လပွတ္တာမြို့နယ်ရှိရာပေါင်းများစွာသောပြည်သူလူလူထုအပေါ်၌သက်ရောက်နိုင်မည့်ရာသီဥတုပြောင်းလဲခြင်းများ

ထိခိုက်ခံစားရနိုင်မှုအား တိုင်းတာခြင်းရလာဒ်များ ၂၀၁၆-၂၀၅၀

IMG_0663

၂၀၁၆ ခုနှစ်တွင် Myanmar Climate Change Alliance (UN-Habitat, UN-Environment နှင့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) WWF နှင့် Columbia University တို့ ပူးပေါင်း၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူများမှ ဦးဆောင်ပြီး ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်ခံစားရနိုင်မှု တိုင်းတာ စစ်ဆေးခြင်း များကို ပြုလုပ်ခဲ့ကြသည်။ လပွတ္တာမြို့သည် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်တောင်ပိုင်း တွင်တည်ရှိပြီး လူဦးရေ ၃၁၅၀၀၀ခန့် အခြေချ နေထိုင်ကြပါသည်။ မြေပြန့်လွင်ပြင် အနေအထားလွှမ်းမိုးမှုရှိပြီး မြစ်ဝကျွန်းပေါ်ဒေသွင်ပြင်လက္ခဏာများ ရှိ၍ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက် ခံရမှုကြောင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ယနေ့အချိန်အထိ ထိုတိုက်ခိုက်ခံရမှုဒဏ်မှု ပြန်လည်ကုစားရန် ဆောင်ရွက် နေကြရဆဲဖြစ်ပြီး အချို့သော လူမှုစီးပွားရေး အစိတ်အပိုင်းများ၌ အားလုံးနီးပါး ပြန်လည်ကောင်းမွန်လာမှု မရှိသေးပါ။

လေ့လာတွေ့ရှိမှုများသည် မြို့နယ်နှင့် ၂၅ ကီလိုမီတာအတွင်းရှိ ရာသီဥတု ပြောင်းလဲခြင်း များကို ခန့်မှန်းခဲ့ပါသည်။
ခန့်မှန်းချက်များ၌ တစ်နှစ်အတွင်း အပူဆုံးနေ့များ ၁၇ ရက်ခန့်ရှိလာနိုင်ခြင်းနှင့် အတူ ၂၀၅၀ ခုနှစ်၌ အပူချိန် ၂.၃ ဒီဂရီစင်တီဂရိတ်ခန့် တိုးမြင့်လာနိုင်ကြောင်း ပါဝင်ပါသည်။ မိုးရွာသွန်းမှုအခြေအနေများ ပြောင်းလဲရန် ခန့်မှန်းခဲ့ပြီး မိုးဥတုတိုတောင်းလာခြင်းနှင့် အတူ မိုးရေချိန် ၂၃ ရာခိုင်နှုန်းအထိ မြင့်တတ်လာပါမည်။ လေပြင်းများတိုက်ခတ်၍ မုန်တိုင်းတိုတ်ခိုက်မှုများလည်း တိုးမြင့်လာမည်ဟု ခန့်မှန်းခဲ့၍ ရလာဒ်အနေဖြင့် အပူချိန် ပိုမိုပြင်းထန်လာနိုင်ပြီး စိုထိုင်းမှုမြင့်မားခြင်းနှင့် အခြားအချက်များလည်း ပါဝင်ပါသည်။ နောက်ဆုံးတွင် လက်တွေ့ကျသော စိန်ခေါ်မှုတစ်ခုဖြစ်သည့် ဆားငန်ရေ ဝင်ရောက် နိုင်ခြင်း ပါဝင်ပါသည်။ လပွတ္တာ မြို့နယ်တွင် ပင်လယ်ဆားငန်ရေဝင်ရောက်နိုင်သော လမ်းကြောင်းနှစ်ခုရှိပါသည်။ ၎င်းတို့မှ ကုန်းတွင်ပိုင်းနှင့် မြေအောက်ရေသို့ ပင်လယ်ဆားငန်ရေ အမြဲတမ်း ပုံမှန်ဝင်ရောက်နေသော လမ်းကြောင်းတစ်ခုနှင့် နွေရာသီတွင် မြေအောက်ရေသို့ ဆားငန်ရေဝင်သော ရာသီအလိုက် ဆားငန်ရေ ဝင်ရောက်သည့် လမ်းကြောင်း ဟူ၍ ဖြစ်ကြပါသည်။ ထိုဆားငန်ရေဝင်ရောက်နိုင်သော လမ်းကြောင်းများ သည် မြောက်ဘက်နှင့် အရှေ့ဘက်သို့ ရွှေ့လျားနေပြီး မြို့နေလူ အများအား သက်ရောက်မှုရှိစေနိုင်ပါသည်။ လေ့လာစမ်းစစ်မှုအရ ၂၀၅၀ ခုနှစ်တွင် ပင်လယ်ဆားငန်ရေ အမြင့် ၄၁ စင်တီမီတာသို့ မြင့်တတ်လာနိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပင်လယ်ဆားငန်ရေ စိမ့်ဝင်မှု မြင့်မားလာနိုင်ပြီး ပြင်းထန်ကျယ်ပြန့်သော ရေလွှမ်းမိုးမှုများ၊ ရေကြီးမှုများ ဖြစ်လာမည် ဟုခန့်မှန်းထားပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ လပွတ္တာမြို့သည် လက်ရှိရာသီဥတု ပြောင်းလဲခြင်း အခြေအနေများနှင့် ထိခိုက်ခံစား နိုင်ရမှုများကို လိုက်လျောညီထွေစွာ တုံ့ပြန်နိုင်မှု အားနည်းခြင်းနှင့် လုံလောက်သောတိုးတက်မှု မရှိခြင်းတို့ကို တွေ့ရှိရပါသည်။ ထိုသို့သော အားနည်းမှုများကြောင့် အောက်ပါခန့်မှန်းထားသော ရာသီဥတု ပြောင်းလဲခြင်းများ ကြီးမားစွာ ဖြစ်ပေါ်ပါလိမ့်မည်။
ဤဖြစ်ရပ်များသည် အများအားဖြင့် ဂေဟစနစ် အသစ်ဖြစ်ပေါ်မှုများမှ တစ်ဆင့် လူမှုစီးပွားရေးအခြေအနေများ၊ ဂေဟစနစ်ဖွဲ့စည်းပုံ နှင့် အခြေခံအဆောက်အဦးများ ပေါ်၌ အခြေခံ၍ ခန့်မှန်းထားသော အကျိုးသက်ရောက်နိုင်မှု အခြေအနေများ ဖြစ်ကြပါသည်။

