Laputta Jetty

ကိုလံဘီယာတက္ကသိုလ်၊ WWF အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

IMG_0088
Labutta Jetty in the Delta Area

မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ကိုလံဘီယာ တက္ကသိုလ်မှ Center for Climate Systems Research (CCCR)World Wide Fund (WWF) တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လွန်ခဲ့သော လအတွင်း ပြုလုပ်ခဲ့ပါသည်။

ထိုအဖွဲ့များတို့သည် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများ တွက်ချက်နည်းများကို အသေးစား နမူနာ တွက်ချက်ပြီး တင်ပြခဲ့ပါသည်။ နမူနာများသည် မြန်မာ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်နေသော သဘာပတ်ဝန်ကျင် ပြောင်းလဲမှု များနှင့် လိုက်လျောညီထွေဖြစ်မည့် စီးပွါးစနစ် စီမံချက်များ ဖေါ်ထုတ်ရေးကို သိပ္ပံနည်းကျ အထောက်အကူ ပြုမည် ဖြစ်ပါသည်။ ၎င်းစီမံချက်များကို ခြောက်သွေ့ နယ်မြေဖြစ်သော ပခုက္ကူ  နှင့် မြစ်ဝကျွန်းပေါ်နယ်မြေ လပ္ပတာ မြို့များနယ်တွင် အကောင်အထည် ဖေါ်လျက် ရှိပါသည်။

ကိုလံဘီယာ တက္ကသိုလ်၊ WWF တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များမှာ၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု များကြောင့်၊ ဒေသခံ လူမှု အဖွဲ့အစည်းများတွင် ကြုံတွေ့ လာသော ဆိုးကျိုးများနှင့် ပတ်သက်ပြီး၊ လိုက်လျောညီထွေ ဖြစ်စေနိုင်မည့် လုပ် ဆောင်ချက်များကို၊ ဖေါ်ထုတ် ရေးဆွဲရေတွင် များစွာ အကျိုးရှိမည် ဖြစ်ပါ သည်။

မြန်မာ ရာသီဥတု ပြောင်းလဲခြင်ဆိုင်ရာ ပူးပေါင်းအဖွဲ့၏ စီမံချက်များ ၊ပူးပေါင်း ဆောင်ရွက်ချက်များ အသေးစိတ် အကြောင်း အရာများကို ဆက်လက် စောင့်မျှော် ကြည်ရှုကြပါရန် ဖိတ်ခေါ် အပ်ပါ သည်။

Leave a Comment