IMG_0074

လပ္ပတာနှင့်ပခုကူမြို့များသို့ ကျွမ်းကျင်ပညာရှင်များ သွားရောက်ခြင်း

Pointing at a map.မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့၏ ကျွမ်းကျင်သူ ပညာရှင်များ အဖွဲ့သည်၊ ဧပြီလ ပထမပိုင်းတွင် လပွတ္တာ နှင့် ပခုက္ကူ မြို့များသို့ သွားရောက်ရန် စီစဉ်လျှက်ရှိပါသည်။ ယင်းကျွမ်းကျင်သူများအဖွဲ့သည် အထက်ဖေါ်ပြပါ နှစ်မြို့နယ်တွင် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ရာတွင် မည်မျှအထိ အကျိုးသက်ရောက် ထိခိုက်သည်ကို အကဲဖြတ် တိုင်းတာ သတ်မှတ် နိုင်ရေးကို ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ယင်ခရီးစဉ်သည် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု များနှင့် လိုက်လျောညီထွေဖြစ်နိုင်သော စီးပွားစနစ်များကို အကောင် အထည်ဖေါ်ရေးကို ဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည့် စီမံကိန်း၏ ပထမ အဆင့် ဖြစ်ပြီး၊ ၎င်းစီမံချက်သည် ယခု နှင့် အနာဂတ်၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကို အခြေခံပြီး၊ ရေရှည် လိုက်လျော ညီထွေ ဖြစ်စေမည့်၊ ပြောင်းလဲမှုများအတွက်၊ ဒေသခံ ကျေးရွာများနှင့် မြို့ပြများကို အကူအညီ ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

အထက်ဖေါ်ပြပါ၊ စီမံချက် နောက်ဆုံးသတင်းများကို စောင့်မျှော် ကြည့်ရှ ကြပါရန် ဖိတ်ခေါ် အပ်ပါသည်။

Leave a Comment