3rd NCCSAP-M

MCCA သည် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်းအား တရာဝင်း အသိမှတ် ပြုစေခြင်းအတွက် ပြင်ဆင်နေပါသည်။

နေပြည်တော်တွင် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ စာတမ်း (NCCS&APs)၏ ကြိုတင် တရားဝင်အောင် ပြုလုပ်မှုအတွက် MCCA သည် ၄င်း၏ တတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံး ဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဇွန်လ (၁၀)နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC)၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် MCCA သည် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ စည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများ၊ UN agencies မှ ကိုယ်စားလှယ်များ၊ အစိုးမဟုတ်သော အဖွဲ့အစည်းများမှာ တာဝန်ရှိသူများ စုစုပေါင်း ၁၅၀ခန့် တက်ရောက်ခဲ့ပါသည်။

တနေ့တာ အလုပ်ရုံဆွေးနွေးပွဲသည် ရေးသားလျှက်ရှိသော အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျုဟာနှင့် လုပ်ငန်စဉ်များ စာတမ်းမူကြမ်းအား မဟာဗျူဟာမြောက် ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးခဲ့ပါသည်။ တက်ရောက်လာသူများအားလုံးမှာ မဟာဗျုဟာတွင် ပါရှိသော အကြောင်းအရာများကို နည်းပညာရှုထောင့်မှ အကြံပေးခြင်း၊ ထင်မြင်ချက်များ ပေးခြင်းပြုလုပ်ခဲ့ပါသည်။ ထိုထင်မြင်ချက်များနှင့် အကြံပြုချက်များသည် မဟာဗျူဟာနောက်ဆုံး မှုကြမ်းတွင် ပြင်ဆင် ထည့်သွင်းမည်ဖြစ်ပါသည်။

သင်သည် NCCS&APs အား ဤနေရာတွင် ဖတ်နိုင်ပါသည်။ မြန်မာဘာသာနှင့်ရော အင်္ဂလိပ်ဘာနှင့်ပါ ဖတ်ရှုနိုင်ပါသည်။

Leave a Comment