*** မြန်မာနိုင်ငံရှိ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ရုပ်ရှင်စီမံကိန်းဖြင့် ၁၅၀၀ USD ဆုကြေးငွေ ရရှိနိုင်မည့် အခွင့်အရေး***

ရုပ်ရှင်ဖန်တီးမှုကို စိတ်ဝင်စားသောသူများခင်ဗျား… ကျွန်ုပ်တို့၏ မြန်မာနိုင်ငံကြီး ရာသီဥတုပြောင်းလဲမှုအကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ဆင်နွှဲနိုင်မည့် အခွင့်အရေးကို ရယူလိုက်ပါ။

MCCA ကျွမ်းကျင်သူများမှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထုတ်ပြန်ချက်များကို ဆွေးနွေးမည့် ဤပွဲတွင် အလွတ်တန်းရုပ်ရှင် ဖန်တီးရှင် ၁၀ ဦးနှင့် ရန်ကုန်ရုပ်ရှင်ကျောင်းမှ ကျောင်းသား ၁၅ ဦးအထိ တတ်ရောက်နိုင် မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူများမှ ဆွေးနွေးပွဲတတ်ရောက်ပြီး ရုပ်ရှင်အတွက် ၃ မိနစ်စာ အပိုင်း၊ ဇာတ်ညွှန်းအတို၊ ဇာတ်လမ်း အမြည်းကို မတ်လပွဲတော်အချိန်တွင် တင်သွင်းပြသနိုင်ပါ သည်။ အကဲဖြတ်သူများနှင့် ပရိတ်သတ်များမှ အကောင်းဆုံးစိတ်ကူးနှင့် ဇာတ်လမ်း အမြည်းကို ရွေးချယ်ကြပါမည်။ အကောင်းဆုံး အဆိုပြုချက် နှစ်ခုကို ရွေးချယ်ပြီး သူတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်ရန် USD ၁၅၀၀ အထိ ထောက်ပံ့ငွေ အသီးသီးရရှိနိုင်ပါသည်။

တည်နေရာ။ ။ရန်ကုန်ရုပ်ရှင်ကျောင်း (YFS)

နေ့စွဲ         ။  ။ဇန်နဝါရီ ၃၀ ၂၀၁၇

အချိန်       ။  ။မနက် ၁၀:၀၀

နေ့လည်စာစီစဉ်ပေးပါမည်။

ကျွှန်ုပ်တို့၏ “ဇာတ်ညွှန်းငွေကြေးထောက်ပံ့ပေးခြင်းပြိုင်ပွဲတွင်” ပါဝင်ဆင်နွှဲခြင်းဖြင့် သင့်အတွက်များစွာ အထောက်အပံ့ဖြစ်စေပါလိမ့်မည်။

စာရင်းပေးသွင်းလိုပါက ဆက်သွယ်ရန်: theresa.knoeferl@goethe.de or facebook.com/ceiffm/

Leave a Comment