မြန်မာ့ရာသီဥတုပြောင်းလဲမှုအပေါ်တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးခြင်း

MCCA သည် မြန်မာ့ရာသီဥတုပြောင်းလဲမှုအပေါ်တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် သင်္ဂဟဟိုတယ်တွင်၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ မှ အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ အစိုးရဝန်ကြီးဌာနများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို လုပ်ကိုင်နေကြသော အရပ်ဖက်ပြည်သူအဖွဲ့များအကြားတွင် ဆွေးနွေးနိုင်သော အခွင့်အလမ်းကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပရခြင်းဖြစ်ပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲသည် ယခုအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ မဟာဗျူဟာ နှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို အထောက်အကူပြုမည်ဖြစ်သည့် အတွက် အလွန်အရေးကြီးပါသည်။ ၄င်းအပြင် အစိုးရဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာများအပေါ်တွင် လုပ်ဆောင်လျှက်ရှိသော အတွေ့အကြုံ နှင့် အတွေးအမြင်များ ကိုလည်း ဖလှယ်နိုင်မည်ဖြစ်ပါသည်။

 

Leave a Comment