လပွတ္တာမြို့နယ်ရှိရာပေါင်းများစွာသောပြည်သူလူလူထုအပေါ်၌သက်ရောက်နိုင်မည့်ရာသီဥတုပြောင်းလဲခြင်းများ

ထိခိုက်ခံစားရနိုင်မှုအား တိုင်းတာခြင်းရလာဒ်များ ၂၀၁၆-၂၀၅၀

၂၀၁၆ ခုနှစ်တွင် Myanmar Climate Change Alliance (UN-Habitat, UN-Environment နှင့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) WWF နှင့် Columbia University တို့ ပူးပေါင်း၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူများမှ ဦးဆောင်ပြီး ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်ခံစားရနိုင်မှု တိုင်းတာ စစ်ဆေးခြင်း များကို ပြုလုပ်ခဲ့ကြသည်။ လပွတ္တာမြို့သည် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်တောင်ပိုင်း တွင်တည်ရှိပြီး လူဦးရေ ၃၁၅၀၀၀ခန့် အခြေချ နေထိုင်ကြပါသည်။ မြေပြန့်လွင်ပြင် အနေအထားလွှမ်းမိုးမှုရှိပြီး မြစ်ဝကျွန်းပေါ်ဒေသွင်ပြင်လက္ခဏာများ ရှိ၍ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက် ခံရမှုကြောင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ယနေ့အချိန်အထိ ထိုတိုက်ခိုက်ခံရမှုဒဏ်မှု ပြန်လည်ကုစားရန် … Read more…

WWF နှင့် MJI တို့မှ ပူးပေါင်းစီစဉ်သော သတင်းစာဆရာများအတွက် ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သတင်းရေးသားနည်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း အား MCCA မှ ထောက်ပံ့ကူညီပေးခြင်း

သင်တန်းအစီအစဉ်အရ စက်တင်ဘာ (၆) ရက်နေ့တွင် တတ်ရောက်လာကြသော သင်တန်းသားများအား UN-Habitat မှ Mr. Pasquale Capizzi မှ တတ်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သတင်းရေးသားနည်း ဆရာဖြစ်သင်တန်းအတွက် Myanmar Journalism Institute နှင့် World Widef Fund တို့မှ ရှေ့ဆောင် လမ်းပြစီစဉ်ညွှန်ကြားပါသည်။ သင်တန်းအစီအစဉ်အရ စက်တင်ဘာ (၆) ရက်နေ့တွင် MCCA ကို ဖိတ်ခေါ်၍ သတင်းပညာရှင်များအတွက် ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ဆိုင်သော သင်ခန်းစာအ စီအစဉ်အား ဆွေးနွေးစေပါသည်။ နိုင်ငံအတွင်း ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက် ခံစားရမည့်အခြေအနေများနှင့် ပတ်သက်၍ မှန်ကန်သောသတင်းရေးသားမှုပြုနိုင်စေရန် သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း ၏ အခြေခံကျသောအကြောင်းအရာများအား နားလည်ရန်လိုအပ်ကြောင်း MCCA မှ တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ … Read more…

*** မြန်မာနိုင်ငံရှိ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ရုပ်ရှင်စီမံကိန်းဖြင့် ၁၅၀၀ USD ဆုကြေးငွေ ရရှိနိုင်မည့် အခွင့်အရေး***

ရုပ်ရှင်ဖန်တီးမှုကို စိတ်ဝင်စားသောသူများခင်ဗျား… ကျွန်ုပ်တို့၏ မြန်မာနိုင်ငံကြီး ရာသီဥတုပြောင်းလဲမှုအကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ဆင်နွှဲနိုင်မည့် အခွင့်အရေးကို ရယူလိုက်ပါ။ MCCA ကျွမ်းကျင်သူများမှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထုတ်ပြန်ချက်များကို ဆွေးနွေးမည့် ဤပွဲတွင် အလွတ်တန်းရုပ်ရှင် ဖန်တီးရှင် ၁၀ ဦးနှင့် ရန်ကုန်ရုပ်ရှင်ကျောင်းမှ ကျောင်းသား ၁၅ ဦးအထိ တတ်ရောက်နိုင် မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများမှ ဆွေးနွေးပွဲတတ်ရောက်ပြီး ရုပ်ရှင်အတွက် ၃ မိနစ်စာ အပိုင်း၊ ဇာတ်ညွှန်းအတို၊ ဇာတ်လမ်း အမြည်းကို မတ်လပွဲတော်အချိန်တွင် တင်သွင်းပြသနိုင်ပါ သည်။ အကဲဖြတ်သူများနှင့် ပရိတ်သတ်များမှ အကောင်းဆုံးစိတ်ကူးနှင့် ဇာတ်လမ်း အမြည်းကို ရွေးချယ်ကြပါမည်။ အကောင်းဆုံး အဆိုပြုချက် နှစ်ခုကို ရွေးချယ်ပြီး သူတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်ရန် USD … Read more…

