ဖန်လုံအိမ် အာနိသင် အကျိုးသက်ရောက်မှု

ဖန်လုံအိမ်အာနိသင် အကျိုးသက်ရောက်မှု နှင့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ အကြောင်းကို သင် ကြားဖူးမည်ဖြစ်ပါသည်။

သို့သော် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးလေ့ရှိသော ဖန်လုံအိမ် အဆောက်အဦသို့ သင်ရောက် ဘူးပါသလား၊ ရိုးရှင်းစွာ ပြောရလျှင် သစ်ပင်များ၊ ဟင်းသီးဟင်းရွက်ပင်များ အမှန်တကယ် စိုက်ပျိုး ရှင်သန်ရန်အတွက် ပိတ်မိနေသော နေရာတစ်ခုတွင် အပူနှင့် စိုထိုင်းဆ တို့ ဖန်တီးပေးသည့် သဘော တရားပင်ဖြစ်ပါသည်။

Greenhouse    Source: CAS Data Loggers

ကျန်ုပ်တို့ကမ္ဘာကြီးသည် ယင်းနှင့် ပုံသဏ္ဍာန်တူ တည်ဆောက်လည်ပတ်ပါသည်။

ကမ္ဘာကြီးတွင် အသက်ရှင်ရပ်တည်နေထိုင်နိုင်ရန် လေထုသည် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ ဖြစ်ပေါ် လာ ခဲ့ပါသည်။ ယင်းသည် ကျန်ုပ်တို့ ကမ္ဘာကြီးအား အလင်းရောင်ခြည် နေရောင်ခြည် ပေးပြီး ယင်း အနက် အချို့(၃၀%) ကို လေထုအတွင်း ထိန်းသိမ်းထားကာ ကမ္ဘာမြေပြင်အား အနွေးဓာတ် အပူချိန်) ကို ပေးပါသည်။ ယင်းအတွက်ကြောင့် အပင်နှင့်တိရိစ္ဆာန် မျိုးစုံအပြင် လူသတ္တဝါတို့ အသက်ရှင် နေထိုင်နိုင်ခြင်း(ကျန်ုပ်တို့၏ ဖန်လုံအိမ်) ဖြစ်ပါသည်။ ကမ္ဘာမြေပြင်ကိုသာမက ပင်လယ်ပြင်ကို ပျမ်းမျှ အပူချိန်တစ်ခု ရရှိစေပါသည်။ အချို့ ဝင်ရောက်လာသည့် အလင်းရောင် ခြည် ဖြာထွက်မှုများသည် အာကာသ ဟင်းလင်းပြင်သို့ ပြန်လည် ထွက်သွားကြပြီး ကမ္ဘာမြေပြင်အတွင်း ထိန်းသိမ်းထားသည့် အလင်းရောင်ခြည်များသည် ညီမျှလျက် ရှိပါသည်။

GHESource: IPCC

စက်မှုခေတ်ပြောင်းလဲလာသည့် ကာလကတည်းက လူသားများသည် လေထုအတွင်းသို့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့များအား အြေမာက်အများ ထုတ်လွှတ်ခဲ့ကြရာ အဓိက အကြောင်းရင်းမှာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းစေခြင်းကြောင့်ဖြစ်ကာ ယင်းဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့များသည် နေရောင်ခြည်အချို့အား ကမ္ဘာမြေပြင်မှ လေထုအတွင်းသို့ ပြန်ထွက်မသွားနိုင်စေ ရန် ဟန့်တားထားပါသည်။ အကျိုးဆက်အားဖြင့် ကမ္ဘာကြီး၏ မျက်နှာပြင်၊ သမုဒ္ဒရာ နှင့် လေထုသည် ပို၍ ပို၍ ပူနွေးလာစေကာ ရာသီဥတုပြောင်းလဲခြင်းကိုဖြစ်ပေါ်စေပါသည်။ ယင်းကို ရှင်းလင်းစွာ ဖော်ပြ ခေါ်ဆိုရလျှင် ဖန်လုံအိမ်အာနိသင် အကျိုးသက်ရောက်မှုဖြစ်ပြီး အကျယ်တဝင့် သိရှိလိုပါက ဤနေရာတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

နောက်ထပ် ဥပမာတစ်ခုထပ်ပေးကြည့်ပါမည်။ နေရောင်ခြည်အောက်တွင် ရပ်ထားသော မှန်အလုံ ပိတ်ထားသည့် ကားတစ်စီးထဲတွင် လေအေးပေးစက်မဖွင့်ပဲ သင်ထိုင်နေမည်ဆိုပါက မကြာမီ အချိန်အတွင်းမှာပင် ပိုပူလာမည်ဆိုသည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ကားအတွင်းသို့ ဝင်လာသည့် အပူများသည် အပြင်သို့ပြန်မထွက်နိုင်သောကြောင့် ဖြစ်ပါသည်။ ဤအချင်းအရာသည် ကမ္ဘာကြီးတွင် ယနေ့ဖြစ်ပေါ်နေသည်နှင့် အလားတူပင် ဖြစ်ပါသည်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များ လေထု အတွင်း စုဆောင်းလာမှုများသည် အလွန်ပူပြင်းသော နေ့တွင် ကားအတွင်းပိတ်မိနေခြင်း နှင့် တူပါသည်။ နေရောင်ခြည် ၏ အပူချိန်ဖြင့် ကားအတွင်း ပူနွေးလာပြီး ယင်းအပူများ လုံလုံလောက် လောက် ပြန်မထွက်နိုင်သောကြောင့်ဖြစ်ပါသည်။ ကျန်ုပ်တို့နေထိုင်နေကြသော ကမ္ဘာကြီးတွင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအား လောင်ကျွမ်းစေမှုကို အြေခခံသည့် သုံးစွဲထုတ်လုပ်မှု ကြောင့် ဖြစ်ပြီး (သို့ရာတွင် အခြားအကြောင်းများကြောင့်လည်းဖြစ်လာစေနိုင်သောကြောင့် အောက်တွင် ဆက်လက်ဆွေးနွေးပါမည်) လူသားများသည် ရာသီဥတုလျှင်မြန်စွာ ပြောင်းလဲလာစေရန် တွန်းအား ပေးလျက်ရှိနေပါသည်။