းထားသော ရာသီဥတု ပြောင်းလဲ မှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း တွင် ထိခိုက်မှု တိုးမြင့်လာနိုင်ပြီး မြစ်ကြောင်းစနစ်များသည် မိုးရွာသွန်းမှု နှင့် မိုးခေါင်မှု ပုံစံ မတည်ငြိမ်မှုကြောင့် သိသာစွာ ထိခိုက်လာနိုင်ပါသည်။
  • ရေလှောင်တမံများနှင့် ရေကာတာများသည်လည်း အကယ်၍ ယင်းတို့ ကျိုးပေါက်ပါက မြေဆီလွှာတိုက်စားခြင်းကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှု များဖြစ်စေပါသည်။
  • သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်း၊တံတား၊ အဆောက်အဦများသည် ဆိုင်ကလုန်းမုန်တိုင်းများ နှင့် ရေကြီးခြင်းများကြောင့် ထိခိုက်နိုင်ပါသည်။
  • စက်မှုလုပ်ငန်း ထုတ်လုပ်မှုများသည် ကုန်ကြမ်းများ၊ စွမ်းအင် သုံးစွဲမှုများနှင့် ရေ သုံးစွဲမှုများ အပေါ် များစွာ တည်မှီနေပါသည်။ ယင်းတို့အားလုံးသည် ရာသီဥတုပြောင်းလဲလာခြင်း ကြောင့် မလွဲမသွေ ထိခိုက်လာနိုင်သည့်အတွက် စက်မှုလုပ်ငန်း ကဏ္ဍသည်လည်း ထိခိုက် မည်ဖြစ်ပါသည်။ စက်မှုလုပ်ငန်းများ နှင့် စက်ရုံအလုပ်ရုံများသည်လည်း (ဆိုင်ကလုန်း နာဂစ် ကြောင့် အမေရိကန် ဒေါ်လာ ၁၈၁၄ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပါသည် (NAPA ၊ ၂၀၁၂) သဘာဝ အဖြစ်အပျက်များအား တွေ့ကြုံနိုင်ပြီး အဆောက်အဦးများ ပျက်စီးဆုံးရှုံးနိုင်သည့် ပြင် ၎င်းတို့၏ လုပ်သားများ၏ စားဝတ်နေရေးကိုပါ ထိခိုက်နိုင်ပါသည်။

(၄) လူ အခြေချ နေထိုင်ခြင်း နှင့် မြို့ပြများ

  • မြို့ကြီးများတွင် လူများ နှင့် ပိုင်ဆိုင်သည့် အဆောက်အဦးများ ကြပ်ညပ်နေခြင်းသည် ပြင်း ထန်သော ရာသီဥတု ဖြစ်စဥ်များဖြင့် အပြန်အလှန် ထိခိုက်လွယ်မှု များပြားလှပါသည်။ ရေကြီး ခြင်း၊ ရေလွှမ်းခြင်း၊ အိမ်များနှင့် အခြေခံ အဆောက်အဦးများသည် အပူပိုင်း မုန်တိုင်းများနှင့် ဆိုင်ကလုန်းများကြောင့် ပျက်စီးခြင်း၊
  • ကမ်းရိုးတန်းဒေသများတွင် မြို့၊ ရွာ အကြီးအသေးအားလုံးသည် ပင်လယ်ကမ်းရိုးတန်း တိုက် စားခြင်း၊ ရေကြီး၊ လှိုင်းကြီး၊သည့် အန္တရာယ်များပြားခြင်း၊ ဆင်ြေခဖုံးဒေသ စိုက်ပျိုးရေး နှင့် သောက်သုံးရေ အတွက် ရေသယံဇာတများအား ဆားငန်ရေဝင်ရောက်ခြင်း စသည်တို့ အား တွေ့ကြုံခံစားနေရပါသည်။ လပွတ္တာ သို့မဟုတ် ဘိုကလေးကဲ့သို့ မြို့နယ်များသည် အဆိုပါ ထိခိုက်လွယ်မှုများ တွေ့ကြုံနေရသည့် အကောင်းဆုံး ဥပမာများ ဖြစ်ကြပါသည်။ ရန်ကုန်မြို့ ကဲ့သို့ အဓိကမြို့ကြီးသည်လည်း ရေကြီးခြင်း အန္တရာယ်များ တွေ့ကြုံနိုင်ပါသည်။
  • မြို့ကြီးများတွင် သီးနှံထုတ်လုပ်မှု လျော့နည်းလာခြင်းဧ။် အကျိုးဆက်အားဖြင့် အစားအစာ စျေးနှုန်းများသည်လည်း မြင့်တက်လာနိုင်ကာ ပြဿနာဖြစ်လာမည့် အလားအလာများနှင့် အတူ မြို့ပြ နေထိုင်သူများ၏ လူမှုစီးပွားရေး ထိခိုက်လွယ်မှုများဖြစ်ပေါ်လာနိုင်ပါသည်။