ခြောက်သွေ့သော​​​ဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ရာသီဥတုပြောင်းလဲခြင်းအတွက် ထိခိုက်ခံရနိုင်မှုများ

picture26

အောက်တိုဘာလ (၃) ရက်နေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ (၁၀၀) ကျော်ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် (MCCA) တို့မှ ပူးပေါင်းကျင်းပခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲမှ ပခုက္ကူမြို့နယ် (အပူပိုင်းဒေသ) နှင့် လပွတ္တာမြို့နယ် (မြစ်ဝကျွန်းပေါ်ဒေသ) တို့တွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိခိုက်ခံရနိုင်မှုများကို တိုင်းတာသော ကြိုတင်ပြင်ဆင်မှုရလာဒ်များကို ရရှိခဲ့ပါသည်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ခန့်မှန်းတိုင်းတာခြင်း ကြိုတင်တွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ တတ်ရောက်လာကြသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ဌာနဆိုင်ရာအသီးသီးမှ  (မြို့နယ်အုပ်ချုပ်ရေးဌာန၊ အင်ဂျင်နီယာဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ စီမံကိန်းရေးဆွဲရေးဌာန၊ စိုက်ပျိုးရေးဌာန) များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၌ … Read more…

အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒများဖွံဖြိုးတိုးတက်ရေးအတွက် ကနဦးအကြံပြုဆွေးနွေးခြင်း

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် MCCA (Myanmar Climate Change Alliance) မှကူညီထောက်ပံ့ပေးလျှက်ရှိပါသည်။ လွန်ခဲ့သော ၁၅ လတာကာလမှ စတင်၍ မြန်မာနိုင်ငံရာသီဥတု ပြောင်းလည်းခြင်းဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲရန် ဆောင်ရွက်ခဲ့ကြပြီး တိကျသေချာစွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဥပဒေများ ပြဌာန်းနိုင်ရန် ရည်ရွယ် ချက်ဖြင့် မူဝါဒ များကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒများဖွံဖြိုးတိုးတက်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်း များကို နေပြည်တော် တွင်  ဒီဇင်ဘာ လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။  မူဝါဒများချမှတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော မဟာဗျူဟာလမ်းညွှန်ချက်များနှင့် နည်းပညာများကို ဥပဒေပညာရှင်များ ပါဝင်ဖွဲ့စည်းထား သော အမျိုးသားအဆင့် ရာသီဥတုပြောင်းလည်းခြင်းဆိုင်ရာ မူဝါဒရေးရာအဖွဲ့မှ ဦးဆောင်အကြံပြုဆွေးနွေးခဲ့ကြပါသည်။ … Read more…

ပညာရှင်များနှင့် ၀န်ထမ်းများ ဌားရမ်းနေပါသည်။

Field Photo

ကျွန်တော်တို့သည် ယခုလက်ရှိတွင် စီမံကိန်းအား တိုးချဲ့နေပါသည်။ အောက်ဖေါ်ပြပါ အလုပ်များအတွက် အလုပ်ခန့်နေပါသည်။

•    ရာသီ ပြောင်းလဲမှုဆိုင်ရာ မှု၀ါဒ အသစ်အတွက် နိုင်ငံတကာ ပညာရှင် ()ဦးနှင့် ပြည်တွင်မှ မူဝါဒ ကျွမ်းကျင်ပညာရှင် ()ဦး
၂၀၁၆ ခုနှစ် နောက်ဆုံး လေးလပတ်တွင် အတည်ပြုမှုရယူရန်အတွက် အမျိုးသား အဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ မူကြမ်း ရေးဆွဲမှုတွင် လက်တွဲညီညီရေးဆွဲရေးဆွဲရန်၊ နိုင်ငံတကာ ပညာရှင်နှင့် ပြည်တွင် ပညာရှင် တစ်ဦးစီး လိုအပ်လျှက်ရှိပါသည်။

We’re Hiring Post 

မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ အပေါ်တွင် အပြီးသတ် ထင်မြင်သုံးသပ်ချက်များကို ပေးရန် အင်တာနက်တွင် ဖေါ်ပြ၊ ခွင့်ပြုနေပါသည်။

