Website Training FI

WordPress သင်တန်း အောင်မြင်စွာ ပြီးဆုံးခြင်း

IMG_0355MCCA သည် WordPress သင်တန်းကို နေပြည်တော် ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာနတွင် ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ယင်းသင်တန်းကို နိုင်ငံတကာ ဝက်ဆိုက် အင်ဂျင်နီယာ— Mr. Luis Tenorio— ဦးဆောင် သင်ကြားပေးပြီး ဝန်ကြီးဌာန ၅ ခုမှ သင်တန်းသား ၂၇ ဦး တက်ရောက်ခဲ့ ပါသည်။

သင်တန်းတွင် သင်တန်းသားများကို မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့ ၏ ဝက်ဆိုက် စီမံခန့်ခွဲမူတွင် ပါဝင်စေခဲ့ပြီး၊ သင်တန်းအဆုံးတွင် စာမေးပွဲတခုနှင့် အဆုံးသတ်ခဲ့ပါသည်။

င်တန်းတွင် ဝက်ဆိုက်တခု ဖန်တီခြင်း၊ လွှင်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းများ၊ မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့၏ ဝက်ဆိုက်တွင် အသုံးပြုသော – content management system (CMS) – အကြောင် အရာများ အပြင်၊ ကမ္ဘာ ဝက်ဆိုက် ၂၀ ရာခိုင်နုန်းကို သင်းကြား ပေးခဲ့ပါသည်။

မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့ ၏ ဝက်ဆိုက် ကို မတ်လကုန်ခန့်တွင် စတင် အသုံးပြုနိုင်အောင် စီစဉ် ထား ကြောင်း သဘာဝပတ်ဝန်ကျင် ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အများပြည်သူ သတိပြုမိစေရန် ရည်ရွယ်ပြီး အရေးပါသော သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဆိုင်ရာအကြောင်းများ၊ ဘာသာရပ် အသုံးအနှုံးများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသားဖြင့် ဖေါ်ပြပေးမည်ဖြစ် ပါသည်။

မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့၏ ဝက်ဆိုက် တရားဝင် စတင်ဖွင့်လှစ်ကြောင်း သတင်းကို ဆက်လက် စောင့်မျှော် ကြည့်ရှုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

Website Training 3
The trainees pose with their certificates on the last day of the training.

 

Leave a Comment