WED 16 - President Poster

၂၀၁၆ခုနှစ် ဇွန်လ (၅)နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

WED 16 - President Speechပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်နေ့အတွက် ယနေ့ကျင်းပသည့် အခမ်းအနားတွင်၊ မီဒီယာအပါအဝင် ပါဝင်တက်ရောက်သူ ၆၀ဝ ကို မိန့်ခွန်း ပြောကြားခဲ့ပါသည်။ UNEP နှင့် MCCA ပူးပေါင်းမှုဖြင့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဝန်ကြီးဌာနမှ အခန်းအနားကို စည်းရုံးကျင်းပခဲ့သည်။ UNDP နှင့် အာရှဖွံ့ဖြိုးမှုဘဏ်တို့မှ ပံ့ပိုးကူညီခဲ့ကြပါသည်။ ထပ်မံဖြည့်စွက်ရလျှင် အခမ်းအနားနှင့် တွေ့ဆုံဆွေးနွေးပွဲ (၂)ခုစလုံးတွင် NGO များတွင် ပူးပေါင်းပါဝင်ခဲ့သူ များနှင့် UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မန္တလေးနှင့် နေပြည်တော် မြို့တော်ဝန်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “Go Wild for Life: Zero Tolerance for the Illegal Wildlife Trade” ဟူသော ဆောင်ပုဒ်ဖြင့် တရားမဝင် တောရိုင်း တိရိစ္ဆာန် ကူးသန်း ရောင်းဝယ် ဆန့်ကျင်ရေးအပေါ် အလေးထား မြှင့်တင်ရန်၊ တက်ရောက်လာသူများနှင့် မီဒီယာများသို့ မှာကြားပါသည်။ နိုင်ငံတော်သမ္မတမှ ဆက်လက်၍ မှာကြားသည်မှာ- ကျွန်ုပ်တို့သည် မည်သူမဆို မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ၊ အပြုအမှု အပြောအဆိုတွင် တရားမဝင် တောရိုင်းတိရိစ္ဆာန် ကူးသန်း ရောင်းဝယ်မှုအတွက် ဥပဒေ ချိုးဖောက်မှုကို လက်မခံကြောင်း ကျွန်ုပ်တို့ပြရလိမ့်မည်။ တရားမဝင် တောရိုင်တိရိစ္ဆာန် ကူးသန်း ရောင်းဝယ်မှု တိုက်ဖျတ်ရန်နှင့် မြန်မာနိုင်ငံမှ ပြုလုပ်သည့် အားထုတ်မှုများနှင့် MCCA မှ ရေးဆွဲနေသည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်စသည့် အချို့သော အရေးကြီးသည့် မူဝါဒ အားထုတ်မှု ဆောင်ရွက်ရန် ပရိတ်သတ်အား မှာကြားခဲ့ပါသည်။

WED 16 - President PosterMCCA မှ ပူပေါင်းကျင်းပသော ထိုအခမ်းအနားသည် မြန်မာနိုင်ငံနှင့် ၄င်း၏အရင်းအမြစ် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်အပေါ်သို့ ရာသီဥတု ပြောင်းလဲမှု အကျိုးသက်ရောက်မှုများနှင့် ရှာဖွေလေ့လာမှုကို ဆက်သွယ်သည့်ဖြစ်ရပ်၊ အပင်နှင့်တိရိစ္ဆာန် ကွဲပြားခြားနားမှု စသည်တို့နှင့် ဆက်စပ်မှု ပါသည်။ နိုင်ငံတော် သမ္မတ၊ MONREC ဝန်ကြီး ဦးအုန်းဝင်းနှင့် အခြားအဆင့်မြင့် မူဝါဒ အကောင် အထည်ဖော်သူများသို့ ပြပွဲသို့ လာရောက်စဉ်အတွင်း၊ MCCA မှ ယခုတိုင်အောင် တိုးတက်မှုများ ပြသနိုင်ခဲ့ပါသည်။

MONREC နှင့် MCCAတို့မှ ဆောင်ရွက်သည့် အခမ်းအနားအပြီးတွင် ကျင်းပ ပြုလုပ်သည့် တစ်ရက်တာ အစည်းအဝေးသို့လည်း ဝန်ကြီးသည် တစ်နေကုန် တက်ရောက်ခဲ့သည်။ ထို့နောက် ECD, WWF, MCCA, UNDP နှင် သစ်တောဌာနတို့မှ လက်ရှိ ကြိုးပမ်း အားထုတ်နေမှုများကို တက်ရောက်လာသူများအား ဆွေးနွေး တင်ပြခဲ့ကြပါသည်။ တရားမဝင် တောရိုင်း တိရိစ္ဆာန် ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ခြင်းနှင့်ဆိုင်သော ပြဇတ်တခုကိုလည်း UNICEFနှင့် လူငယ် အဖွဲ့အစည်းများမှ ပူးပေါင်း ကပြတင်ဆက်ခဲ့သည်။ MCCA ၏ နည်းပညာ အကြံပေးအကြီးအကဲ Mr Pasquale Capizzi သည် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ မှုကြမ်း အကြောင်းကိုလည်း တင်ပြ ဆွေးနွေးခဲ့သည်။ ထိုမှုဝါဒနှင့် လုပ်ငန်းစဉ်များကို ဇွန်လ ၁၀-ရက် ၂၀၁၆ ခုနှစ်တွင် အသေးစိတ် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပါသည်။

Facebook နှင့် Twitter များတွင်လည်း MCCA ၏ နောက်ဆုံး သတင်းများကို ရရှိရန် ချိတ်ဆက် ထားပေးပါ။

Leave a Comment