MCCSAP

မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များအတွက် MCCA သည် အပြီးသတ် ထင်မြင် သုံးသပ်ချက်များနှင့် အကြံပေးမှုများကို ယခုရယူလျှက်ရှိပါသည်။ ဤမဟာဗျူဟာတွင် အားလုံးသော ထင်မြင်ယူဆချက်များကို ထည့်သွင်း စဉ်စားနိုင်ရန်၊ မဟာဗျူဟာ ရေးသားသူများ အဖွဲ့သည် အပတ်တကုန် အားထုတ် ကြိုးစားနေကြပါသည်။ သင်သည် ဤနေရာတွင် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းကို ဝင်ရောက် လေ့လာနိုင်ပြီး၊ ထင်မြင်ချက်များနှင့် အကြံဥဏ်များကို စာမျက်နှာ အောက်ခြေတွင် ပေးထားနိုင်ပါသည်။ mccsap.mcca@gmail.com သို့လည် ပေးပို့နိုင်ပါသည်။ အပြီးသတ် ထင်မြင်ချက်များကို ၂၀၁၆ ဇူလိုင် (၃၀) ထိလက်ခံသွားပါမည်။ ထို့ကြောင့် ကျေးဇူးပြု၍ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းအပေါ်တွင် … Read more…

မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များ အတွက် ဆွေးနွေးမှုများကို ပံ့ပိုးပေးခြင်း။

New CC Projections - 13 Jun 16

MCCA သည် the Regional Integrated Multi-Hazard Early Warning Systems (RIMES) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်းကြားမှု ဦးစီးဌာနတို့ကို မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှု နောက်ဆုံး ခန့်မှန်းချက်များအကြောင်း ဆွေးနွေးတိုင်ပင်ရန်အတွက် ထောက့်ပံ့ကူညီခဲ့ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်းကြားမှု ဦးစီးဌာနမှ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များကို တင်ပြခဲ့ပါသည်။ တွက်ချက်ပုံ အတွက်ချက်နည်းလမ်းများ အကြောင်းလဲ ရှင်းပြခဲ့ပါသည်။ ဤတွက်ချက်တွေ့ရှိမှု ခန့်မှန်းချက် အသစ်များအရ၊ မြန်မာနိုင်ငံတွင် နှစ် ၂၁၀ဝတွင် ပျမ်းမျှ အပူချိန် ၄ ဒီကရီ တက်နိုင်ချေရှိပါသည်။ ထိုအပြင် အလွန်းဆိုးဝါသော … Read more…

MCCA သည် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းအား တရာဝင်း အသိမှတ် ပြုစေခြင်းအတွက် ပြင်ဆင်နေပါသည်။

3rd NCCSAP-M

နေပြည်တော်တွင် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်း (NCCS&APs)၏ ကြိုတင် တရားဝင်အောင် ပြုလုပ်မှုအတွက် MCCA သည် ၄င်း၏ တတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံး ဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဇွန်လ (၁၀)နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC)၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် MCCA သည် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ စည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများ၊ UN agencies မှ ကိုယ်စားလှယ်များ၊ အစိုးမဟုတ်သော အဖွဲ့အစည်းများမှာ တာဝန်ရှိသူများ စုစုပေါင်း ၁၅၀ခန့် တက်ရောက်ခဲ့ပါသည်။ တနေ့တာ အလုပ်ရုံဆွေးနွေးပွဲသည် … Read more…

ရှေ့ဆက်လက် ဖေါ်ဆောင်မည့် လုပ်ငန်းများ – မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းအား တရာဝင်း အသိမှတ် ပြုစေခြင်းနှင့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များအပေါ် မှုဝါဒရေးဆွဲသူများ၏ ဆွေးနွေးပွဲ

ASEAN Forum - 7-9 Mar 16

ကျွန်တော်တို့သည် MCCA၏ ရှေ့ဆက်လက် ဖေါ်ဆောင်မည့် လုပ်ငန်းများအကြောင်း ဖေါ်ပြလိုပါသည်။ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းအား တရာဝင်း အသိမှတ် ပြုစေခြင်းကို ပြုလုပ်မည့် တတိယအကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲ အချိန်နှင့် နေရာ – ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်၊ သင်္ဂဟ ဟိုတယ်၊ နေပြည်တော် ဤတနေ့တာ အလုပ်ရုံ ဆွေးနွေးပွဲသည် မဟာဗျုဟာရှုမြင်သုံးသပ်မှု ရှေးဦးမှုကြမ်းအား တရားဝင် ရန် ဆောင်ရွက်ခဲ့ပြီး၊ ပါဝင်မှုများ ပေါင်းစည်းမှုနှင့် ဖြည့်စွက် သုံးသပ်ချက်၊ နောက်ဆုံး အတည်ပြုမှုအတွက် တင်ပြပါမည်။ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များ အပေါ် မှုဝါဒချမှတ်သူများ၏ … Read more…