New CC Projections - 13 Jun 16

မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များ အတွက် ဆွေးနွေးမှုများကို ပံ့ပိုးပေးခြင်း။

Photo: MCCA
Photo: MCCA

MCCA သည် the Regional Integrated Multi-Hazard Early Warning Systems (RIMES) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်းကြားမှု ဦးစီးဌာနတို့ကို မြန်မာနိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှု နောက်ဆုံး ခန့်မှန်းချက်များအကြောင်း ဆွေးနွေးတိုင်ပင်ရန်အတွက် ထောက့်ပံ့ကူညီခဲ့ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်းကြားမှု ဦးစီးဌာနမှ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များကို တင်ပြခဲ့ပါသည်။ တွက်ချက်ပုံ အတွက်ချက်နည်းလမ်းများ အကြောင်းလဲ ရှင်းပြခဲ့ပါသည်။ ဤတွက်ချက်တွေ့ရှိမှု ခန့်မှန်းချက် အသစ်များအရ၊ မြန်မာနိုင်ငံတွင် နှစ် ၂၁၀ဝတွင် ပျမ်းမျှ အပူချိန် ၄ ဒီကရီ တက်နိုင်ချေရှိပါသည်။ ထိုအပြင် အလွန်းဆိုးဝါသော မိုးရွာမှုပုံစံ မြန်မာနိုင်ငံတွင် လက်ဆက် ဖြစ်ပေါ်နိုင်သကဲ့သို့ ပူပြင်းခြောက်သွေ့သော နေ့များတွင်လည် ပိုမိုလွန်ကဲသော အပူများခံစားစေနိုင်သော အပူချိန် ပြောင်းလဲမှုများကို ခံစားနိုင်ရပါမည်။

MCCAမှ နည်းပညာအကြံပေးချုပ် Mr. Pasquale Capizzi မှလည် ဂေဟစနစ်ကို အခြေခံသော လိုက်လျောညီစွာ ပြုမူမှု မော်ဒယ်အကြောင်း ရှင်းပြခဲ့ပါသည်။ ထိုမော်ဒယ်ကို လတ်ပွတ်တာနှင့် ပခုက္ကူမြို့နယ်များတွင် ရှေးဦး အကောင်အထည်း ဖေါ်မှုများ ပြုလုပ်နေပါသည်။ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှု အတွက် နောက်ဆုံး တွက်ချက်ထားသော ခန့်မှန်းချက်များကို မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းတွင် ထည့်သွင်း ထားမှုကိုလဲ ဆွေးနွေးခဲ့ပါသည်။

Photo: MCCA
Photo: MCCA

Leave a Comment