ရာသီဥတုပြောင်းလဲခြင်းဆိုတာဘာလဲ

နည်းပညာဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ  အချိန်ကာလ အား ဖြင့် (ဆယ်စုနှစ်များ သို့မဟုတ် ယင်းထက်ပိုမို) ကြာသော အချိန်အတွင်း ရာသီဥတု ပျမ်းမျှ သွင်ပြင် လက္ခဏာ နှင့် သို့မဟုတ် လေ့လာတွေ့ရှိရသည့် ရာသီဥတုမတည် ငြိမ်မှု ပမာဏ တွင် ပြောင်းလဲမှု ဖြစ် ပါသည်။ (GCCA Glossary)

ရိုးရှင်းစွာ ရှင်းပြရလျှင် ယင်းကို နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ဆက်လက်တည်ရှိနေသော လေ့လာ တွေ့ရှိရသည့် အဓိကကျသော ရာသီဥတူ လက္ခဏာများ ပြောင်းလဲမှုတစ်ရပ် အဖြစ်ရည်ညွှန်းနိုင်ပါ သည်။ ခန့်မှန်း စက်မှုခေတ်ကာလတွင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအား လောင်ကျွမ်းစေ ခြင်း ဖြင့် (ဖန်လုံအိမ် အာနိသင်အကျိုးသက်ရောက်မှု ဤနေရာတွင်ကြည့်နိုင်ပါသည်)ယင်းဖန်လုံအိမ် အာနိသင်အကျိုးသက်ရောက်မှုကြောင့် ကမ္ဘာကြီးအားပူနွေးလာစေပါသည်။ စက်မှုခေတ်ပြောင်း ကာလ နှင့် ရာသီဥတုအပေါ်ယင်း၏ အကျိုးသက်ရောက်မှုများကို ပိုမို လေ့လာသိရှိ လိုပါက ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

လေ့လာတွေ့ရှိရသည့် ပြောင်းလဲမှုများ

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံများအကြား ပူးပေါင်းအဖွဲ (IPCC) ၏ ပဉ္စမအကြိမ်မြောက် အစီရင်ခံစာအရ (IPCC ဆိုတာဘာလဲ၊ ဤနေရာတွင် လေ့လာဖတ်ရှုနိုင်ပါသည်။) “ ရာသီဥတုဆိုင်ရာ စနစ်၏ ပူနွေးလာမှု သည် ၁၉၅၀ ခုနှစ်များမှ စတင်ကာ ရှင်းလင်းပြတ်သားသိသာလာပြီး လေ့လာတွေ့ရှိရသည့် ပြောင်းလဲမှုများသည်ဆယ်စုနှစ်မှ ထောင်စုနှစ်များအတွင်း ကြိုတင်မခန့်မှန်းနိုင်ပါ။ ကမ္ဘာ့လေတု နှင့် သမုဒ္ဒရာ တွင် ပူနွေးလာခဲ့ပြီး နှင်းထု များနှင့် ရေခဲလွှာများသည် ပျောက်ဆုံးလာခဲ့ကာ ပင်လယ်ရေ မျက်နှာပြင်သည် မြင့်တက်လာပြီဖြစ်ပါသည်။” အစီရင်ခံစာမှ ဖော်ပြချက်မှာ “ [၂၀၁၄ ခုနှစ်မှ နောက်ပြန်ရေတွက်လျှင်] ပြီးခဲ့သော ဆယ်စုနှစ် ၃ စု၏ ၁စု ချင်းစီတွင် ကမ္ဘာမြေကြီးသည် ၁၈၅၀ ခုနှစ် နောက်ပိုင်း ဆယ်စုနှစ်များနှင့် နှိုင်းယှဥ်လျှင် ဆက်တိုက် ပိုမို ပူနွေးလာခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှ ၂၀၁၂ ခုနှစ် အချိန်ကာလ အပိုင်းအခြားအတွင်းသည် ကမ္ဘာကြီး၏ မြောက်ဖက်ခြမ်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ အတွင်း နှစ် ၃၀ တိတိ ဖြစ်နိုင်ဖွယ် အပူဆုံးကာလဖြစ်သည်ဟု စစ်တမ်း ကောက်ယူမှုများဖြင့် ပြဆိုနိုင်ပါသည် (စိတ်ချယုံကြည်မှု အလယ်အလတ်အဆင့်)။ လွတ်လပ်ပြီး ဘက် မလိုက်သော အချက်အလက်မျိုးစုံရှိမည်ဆိုပါက ဦးတည်မှုလမ်းကြောင်း မျဥ်းဖြောင့်နည်းအရ တွက် ချက်ကြည့်လျှင် မြေပြင်နှင့် သမုဒ္ဒရာ တို့နှစ်ခုလုံးပေါင်းစပ်ကာ တစ်ကမ္ဘာလုံး၏ ပျမ်းမျှ အပူချိန်သည် ၁၈၈၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အချိန်ကာလအတွင်းတွင် ၀.၈၅ [၀.၆၅ မှ ၁.၀၆]ဒီဂရီ စင်တီဂရိတ် ပူနွေးလာကြောင်း ပြသနေပါသည်။” (IPCC 5th Report)

