မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိခိုက်လွယ်မှု အများဆုံး ရှိနိုင်သည့် နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုအား အမြင့်ဆုံး ထိခိုက်လွယ်သော နိုင်ငံဖြစ်ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ရှိမှု ညွှန်းကိန်း(Global Risk Index) တွင် နောက်ဆုံးအေခြအေန မွမ်းမံဆန်းသစ်ထားချက်အရ တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်သော ထူးကဲသည့် မိုးလေဝသ အဖြစ်အပျက်များကြောင့် ထိခိုက်လွယ်မှုအဆင့်တွင် အဆင့် (၂)၌ နေရာယူထားပါသည်။ (အဆိုပါ စာရွက်စာတမ်း အထောက် အထားအတွက် ဤနေရာတွင် ရရှိနိုင်ပါသည်)

အဆိုပါအေခြအေနသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအား ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ယင်းအေပါ်ကျေရာက်လာနိုင်သည့် ထိခိုက်လွယ်မှုများ အား လျှော့ချရန် ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ကျော်လွှားရန် ကမ္ဘာ့ လူမှုအဖွဲ့များအကြား ယင်း၏ အေရးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကတိကဝတ်များ ပြုထားပါသည်။

မြန်မာနိုင်ငံ၏ ကြွယ်ဝချမ်းသာမှု၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများသည် ယင်း၏ ပတ်ဝန်းကျင်၊ သဘာဝသယံဇာတအရင်းအမြစ်များ၊ ရာသီဥတုဆိုင်ရာ အေခြအေနများ နှင့် ဂေဟစနစ်များ၏ ကြံ့ခိုင်မှုများအေပါ်တွင် ကြီးမားစွာ သတ်မှတ် တည်မှီလျက်ရှိပါသည်။ ထိုနည်းတူ မြန်မာနိုင်ငံ၏ မြေပြင် ပထဝီ တည်နေရာ အေနအထား နှင့် ကမ္ဘာ့မြေမျက်နှာသွင်ပြင် တို့အရ ဆိုးကျိုးများဖြစ်ပေါ် နိုင်သည့် အလားအလာရှိသော သဘာဝ အဖြစ်အပျက်များအား ဆက်တိုက်သဖွယ် ပုံမှန် ကြုံတွေ့နိုင် ပါသည်။ ယင်း သဘာဝအဖြစ်အပျက်များသည်လည်း ပြောင်းလဲလာသည့် ရာသီဥတု အေခြအေန များကြောင့် ဥပမာအားဖြင့် မုတ်သုတ်ရာသီ နှင့် မိုးရွာချမှု ပုံသဏ္ဍာန်တွင် အကျိုးသက်ရောက် လာနိုင်ပြီး စိုက်ပျိုးရေး၊ ရေသယံဇာတ သန့်ရှင်းမှု နှင့် အရည်အေသွးကောင်းမွန်မှု၊ ဇီဝမျိုးစုံ မျိုးကွဲများ သို့မဟုတ် ဂေဟစနစ်တစ်ခုလုံး တို့အား ပိုမို ဆိုးရွားနိုင်ပါသည်။

အထူးသဖြင့် မြန်မာနိုင်ငံသည် ပြင်းထန်သော ရာသီဥတုဆိုင်ရာ ဖြစ်စဉ် များဖြစ်သည့် ဆိုင်ကလုန်း များ၊ ရေကြီးမှုများ၊ မိုးသည်းထန်စွာ ရွာချမှုများ၊ မိုးခေါင်မှုများ၊ အပူချိန်လွန်ကဲမှုများအား တွေ့ကြုံရ နိုင်ပြီး ယင်းဖြစ်စဉ်များသည် ကြိမ်ဖန်များစွာ နှင့် ပိုမိုပြင်းထန်စွာဖြင့် ပြောင်းလဲလာသည့် ရာသီဥတု ကြောင့် ဖြစ်ပေါ်လာနိုင်ပါသည်။

ဒုတိယအချက်အေနဖြင့် လူဦးရေ နှင့် ပိုင်ဆိုင်မှုပစ္စည်းများသည်လည်း အဆိုပါ ရာသီဥတုဖြစ်စဉ်များ အား ယင်းတို့၏ ကမ်းရိုးတမ်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် အပူပိုင်းဒေသများ စသည့် တည်နေရာများတွင် တည်ရှိခြင်းကြောင့် အကြီးအကျယ် တွေ့ကြုံရပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှု (သန်းခေါင်စာရင်း ကောက်ယူခြင်း အစီရင်ခံစာ အား ဤနေရာတွင် ဖတ်ရှုပါ။)အရ စုစုပေါင်း လူဦးရေ ၅၁.၂ သန်း ၏ အများစုသည် ရာသီဥတု ပြောင်းလဲ မှုကြောင့် ထိခိုက်တွေ့ကြုံနိုင်သည့် ဒေသများတွင် နေထိုင်နေကြပါသည်။ ယင်းဧရိယာများတွင် မြစ်ဝကျွန်းပေါ်ဒေသသည် အပူပိုင်း မုန်တိုင်းများ၊ ဆိုင်ကလုန်းများနှင့် ရေကြီးမှုများ၊ ပင်လယ်ရေလှိုင်းမြင့်တက်မှုများ၊ မြေဆီလွှာတိုက်စားမှုများ အား တွေ့ကြုံနိုင်ပြီး အပူပိုင်းဒေသတွင် ကာလ ရှည်လျားသော မိုးခေါင်မှုများ တွေ့ကြုံနိုင်သကဲ့သို့ ရေကြီးမှုများလည်း တွေ့ကြုံနိုင်ပါသည်။

