picture26

ခြောက်သွေ့သော​​​ဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ရာသီဥတုပြောင်းလဲခြင်းအတွက် ထိခိုက်ခံရနိုင်မှုများ

အောက်တိုဘာလ (၃) ရက်နေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ (၁၀၀) ကျော်ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် (MCCA) တို့မှ ပူးပေါင်းကျင်းပခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲမှ ပခုက္ကူမြို့နယ် (အပူပိုင်းဒေသ) နှင့် လပွတ္တာမြို့နယ် (မြစ်ဝကျွန်းပေါ်ဒေသ) တို့တွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိခိုက်ခံရနိုင်မှုများကို တိုင်းတာသော ကြိုတင်ပြင်ဆင်မှုရလာဒ်များကို ရရှိခဲ့ပါသည်။

img_0114_low

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ခန့်မှန်းတိုင်းတာခြင်း ကြိုတင်တွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ တတ်ရောက်လာကြသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ဌာနဆိုင်ရာအသီးသီးမှ  (မြို့နယ်အုပ်ချုပ်ရေးဌာန၊ အင်ဂျင်နီယာဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ စီမံကိန်းရေးဆွဲရေးဌာန၊ စိုက်ပျိုးရေးဌာန) များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊

(၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၌ မြန်မာတစ်နိုင်ငံလုံးရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား မြို့နယ် များတွင် ဖြစ်ပေါ်နိုင်မည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိခိုက်ခံရနိုင်မှုများကို တိုင်းတာနိုင်မည့် နည်းပညာသင်တန်းများပေးခဲ့ပါသည်။ ဥရောပသမဂ္ဂ (EU) မှ ရံပုံငွေထောက်ပံ့မှု MCCA မှ ပံ့ပိုးကူညီမှုဖြင့်  UN-Habitat နှင့် UNEP တို့မှ မြန်မာနိုင်ငံသဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။

picture24

ဒေသအဆင့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ခန့်မှန်းတိုင်းတာခြင်းသင်တန်းတွင် တတ်ရောက်လာကြသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊

သတိပေးတွေ့ရှိချက်များ

ပခုက္ကူမြို့နယ်တွင် ၂၀၅၀ ခုနှစ်၌ အပူချိန် ၁ မှ ၂.၇ ဒီဂရီ ဆယ်လ်စီယက် အထိ တိုးလာနိုင်ပြီး မိုးရာသီတွင် မိုးရေချိန် ၉ မှ ၂၈ ရာခိုင်နှုန်းအထိ ပိုမိုများပြားလာနိုင်ပါသည်။ နေ့အပူချိန်မြင့်မားလာနိုင်ပြီ မုတ်သုန်ရာသီ တိုတောင်းသွားနိုင်ပါသည်။ ထိုအခြင်းအရာများ ကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ဖြစ်နိုင်ပြီး ကောက်ပဲသီးနှံများ အထွက်နှုန်းနှင့် မျိုးပွားနှုန်းကျဆင်းခြင်း၊ အခြေခံ အဆောက်အအုံများပျက်စီးခြင်း နှင့် အခြားသော ဆိုးကျိုးများဖြစ်ပွားနိုင်ပါသည်။

picture9

နောင်လာမည့်နှစ်များအတွင်း သဘာဝဘေးအန္တရာယ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေရန် အတွက်ဆိုလျှင် အခြေခံအဆောက်အဦးများ အား အရေးပါသောတိုးမြှင့်မှုများ ပြုလုပ်ရန် လိုအပ်ပါမည်။

လပွတ္တာမြို့နယ်တွင် အပူချိန် ၁ မှ ၂ ဒီဂရီ ဆယ်လ်စီယက် အထိတိုးလာနိုင်ပြီး မိုးရာသီ၌ မိုးရေချိန် ၃ မှ ၂၄ ရာခိုင်နှုန်း အထိများပြားလာနိုင်ပါသည်။ နေ့ဘက်တွင် အပူချိန်တိုးလာနိုင်ပြီး မုတ်သုန်ရာသီ တိုတောင်းလာနိုင်ပါသည်။ ပင်လယ်ရေ မျက်နှာပြင် သည် ၂၀ cm မှ ၄၁ cm အထိ မြင့်တတ်လာ နိုင်ပါသည်။ အကျိုးဆက်များအနေဖြင့် စိုက်ပျိုးရေးအထွက်နှုန်းကျဆင်းခြင်း၊ ရေကြီးရေလျှံခြင်း၊ လူဦးရေအများအပြား ရွှေ့ပြောင်းနေထိုင်ရခြင်းများ ဖြစ်လာနိုင်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ၌ သဘာဝသံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင်-မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို အဓိက ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုများကြောင့် ထိခိုက်ခံစားရစေနိုင်မည့် ဒေသများ၌ နေထိုင်သော လူများအနေဖြင့် ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို ပိုမိုတိကျသော နားလည်မှုများနှင့် အလေးထားမှုများ လိုအပ်မည်ဖြစ်ကြောင်း၊

