2nd Consultation NCCS&AP (2)

MCCA သည် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု့ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ဒုတိယမူကြမ်း ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

 အမျိုးသားအဆင့် ရာသီဥတု ပြောင်းလှဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ (the National Climate Change Strategy & Action Plans – NCCS&AP)  ပထမ မူကြမ်းကို ထပ်မံပိုမို ပြည့်စုံးအောင်၊ ဒုတိယမူကြမ်း ရရှိရေး ဆွေးနွေးပွဲများကို၊ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အတိ နေပြည်တော်တွင် ကျင်းပခဲ့ ပါသည်။

ယင်းဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး လုပ်ငန်း ကို အလေးထား ဆောင်ရွက်ကြသော ဝန်ကြီးဌာနများ၊ ကုလသမ္မဂ အေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ် (၁၁၀) ကျော် တက်ရောက်၊ ဆွေးနွေးခဲ့ပါသည်။

MCCA အနေဖြင့် NCCS&AP ကို ၂၀၁၆ ခုနှစ် ဇွန်လတွင် အသက်ဝင် အကောင်အထည်ဖေါ်နိုင်ရေးကို မျှော်မှန်း ဆောင်ရွက် နေပါ သည်။အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု့ဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်းစဉ်များ၏ နောက်ဆုံး မူကြမ်းကို လွှင့်တင်မည်ဖြစ်ပါသဖြင့်၊ စောင့်မျှော် ကြည့်ရှုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

IMG_0381
One of the many thematic consultations with the relevant stakeholders from various sectors.

 

Leave a Comment