IPCC 2

Source: IPCC, Global Average Temperatures 

၂၀၁၂ ခုနှစ် တွင် မြန်မာနိုင်ငံ၌ ထုတ်ပြန်ခဲ့သော NAPA အစီရင်ခံစာအရ (ဤနေရာတွင်တွေ့နိုင် ပါသည်) လေ့လာတွေ့ရှိရသည့် ပြောင်းလဲမှုများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်−

  • တစ်နိုင်ငံလုံးတွင် အပူချိန် (ဆယ်စုနှစ်တစ်ခုတိုင်းတွင် ဝ.ဝ၈ ဒီဂရီခန့်) မြင့်တက်လာနိုင်ခြင်း၊ ဆိုလိုသည် မှာ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် အလယ်ပိုင်းဒေသများ၌ ဖြစ်ပါသည်။
  • နေရာဒေသအများအပြားတွင် မိုးရွာသွန်းသည့် စုစုပေါင်း ပမာဏ မြင့်တက်လာနိုင်သော် လည်း အချို့နယ်ပယ်ဒေသများတွင် သိသာစွာ လျော့နည်းလာနိုင်ခြင်း၊ (ဥပမာ− ပဲခူးတိုင်းဒေသကြီး)
  • မုတ်သုန်အဝင်နောက်ကျြခင်းနှင့် အထွက်စောခြင်း၏ အကျိုးဆက်အားဖြင့် အနောက်တောင် မုတ်သုန် ရာသီဥတု အချိန်ကာလ တိုတောင်းလာခြင်း၊
  • ထူးကဲသည့် မိုးလေဝသအဖြစ်အပျက်များ၏ အကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်းနှင့် ပြင်းထန်မှုများ မြင့်တက်လာနိုင်ခြင်း၊

ပိုမိုသိရှိလိုပါက ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ရာသီဥတုပြောင်းလဲခြင်း၏ အကြောင်းရင်းများ

စက်မှုခေတ်ကာလ(၁၈ ရာစုနှစ်မှ စတင်ကာ)ကတည်းက အားယူလာသည့် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများအား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြုနိုင်ရန်အတွက် ဆက်လက်သုံး စွဲလျက်ရှိခြင်းမှာ သိသာလျက်ရှိပြီး ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်စေခြင်းအတွက် အားဖြည့်လျက်ရှိ ပါသည်။ လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စေသည့် နည်းလမ်း များ အများအပြားရှိပါသည်။