ပခုက္ကူမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့တွင် တိုင်းတာဆန်းစစ်တွေ့ရှိချက်များမှ ရာသီဥတုပြောင်းလဲမှုများကို ဆန့်ကျင်နိုင်သော ပြည်သူများ၏မြင့်မားသော ထိခိုက်ခံရနိုင်မှုများကို ဖော်ပြထားပါသည်။ ထိုအရာများမှာ အသက်မွေးဝမ်းကြောင်း ဆိုင်ရာကျွမ်းကျင်မှုနှင့် နည်းပညာနိမ့်ကျခြင်းကြောင့် အလုပ်အကိုင်ရှားပါးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပြုနိုင်သည့် စီးပွားရေးလုပ်ငန်းနယ်ပယ်များ နည်းပါးခြင်း၊ စိုက်ပျိုးရေး ထွက်ကုန်များမှာလည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နောင်လာမည့်နှစ်များတွင်လည်း ပိုမိုဆိုးဝါးလာနိုင်ပါသည်။ ဒေသနေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သော ဂေဟစနစ်ဝန်ဆောင်မှုများပေါ်တွင် အမှီပြုနေရပြီး ထိုစနစ် ပျက်စီးမှုများမှ တစ်ဆင့် ကြီးစွာသော အခက်အခဲများကို ရင်ဆိုင်ကြရပါမည်။ သာဓကအနေဖြင့် အဆောက်အဦးများဆောက်လုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများအား သစ်တောထွက်ပစ္စည်းများမှ ၈၇ % အသုံးပြုနေကြရခြင်းနှင့် အစားအစာများ ချက်ပြုတ်ရာတွင် လိုအပ်သည့် စွမ်းအင်အတွက် သစ်တောများမှ ၇၅% အသုံးပြုနေကြရပါသည်။ ထို့အပြင် ရာသီဥတုပြောင်းလည်းခြင်းနှင့် ဆက်စပ် ဖြစ်ပေါ်လာနိုင်မည့် ဘေးအန္တရာယ်များဖြစ်သော လေပြင်းတိုက်ခိုက်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းတို့တွင် ပြည်သူများအား အကာအကွယ်ပေးနိုင်မည့် အရေးကြီးသော ရုပ်ဝတ္တုများမှာ ဂေဟစနစ်ဝန်ဆောင်မှုနှင့် သစ်တောများဖြစ်ကြပါသည်။ မိုးရေကို အားထား နေရသောစိုက်ပျိုးရေးလုပ်ငန်း များအတွက်လည်း မိုးရေရရှိနိုင်မှု လျော့နည်းခြင်း၊ ပြင်းထန်သောမိုးရွာသွန်းခြင်းနှင့် ဆားငံရေဝင်ရောက်ခြင်းတို့သည် ကောက်ပဲသီးနှံများအပေါ်၌ သက်ရောက်စေနိုင်သောဆက်စပ်သည့် အကြောင်းအရာများ ဖြစ်ကြပါ သည်။ လပွတ္တာမြို့နယ်၏ ၉၅ % အမှီပြုနေရသော သောက်သုံးရေရရှိနိုင်သည့်  ရေထွက်ပင်ရင်းများမှာလည်း အငွေ့ပျံမှုနှုန်းမြင့်မား လာခြင်းကြောင့် ခန်းခြောက်လာနေပါသည်။ ပခုက္ကူမြို့နယ်နှင့် လပွတ္တာမြို့နယ် နှစ်ခုစလုံးတို့တွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ် များနှင့် ကြုံတွေ့ရင်ဆိုင်ကြရပါမည်။ လပွတ္တာမြို့နယ်ရှိ ဆောက်လုပ်ရေးနည်းပညာများ နှင့် သွားလာရေး လမ်းကြောင်းများသည် ရုတ်တရက်ရေကြီးခြင်းနှင့် ပြင်းထန်သော လေတိုက်ခတ်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပါ။

picture25

MCCA နှင့် ECD မှ မြန်မာနိုင်ငံ၏ မြို့နယ်များတွင် ရာသီဥတုပြောင်းလည်းခြင်းအပေါ် ထိခိုက်ခံစားနိုင်ဖွယ် စစ်ဆေးတိုင်းတာ ချက်များအား လေ့လာစမ်းစစ်ခြင်းသင်တန်းသို့ တတ်ရောက်ကြသူများ