အသေးစိတ်တိကျစွာဆိုရလျှင်

၁။ လပွတ္တာမြို့၏ စီးပွားရေးလုပ်ငန်းများသည် ရင်းနှီးမြုပ်နှံမှုပုံစံ အမျိုးမျိုး ဖြန့်ကျတ် ထားခြင်းမျိုးမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း ပုံစံသည် ရာသီဥတု ပြောင်းလဲခြင်းကို ထိခိုက်နိုင်သည့် စိုက်ပျိုးရေး အလေ့အထများပေါ်တွင် (၇၂ % ) ကျော် ကြီးမားစွာ မှီခိုနေကြရပါသည်။ ထိုမှတဆင့် မြို့နယ်ပြည်သူလူထုသည် တခြားသော အသက်မွေး ဝမ်းကြောင်းမှုများနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ကျွမ်းကျင်မှု နည်းပါးကြသဖြင့် နည်းပါးသော လုပ်ခလစာများကိုသာ ရရှိကြပါသည်။ တွေ့ရှိခန့်မှန်းချက်များအရ စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း ပြင်းထန်သော မိုးရွာသွန်းခြင်း၊ ရေကြီးခြင်း၊ ရေလွှမ်းမိုးခံရခြင်း၊ သာမန်နှင့် အပူလှိုင်းဖြတ်ခြင်းများကြောင့် အပူချိန်မြင့်မားခြင်း၊ ပင်လယ်ဆားငန်ရေဝင်ခြင်းတို့ ခံစားရပါလိမ့်မည်။ မြို့နေပြည်သူများအနေဖြင့် အခြားသော ကုန်သွယ်မှုလုပ်ငန်းများမရှိခြင်း၊ ဒေသနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးရေးအလေ့အထစနစ်များ မရှိခြင်းကြောင့် ထုတ်လုပ်နိုင်မှုစွမ်းရည်လည်း ကျဆင်း လာပြီး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် အခြားသော စွမ်းဆောင်နိုင်မှုများ မရှိခြင်းကြောင့် တိုးတတ်မှုနိမ့်ကျခြင်းကိုလည်း များစွာ အထောက်အကူမပြုနိုင်ပါ။ အထူးသဖြင့် လူငယ်များကြားတွင် ဒေသပြောင်းရွှေ့အခြေချနေထိုင်မှုများ မြင့်မားလာပါမည်။ ဆက်လက်၍ အသက်မွေးဝမ်းကြောင်းမှုများလည်း ကျဆင်းလာပါမည်။ တခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုများမရှိခြင်းကြောင့် ရန်ကုန်၊ ပုသိမ် နှင့် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် မြို့ကြီးများသို့ စနစ်တကျမဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုများ ရှိလာပါမည်။ ထိုသက်ရောက်မှုများမှ အမျိုးသမီးများ အနေဖြင့် အဆင်မပြေမှုများကို ခံစားရပါမည်။