တတိယအချက်အေနဖြင့် လူများ၊ ပိုင်ဆိုင်သည့်ပစ္စည်းများ၊ အဖွဲ့အစည်းများ နှင့် မူဝါဒများ၏ လက်ရှိ လုပ်ဆောင်နိုင်စွမ်းများသည် ယင်းကဲ့သို့သော ဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုများအား ကြိုတင်ကာကွယ်ရန် သို့မဟုတ် လျော့နည်းသက်သာစေရန် ဆောင်ရွက်ရာ၌ အဖြစ်အပျက်များသည် ပြင်းထန်နိုင်သည်ဟု ထည့်သွင်းစဉ်းစားပါက ကန့်သတ်မှုများ ရှိနေဆဲဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုသည် လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုတွင် ပိုမို ဆိုးရွားပြင်းထန်သည့် စိန်ခေါ်မှုများ ရှိပြီး (ဥပမာ ၂၀ဝ၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း နာဂစ်မုန်တိုင်း သာမက သဘာဝေဘးအန္တရာယ်များအပါအဝင်) အကြိမ်အေရအတွက် ပိုမိုများပြားကာ ပိုမိုပြင်းထန်သည့် ဖြစ်စဉ်များ၊ မိုးရာသီအား ကြိုတင်ခန့်မှန်းနိုင်မှု ပျောက်ဆုံးလာခြင်း (မြန်မာနိုင်ငံ ၏ သမိုင်း၊ စီးပွားရေး နှင့် ထုံးတမ်းအစဉ်အလာများသည် မုတ်သုန် ရာသီနှင့် ဆက်စပ်လျက်ရှိပြီး ယင်း မုတ်သုန်ရာသီ သည် ယခုအချိန်တွင် ပြောင်းလာခြင်း နှင့် သို့အတွက်ကြောင့် စိုက်ပျိုးမှု ရာသီအချိန် ကာလ၊ လုပ်ကိုင်သည့် နည်းဟန်များလည်း ပြောင်းလဲလာနိုင်ခြင်း) အား လေ့လာတွေ့ရှိရပါသည်။ ကမ္ဘာအဆင့် ခန့်မှန်းချက် များ၊ နှင့် (NAPA တွင် အသုံးပြုထားသည့် PRECIS မိုဒယ် ဖြင့်) နိုင်ငံအဆင့် ခန့်မှန်းချက်များသည် တစ်နိုင်ငံလုံးတွင် အပူချိန်မြင့်တက်လာမှု ခံစားရနိုင်ကြောင်း၊ မိုးခေါင်မှုအား ပိုမိုဆိုးရွားစေမည့် တိမ်ကင်းစင်မှုများ များပြားလာခြင်း၊ ယင်းနှင့်အတူ မိုးရွာချမှု ပုံသဏ္ဍာန်များနှင့် ပမာဏများ ပြောင်းလဲလာခြင်း၊ မုတ်သုန်ရာသီ အဝင်နောက်ကျခြင်းနှင့် အထွက်စောခြင်းတို့ကြောင့် ဖြစ်ပေါ်လာ သည့် ရေကြီးမှု အန္တရာယ်များ မြင့်မားလာခြင်း နှင့် ဆိုင်ကလုန်းများ၊ ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးမှုများ၊ ပင်လယ်ရေလှိုင်း ကြီးမှုများ၊ မိုးသည်းထန်စွာ ရွာချမှုများ၊ ပြင်းထန်သော အပူချိန်လွန်ကဲ မှုများ နှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု စသည် အဖြစ်အပျက်များ၏ အကြိမ်အေရအတွက် နှင့် ပြင်းထန်မှုများ မြင့်တက်လာခြင်း စသည်တို့ကို အတည်ပြုထားပြီးဖြစ်ပါသည်။ တစ်နည်းအားဖြင့် ယင်းကဲ့သို့ ပြောင်းလဲမှုများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် အခြား အကျိုး ဆက်များနှင့် အကျိုးသက်ရောက်မှုများဖြစ်သော ဆားငန်ရေဝင်ရောက်လာခြင်း၊ တောင်တန်းဒေသ များတွင် ရေခဲများအရည်ပျော်ကျလာခြင်း၊ မြေဆီလွှာတိုက်စားမှု နှင့် မြေအတန်းအစား ကျဆင်း လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ နှင့် ဂေဟ စနစ်များ ပျက်စီးခြင်း စသည့် ကမ်းရိုးတမ်းဒေသများတွင် နောက်ဆက်တွဲ ခြိမ်းခြောက်မှုများ တစ်ပါတည်း ဖြစ်ပေါ်လာနိုင်ပါသည်။

ပိုမိုပြင်းထန်သော သဘာဝေဘးအန္တရာယ်များနှင့်အတူ အထက်တွင်ဖော်ပြထားသော ရာသီဥတု ပြောင်းလဲမှုဧ။် အကျိုးဆက်များ နှင့် လိုက်လျောညီထွေဖြစ်စေနိုင်သည့် စွမ်းဆောင်ရည် အားနည်း ခြင်းများကြောင့် မြန်မာနိုင်ငံသည် အနာဂတ်ကာလတွင် ပို၍ ထိခိုက်လွယ်လာနိုင်ပါသည်။ ယင်းအား တုံ့ပြန်မည့် လုပ်ငန်းဆောင်ရွက်ချက်များဖြင့် လုပ်ကိုင်ရမည်ဖြစ်ပါသည်။