အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒများဖွံဖြိုးတိုးတက်ရေးအတွက် ကနဦးအကြံပြုဆွေးနွေးခြင်း

picture18

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် MCCA (Myanmar Climate Change Alliance) မှကူညီထောက်ပံ့ပေးလျှက်ရှိပါသည်။ လွန်ခဲ့သော ၁၅ လတာကာလမှ စတင်၍ မြန်မာနိုင်ငံရာသီဥတု ပြောင်းလည်းခြင်းဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲရန် ဆောင်ရွက်ခဲ့ကြပြီး တိကျသေချာစွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဥပဒေများ ပြဌာန်းနိုင်ရန် ရည်ရွယ် ချက်ဖြင့် မူဝါဒ များကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဝါဒများဖွံဖြိုးတိုးတက်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်း များကို နေပြည်တော် တွင်  ဒီဇင်ဘာ လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

 မူဝါဒများချမှတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော မဟာဗျူဟာလမ်းညွှန်ချက်များနှင့် နည်းပညာများကို ဥပဒေပညာရှင်များ ပါဝင်ဖွဲ့စည်းထား သော အမျိုးသားအဆင့် ရာသီဥတုပြောင်းလည်းခြင်းဆိုင်ရာ မူဝါဒရေးရာအဖွဲ့မှ ဦးဆောင်အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလည်းခြင်းဆိုင်ရာ မဟာဗျူဟာကို  လွှမ်းခြုံနိုင်စေရန် အဓိကကျသော နယ်ပယ်များမှ ဦးဆောင်သူများ၊ နည်းပညာ လုပ်ငန်းအဖွဲ့များ နှင့် ဆွေးနွေး၍ ဆွေးနွေးမှုရလာဒ်များကို အလေးဂရုပြု မှတ်သားဆောင်ရွက်သွားပါမည်။

MCCA အဖွဲ့အနေဖြင့်လည်း တိကျသေချာသော မူဝါဒများဖွဲ့စည်း ဖြစ်ပေါ်နိုင်ရေးအတွက် သက်ဆိုင်သူများ၏ အခြားသော အကြံပြုဆွေးနွေးချက်များ ကိုလည်း ထည့်သွင်း ချမှတ်ဆောင်ရွက်ရန် တန်ဖိုးထားပါသည်။သင့်အနေဖြင့် ယခုအကြံပြုဆွေးနွေးမှုတွင် ပါဝင်၍ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလည်းခြင်းဆိုင်ရာ မူဝါဒများချမှတ်ရာ၌ အကြံပြုဆွေးနွေးလိုပါက ကျေးဇူးပြု၍ mccsap.mcca@gmail.com မှတဆင့် MCCA အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့မှ သင်တို့၏ အကြံပြုချက်များကို အလေးထားရယူနိုင်မည်ဖြစ်ပါသည်။

Leave a Comment