၂။ လပွတ္တာမြို့နယ်သည် ၎င်း၏ မြစ်ဝကျွန်းပေါ်ဂေဟစနစ်ကြောင့် သဘာဝပတ်ဝန်း ကျင် ထွက်ကုန်များကို ထုတ်ယူမှုမြင့်မား၍ မူလသဘာဝအခြေအနေ ပျက်စီးမှုလျှင်မြန်လာပါသည်။ ဥပမာ-၁၉၇၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းဒီရေရောက်တောဧရိယာ ဆုံးရှုံးပျက်စီးမှု ၆၄ ရာခိုင်နှုန်း ကျော်ရှိလာခဲ့သဖြင့် အကျိုးဆက်အနေဖြင့် ဒီရေတောပြုန်းတီးမှုများ ဖြစ်ပေါ်လာပါသည်။ ဒီရေတောများသည် အစားအစာ ချက်ပြုတ်ခြင်းအတွက် လောင်စာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို ဖန်တီးပေးခြင်း၊ ဆားငန်ရေစိမ့်ဝင်မှုနှင့် ရေတိုက်စားမှုကို ပြုပြင်ပေးခြင်း၊ ရေသတ္တဝါများ အခြေချနေထိုင်ခြင်းနှင့် ရေလှိုင်းများ ဝင်ရောက်ခြင်းကို ကာကွယ် ပေးခြင်း စသည့် အရေးကြီးသော ကောင်းကျိုးအမြောက်အများကို ဆောင်ရွက်ပေးပါသည်။ လက်ရှိယေဘုယျ အခြေအနေအရ သစ်ပင်သစ်တော များနှင့် တိရိစ္ဆာန်များ အပေါ်၌ အခြားသော ရာသီဥတုပြောင်းလဲခြင်း သက်ရောက်မှု များရှိနေလျှင် ၂၀၁၉ ခုနှစ် ၌ ဒီရေတောများ လုံးဝဆုံးရှုံးသွားပါလိမ့်မည်။ ထိုအခါ ပြည်သူလူထုအပေါ်၌ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများ ပိုမိုမြင့်မားစွာ ကျရောက်လာပါမည်။

၃။ မြို့၏ အခြေခံအဆောက်အဦးပုံစံများသည်လည်း ခန့်မှန်းထားသော ရာသီဥတု ပြောင်းလဲခြင်းများကြောင့် ပြင်းထန်သော လေပြင်းမုန်တိုင်းများ တိုက်ခိုက်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် အခြားသော ထိခိုက်မှုဖြစ်နိုင်သည့် အခြေအနေများကိုလည်း လိုက်လျောညီထွေဖြစ်အောင် ခံနိုင်ရည် မရှိကြပါ။