(၅) ပြည်သူ့ကျန်းမာရေး

  • အပူချိန်မြင့်တက်လာခြင်း နှင့် မိုးရွာသွန်းမှုပုံစံများ မမှန်ကန်ခြင်းများသည် ကူးစက်လွယ် သော ရောဂါပိုးများ ပျံ့နှံ့ကူးစက်ခြင်းအတွက် အခြေအနေကောင်းများ ဖန်တီးပေးမည် ဖြစ်ပါ သည်။ ပြည်သူလူထုအပေါ် အပူချိန်လွန်ကဲခြင်းဧ။် အကျိုးဆက်အားဖြင့် အခြား အကြောင်း အရာများအနက် အပူဒဏ်မခံနိုင်ခြင်း heat stress၊ အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း heat exhaustion နှင့် ရေဓာတ် ခန်းခြောက်ခြင်း dehydration များလည်း ပါဝင်ပါသည်။ (NAPA၊ ၂၀၁၂)
  • ၂၀၁၀ ခုနှစ် နွေရာသီအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် အပူချိန်နှင့် ဆက်စပ်သည့် ကစဥ့် ကလျား နေထိုင်မကောင်းမှု ၁၄၈၂ ဦး ရှိကြောင်း မှတ်တမ်းတင်ခဲ့ပြီး အပူချိန်လွန်ကဲမှုနှင့် ဆက်စပ်သည့် သေဆုံးမှု ၂၆၀ ဦးခန့်ရှိခဲ့ပါသည်။
  • အပူချိန်မြင့်တက်လာခြင်းသည် ရောဂါပိုးမွှားများအတွက် အချိန်တိုအတွင်း ဖွံ့ဖြိုးလာနိုင်ပြီး အကျိုးဆက်အားဖြင့် ကူးစက်ချိန် မြင့်တက်လာနိုင်ပါသည်။ ဥပမာအားဖြင့် ခြင်မှ ကူးစက် သော ရောဂါများဖြစ်သည့် ငှက်ဖျားရောဂါ နှင့် ဆင်ခြေထောက် ရောဂါများ အဖြစ် များလာပါ မည်။ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများ တွေ့ကြုံနေကြရ ပါသည်။
  • သောက်သုံးရန်မသင့်လျော်သော ရေချို အရင်းအမြစ်များ များပြားလာခြင်းကြောင့် ဒေသခံ ပြည်သူများတွင် သောက်သုံးရေရှားပါးခြင်း၊ ရေဓာတ်ခန်းြေခာက်လွယ်မှု မြင့်မားလာခြင်း နှင့် တစ်ဆက်တည်း ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများ ဖြစ်ပွားမှု မြင့်တက်လာနိုင်ပါသည်။ (NAPA၊ ၂၀၁၂)
  • မိုးတွင်းကာလတွင် ဒေသခံများသည် ဝမ်းလျှော၊ ဝမ်းပျက်ခြင်းနှင့် ချောင်းဆိုးခြင်းများ ဖြစ်ပွား လေ့ရှိပြီး ဆောင်းရာသီတွင် ချောင်းဆိုးခြင်းများဖြစ်ပွားလာပါသည်။ (ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ်၊ ၂၀၁၄)