MCCA မှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် Mr. Pasquale Capizzi ၏ ပြောကြားချက်အရ ထိုဖြစ်ရပ်များနှင့် လိုက်လျောညီထွေဖြစ်သော အရေးပေါ်ဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်ကြောင်း၊ ဂေဟစနစ်ကို အကာအကွယ်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု များပြုလုပ်သင့်ကြောင်း၊ မှန်ကန်တိကျသော တည်နေရာများတွင်လုံလောက်သောအခြေခံအဆောက်အဦးများ ဆောက်လုပ်သင့်ကြောင်း၊ စီးပွားရေးကဏ္ဍများ၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ကို အကာအကွယ်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှုများအား နည်းပညာအသစ်များ သင်ယူခြင်းဖြင့်ဆောင်ရွက်သင့်ကြောင်း၊

picture26

ဤလေ့ကျင့်ခန်းသည် (၄) ရက်နေ့နှင့် (၅) ရက်နေ့ သင်တန်းတတ်ရောက်လာသူများမှ ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုများ အပေါ်ကြိုတင် ခန့်မှန်းချက်များမှ ပြောင်းလဲလာသော အကျိုးဆက်များနှင့်  လိုက်လျောညီထွေဖြစ်စွာ မည်သို့ အကာအကွယ် ပြုနိုင်မည် ဆိုသည့် အကြောင်းအရာများအား ပြည်သူလူထုကို ဗဟုသုတ မြင့်မားလာစေခြင်းနှင့် စဉ်စားတွေးခေါ်မှု စေ့ဆော်ပေးခြင်းဖြစ်ပါသည်။

ဤကဲ့သို့သော အသိပညာဗဟုသုတများနှင့် တွေ့ရှိချက်များမှတစ်ဆင့် မြို့နယ် (၂) မြို့နယ်လုံးရှိ ပြည်သူများအနေဖြင့် ထိုသက်ရောက် မှုများ ၏ ဆိုးကျိုးကိုလျော့နည်းစေခြင်းနှင့်  လုပ်ငန်းစီမံကိန်းများကိုလည်း ကြိုတင်သိမြင်ရေးဆွဲနိုင်မည်ဖြစ်ပါသည်။

ထိုလုပ်ငန်းစီမံချက်များသည် လူတို့အားအကာအကွယ်နှင့် အစီအမံအထောက်အပံ့ပေးနိုင်မည့်“ကျန်းမာသောဂေဟစနစ်ပုံစံ” တစ်ခုပေါ်တွင်အောင်မြင်စွာ အခြေပြုနေမည် ဖြစ်ပါသည်။ ထို့အပြင် နည်းပညာများဖွံ့ဖြိုးတိုးတက်၍ ကျယ်ပြန့်သောစီးပွားရေး ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တစ်ခုတည်ထောင်ခြင်း၊ လူများနှင့် မိသားစုများကို အကာအကွယ် ပေးနိုင်မည့် ခံနိုင်ရည်ရှိသော အခြေခံ အဆောက်အဦးတစ်ခု တည်ဆောက်ခြင်း၊ ဥပမာ-တရားမဝင်ငါးဖမ်းခြင်း အားတားမြစ်ခြင်း၊ ဒီရေတောသစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ အာမခံအစီအစဉ်များ ဆောင်ရွက်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည် ရှိသော အိမ်ရာများတည်ဆောက်ခြင်း၊ ရေအရင်း အမြစ်ရရှိနိုင်မှုအားတိုးတက်စေခြင်း တို့ဖြစ်ပါသည်။

picture17

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရှိ လပွတ္တာမြို့၏ ဂေဟစနစ်ကို အကာအကွယ်ပြုရန်နှင့် တိုးမြှင့်စေရန် လိုက်လျောညီထွေဖြစ်စေသော တိုင်းတာမှုများ ကို ဦးစာပေးဆောင်ရွက်ခြင်း၊

MCCA နည်းပညာအဖွဲ့မှ နေရာဒေသနှင့် သက်ဆိုင်သော နည်းပညာများကိုအသုံးပြု၍  သတင်းပေးချက်များအရ ဤတွေ့ရှိချက်များ သည် မည်သည့်နေရာတွင် ထိခိုက်ခံရနိုင်ဖွယ်ရှိသည်၊ မည်သည့်နေရာတွင်သင့်လျော်သည့် ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်ရမည် ဆိုသည်ကိုဖော်ပြပေးနေပါသည်။lbt_mof_vt_spatial_sctructure

UN-Habitat သည် မြို့နယ်များမည်သို့ ပြောင်းလဲသွားမည် ဆိုသည်ကို ရာသီဥတုပြောင်းလဲခြင်းရလာဒ်များအဖြစ် နားလည်စေရန် ဒေသဆိုင်ရာ စီမံကိန်း နည်းပညာများမှ Matrix of Function ကို အသုံးပြုခဲ့ပါသည်။

 

 

Leave a Comment