လူနေအိမ်များနှင့် အခြေခံအဆောက်အဦးများသည် ခံနိုင်ရည်မရှိသော ဒေသထွက် ဆောက်လုပ်ရေးသုံးပစ္စည်းများကို (အချို့နေရာများတွင် ၉၇ ရာခိုင်နှုန်းကျော်) အများဆုံး အသုံးပြုထားပြီး အရေးပေါ်အခြေအနေ ကြုံသည့်အခါ အသက်အန္တရာယ်မှ ကာကွယ်ပေးမည့် မုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အဦးများသည်လည်း ဒေသခံ စုစုပေါင်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကိုသာ အကာအကွယ်ပေးနိုင်ပါသည်။ ကျောင်းများ၊ ကျန်းမာရေးဆေးရုံး ဆေးပေးခန်းများနှင့် အခြားသော လူထုနှင့် သက်ဆိုင်သည့် အဆောက်အဦးများသည်လည်း ဆိုးဝါးလားသော ရာသီဥတု အခြေအနေများနှင့် လျောညီစွာ ခံနိုင်ရည်ရှိနိုင်မှု၊ လိုက်လျောညီထွေဖြစ်မှု မရှိကြပါ။ ယခုအခါ သေချာသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ရေလမ်းကြောင်းမှာလည်း အရှေ့မှ အနောက်သို့၊ တောင်မှ မြောက် (ပြင်စလူမှ လပွတ္တာသို့) ကြာရှည်စွာ အသုံးပြုခဲ့ကြပါသည်။ သို့သော် ၂၀၅၀ ခုနှစ်တွင် ပင်လယ်ရေ ၄၁ စင်တီမီတာ မြင့်တတ်မှု နှင့် အချိန်တိုအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မုန်တိုင်းများနှင့် ရေလှိုင်းများဝင်ရောက်ပြီး ထိုရေလမ်းမှာ ဒီရေမြင့်တတ်မှုဒဏ်ကို ကျော်လွှားနိုင်မည် မဟုတ်ဘဲ အဓိကလမ်းမကြီးများသည်လည်း ရေဖုံးလွှမ်းသွားနိုင်ပါသည်။ အဆင်ပြေ ချောမွေ့သော ဆက်သွယ်ရေးလမ်းကြောင်းများ မရှိခြင်းသည် တိုးတတ်မှုကို ပိတ်ဆို့ထား၍ ပြည်သူလူထုကိုလည်း ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရစေနိုင်သည်မှာ ထင်ရှားပါသည်။ လပွတ္တာမြို့နယ်မှ ပြည်သူများသည် သောက်သုံးရေအတွက် အထူးသဖြင့် မိုးရေကိုသာ အားကိုးနေရပြီး အချို့နေရာများတွင် ၈၀ ရာခိုင်နှုန်းသော သောက်သုံးရေများမှာ ဖုံးအုပ်ထားခြင်းမကြပါ။ မိုးရာသီ တိုတောင်းသွားမည်ဟု ခန့်မှန်း ထားခြင်းနှင့်အတူ အပူချိန်မြင့်မားမှုကြောင့် ဆားငန်ရေဝင်ရောက်မှု နှင့် ရေအငွေ့ပျံမှုနှုန်း လည်း မြင့်မားလာပြီး သောက်သုံးရေလုံလောက်စွာ တိုးမြှင့်ရရှိနိုင်မှုကသာ လပွတ္တာမြို့နယ်၌ လူနေထိုင်မှုရှိနိုင်ခြင်းကို ဆုံးဖြတ်ပေးပါလိမ့်မည်။
ဤအချက်အလက်များ နှင့် ရာသီဥတုပြောင်းလဲခြင်း အပြန်အလှန်သက်ရောက်မှုကြောင့် လပွတ္တာမြို့နယ်ရှိ ပြည်သူများသည် သဘာဝဘေးအန္တရာယ်များကို ထိခိုက်ခံစားကြရပြီး အသက်အိုးအိမ်စည်းစိမ် မကြာခဏဆုံးရှံးရမှုများနှင့် အားကိုးရာမဲ့ ဖြစ်လာကြ ပါမည်။ အိမ်ထောင်စုများဆင်းရဲမွဲတေလာခြင်း၊ အမျိုးသမီးများတွင် စိတ်ဖိစီးမှု ပိုမို များပြားလာခြင်း၊ အထူးသဖြင့် ကလေးများနှင့် မသန်စွမ်းသူများတွင် ကျန်းမာရေး ဆိုးကျိုးများ ကြုံတွေ့ရခြင်း၊ ဆိုးဝါးသောအခြေချနေထိုင်မှုများ ရှိလာနိုင်ခြင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးလာမှုများနှင့်အတူ ရာသီဥတုပုံသဏ္ဍာန်အခြေအနေ အသစ်များကိုပါ ထပ်မံရင်ဆိုင်လာရနိုင်ပါသည်။ ခြုံငုံ၍ ပြောရမည်ဆိုလျှင် ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်များသည် လပွတ္တာမြို့နယ်၏ လူမှုစီးပွား ဖွင့်ဖြိုးတိုးတတ်မှုကို တားဆီးဟန့်တားမည့် အကြောင်းများအဖြစ် သတ်မှတ်ရန်မလုံလောက်ပါ။ လူဦးရေရာခိုင်နှုန်း မြင့်မားလာခြင်းသည်လည်း မိသားစုများ ရေရှည်ရပ်တည်ရန် လုံလောက်သော ဝင်ငွေရရှိအောင် မတတ်နိုင်ပါ။

လပွတ္တာမြို့နယ်တွင် ကြိုတင်ပြင်ဆင်ထားသင့်သော ဖြစ်နိုင်ချေရှိသည့် အနာဂတ်ဖြစ်စဉ် သုံးရပ်-

