WWF နှင့် MJI တို့မှ ပူးပေါင်းစီစဉ်သော သတင်းစာဆရာများအတွက် ရာသီဥတု ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သတင်းရေးသားနည်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း အား MCCA မှ ထောက်ပံ့ကူညီပေးခြင်း

သင်တန်းအစီအစဉ်အရ စက်တင်ဘာ (၆) ရက်နေ့တွင် တတ်ရောက်လာကြသော သင်တန်းသားများအား UN-Habitat မှ Mr. Pasquale Capizzi မှ တတ်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

UN Habitat's Mr Pasquale Capizzi addresses participants at the Media Awareness Day on 15 September.

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သတင်းရေးသားနည်း ဆရာဖြစ်သင်တန်းအတွက် Myanmar Journalism Institute နှင့် World Widef Fund တို့မှ ရှေ့ဆောင် လမ်းပြစီစဉ်ညွှန်ကြားပါသည်။

သင်တန်းအစီအစဉ်အရ စက်တင်ဘာ (၆) ရက်နေ့တွင် MCCA ကို ဖိတ်ခေါ်၍ သတင်းပညာရှင်များအတွက် ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ဆိုင်သော သင်ခန်းစာအ စီအစဉ်အား ဆွေးနွေးစေပါသည်။ နိုင်ငံအတွင်း ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက် ခံစားရမည့်အခြေအနေများနှင့် ပတ်သက်၍ မှန်ကန်သောသတင်းရေးသားမှုပြုနိုင်စေရန် သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း ၏ အခြေခံကျသောအကြောင်းအရာများအား နားလည်ရန်လိုအပ်ကြောင်း MCCA မှ တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ UNEP, UN-Habitat နှင့် MCCA မှ နည်းပညာအကြံပေးခေါင်းဆောင် Mr. Pasqual Capizzi မှ ပြောကြားသည်မှာ သတင်းပညာရှင်များ အထူးသဖြင့် အခြားသူများအား သင်တန်းပြန်လည်ပို့ချမည့်သူများ အနေဖြင့် ရရှိလာသည့်ရှုပ်ထွေးသော အကြောင်းအရာများပေါ်တွင် IPCC နှင့် DMH တို့၏ ကြိုတင် ခန့်မှန်းချက်များကဲ့သို့ အရည်အသွေးရှိသော သတင်းရင်းမြစ်များကို အသုံးပြု၍ ရိုးရှင်းသောပုံစံဖြင့် ပြန်လည်တင်ပြရန် လိုကြောင်း ပြောကြားပါသည်။

သင်တန်းသို့ မြန်မာနိုင်ငံအရပ်ရပ်မှ WWF နှင့် MJI တို့ဖြင့် သတင်းရေးသင်တန်းဆရာ များအဖြစ်လက်မှတ်ရေးထိုးထားသော သတင်းပညာရှင် (၉) ဦးတတ်ရောက်ခဲ့ပါသည်။ အနာဂတ်တွင် ယခုတတ်ရောက်လာသော သတင်းရေးသင်တန်းဆရာများသည် ထားဝယ်၊ မန္တလေးစသည့် မြို့ကြီးများရှိ သတင်းပညာရှင်များအား သတင်းပညာ သင်တန်းကို ဆက်လက်ပို့ချသွားမှာ ဖြစ်ပါသည်။

Mr.Capizzi မှ သင်ရိုးညွှန်းတန်းများကို ဖြန့်ဝေပေးပြီး တိုက်တွန်းပြောကြားသည်မှာ “ရာသီဥတုပြောင်းလဲခြင်းများသည် ကျွန်ုပ်တို့ ဘဝတစ်လျှောက်တွင် အမှန်တကယ်ဖြစ်ပျက်နေပြီး စီးပွားရေးနှင့်လူမှုပတ်ဝန်းကျင်အပေါ်၌လည်း အရေးကြီးသော ဆိုးကျိုးများအနေဖြင့် သက်ရောက်စေမှာဖြစ်ပါတယ်” သတင်းပညာရှင်များမှလည်း www.myanmarccalliance.org website တွင် ဖော်ပြထားသော အဓိပ္ပာယ် သတ်မှတ်ချက်များသည် သတင်းပညာရှင်များအတွက် ဘာသာပြန်ရာတွင် အရေးကြီးသောအရင်းအမြစ်များဖြစ်၍ အသိအမှတ်ပြု ကျေးဇူးတင် ကြပါသည်။

အခန်းအနားပြီးနောက် Mr.Capizzi မှ “ကျွန်တော်တင်ပြတဲ့အကြောင်းအရာများက တတ်ရောက်လာကြသူများအား ရာသီဥတုပြောင်းလဲခြင်းများ ဘာကြောင့်ဖြစ်ပေါ်နေတယ် ဆိုတာရယ် သက်ရောက်မှုများအပေါ် စီမံခန့်ခွဲဖို့နဲ့ လျှော့ချဖို့ကို ဘာတွေလုပ်နိုင်မလဲ ဆိုတာ အကူအညီရစေမှာဖြစ်ပါတယ် ။ သင်တန်းကအောင်မြင်ခဲ့ပါတယ်။
သင်တန်းကို တတ်တတ်ကြွကြွပါဝင်တတ်ရောက်ကြတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အနာဂတ်မှာလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ယခုလိုမျိုး သင်ယူခြင်းအစီအစဉ်များမှာပါ ပါဝင်ကြမည်လို့ မျှော်လင့်ပါတယ်။” လို့ပြောကြားပါသည်။

Leave a Comment