၁) လူသားများ၏ လုပ်ဆောင်ချက်များမှ ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များ ထုတ်လွှတ်မှုသည် ကမ္ဘာကြီးပူနွေးလာစေရန် ဖန်တီးလျက်ရှိကြောင်း သက်သေပြုထားကြပါသည်။ ယင်းတွင် ကျောက် ဖြစ်ရုပ်ကြွင်း လောင်စာများ လောင်ကျွမ်းစေခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ဓာတ်ငွေ့ ထုတ်လွှတ်ပေးပြီး ကမ္ဘာ့ လေထုအတွင်းရှိ နေမှ ထုတ်လွှတ်သော ရောင်ခြည်များတွင် ပိတ်မိလျက် ရှိကာ ကမ္ဘာမြေကြီး၊ ပင်လယ် သမုဒ္ဒရာနှင့် ကမ္ဘာ့လေထုတို့အား ဆက်တိုက် ပူနွေးလာစေပါသည်။ ကျနုပ်တို့ ရည်ညွှန်းပြောဆိုလိုသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို အဓိကအားဖြင့် သယ်ယူ ပို့ဆောင်ရေး၊ အပူပေးခြင်းနှင့် အအေးထုတ်လွှတ်ခြင်း စသည်တို့မှ ထွက်ပေါ်လာပါသည်။ သို့ရာတွင် ယင်းဓာတ်ငွေ့ တစ်ခုတည်းသာ ဖန်လုံအိမ်အာနိသင်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေခြင်း မဟုတ်ပါ။ မွေးမြူရေးနှင့် စိုက်ပျိုးရေးတို့မှလည်း မီသိန်း ဓာတ်ငွေ့အား လည်းကောင်း လေအေးပေး စက်တို့မှ ကလိုရိုဖလူရို ကာဗွန် ဓာတ်ငွေ့များထုတ်လွှတ်ပေးပြီး ယင်း တို့သည် ဖန်လုံအိမ် အာနိသင် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေရန် သိသာစွာ အားပေးလျက်ရှိပါ သည်။

၂) သစ်တောများသည် ကမ္ဘာ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ဓာတ်ငွေ့အား အမြောက် အများ စုပ်ယူပါသည်။ ယင်းကို “ ကာဗွန်စုပ်ယူသည့် လုပ်ငန်းဆောင်တာ” ဟု ကျန်ုပ်တို့ ခေါ်ဆို နိုင်ပါသည်။ သစ်တောများပျက်စီးပြုန်းတီးခြင်း (ယင်းကို မြေအသုံးချမှု ပြောင်းလဲခြင်းဟုလည်း ခေါ် ဆိုနိုင်ပါသည်) သည် ကမ္ဘာကြီးပူနွေးလာမှုအား အကြီးအကျယ် ဖြစ်စေရန် ပြုလုပ်နိုင်ပြီး ပမာဏအား ဖြင့် ယင်းကြောင့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှု စုစုပေါင်း၏ ၁၈.၃ ရာခိုင်နှုန်းခန့် ရှိပါသည်။ ၂၀ဝ၀ ပြည့်နှစ်မှ ရရှိသော အချက်အလက်ကို ညွှန်းဆိုကာ မြန်မာနိုင်ငံတွင် သစ်တောများ ကြောင့် ယင်းမှ ထုတ်လွှတ်သည့် ပမာဏထက် စုပ်ယူမှုက ပိုများကြောင်း ကျန်ုပ်တို့ သ်ရှိရပါသည်။ (ရင်းမြစ်−ကနဦး အမျိုးသား အစီရင်ခံစာ) သို့အတွက်ကြောင့် သစ်တောများအား ရေရှည် တည်တံ့စေ ရေး အလို့ငှာ တရားမဝင်သစ်ခိုးမှုများအား ပပျောက်စေခြင်း၊ သစ်တောများ အသစ်စိုက်ပျိုးခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း စသည့် လုပ်ငန်းများဖြင့် စီမံအုပ်ချုပ်ရန် အရေးကြီးလှ ပါသည်။

mynmar01 (1)

Source: Myanmar’s Initial National Communication 

IPCC

Source: WRI/Tim Herzog, Kick the Habit: A UN Guide to Climate Neutrality