(က) ဖြစ်ရိုးဖြစ်စဉ်စီးပွားရေးအခြေအနေ-၂၀၅၀ ခုနှစ်တွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် (လူမှုစီးပွားရေး၊အခြေခံအဆောက်အဦး နှင့် ဂေဟစနစ်) စသည့် စနစ်သုံးခုပေါ်တွင် ပိုမိုလျှင်မြန်သော သက်ရောက်မှုများရှိနိုင်ပြီး လပွတ္တာမြို့နယ်ရှိ ပြည်သူလူထု၏ အခြေခံကျသော အသက်မွေးဝမ်းကြောင်းမှု၊ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများတွင် ဆိုးကျိုးများ သက်ရောက်စေမည် ဖြစ်သဖြင့် အာဏာပိုင်များနှင့် ပြည်သူလူထုအနေဖြင့် ကွဲပြားခြားနားသော ထိခိုက်ခံစားရမည့် သွင်ပြင်လက္ခဏာများကို အရေးပေါ်ပြန်လည်၍ ပြုပြင်ရန် သတိမပြုမိကြပါ။ ဤအခြေအနေတွင် နှစ်လတ်နှင့် နှစ်ရှည် စီမံကိန်းရေးဆွဲခြင်းအတွက် အုပ်ချုပ်ရေးနှင့် စီမံကိန်းရေးဆွဲပြင်ဆင်ခြင်းစွမ်းရည်များတွင် ကန့်သတ်ချက်များ ရှိနေပါသည်။ ကာလတိုတွင် တုံ့ပြန်နိုင်မည့် ဆုံးဖြတ်ချက်များ၊ သို့သော် ကာလရှည်ဆိုးကျိုးများ ဖြစ်လာနိုင်သည့် အခြေအနေများ (ဥပမာ-ဒီရေတောများအား အစားထိုးပြန်မစိုက်ဘဲ ခုတ်လှဲခွင့်ပြုခြင်း၊ ရေလွှမ်းမိုးနိုင်သည့်နေရာများတွင် အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်း၊ နေအိမ်များအား လေပြင်းတိုက်ခတ်သည့်ဒဏ်ခံနိုင်သည့် နည်းပညာများဖြင့် မတည်ဆောက်ခြင်း တို့ ကို တုံ့ပြန် ဆောင်ရွက်ရန်လိုအပ်ပါသည်။ ထိုအခြေအနေတွင် အသက်မွေးဝမ်းကြောင်းမှု၊ အခြေခံအဆောက်အဦးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများသည် မြို့နယ်ရှိလူများအား စံချိန်စံညွှန်းနှင့် မကိုက်ညီသော နေထိုင်မှုမျိုးကို ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ ထို့ထက်ပို၍ ခန့်မှန်းထား သော ရာသီဥတုပြောင်းလဲခြင်းများသည် လူတို့ပြုမှုသည်အတိုင်း ထင်ရှားသော ပိုမိုဆိုးဝါးသည့် ထိခိုက်ခံစားရနိုင်မှု ဆိုးကျိုးအသစ်များ တစ်ခုနှင့် တစ်ခုချိတ်ဆက်ဖြစ်ပေါ်နိုင်ပါသည်။ ထိုအချက်များသည် ယခုအချိန်တွင် ကြိုတင်မျှော်လင့် ထားရန် မဖြစ်နိုင်ပါ။

(ခ) အနည်းဆုံးပြန်လည်ကုစားသင့်သည့် အခြေအနေများ – ထိုအခြေအနေတွင် မြို့နယ်မှ တာဝန်ရှိသူများနှင့် ပြည်သူလူထုအနေဖြင့် ပြုလုပ်ဆောင်ရွက်ရန် ရှိသည်များကို အရေးပေါ်သတိပြုဆောင်ရွက်ရန် သာမက အရေးပေါ်လိုအပ်သော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များ၊ အခြေအနေသစ်များနှင့် လိုက်လျောညီထွေမှု ဖြစ်ရန် လိုအပ်သည့်အချိန်၊ အရေးပေါ်လိုအပ်သော စီးပွားရေး၊ နည်းပညာများနှင့် ကျွမ်းကျင်မှုဆိုင်ရာ ကန့်သတ်ချက်များ စသည်တို့ကိုလည်း သတိပြု ဆောင်ရွက်ရန် လိုပါသည်။ ဤဖြစ်ရပ်များတွင် ရေအရင်းအမြစ်တိုးတတ်စေမှု၊ စာသင်ကျောင်းများနှင့် အိမ်ရာများအား လေပြင်းတိုက်ခိုက်မှုဒဏ်မှ ကာကွယ်ပေးမှု၊ အသက်မွေးဝမ်းကြောင်း မှုနှင့် ဝင်ငွေရရှိမှုများအား တိုးတက်လာစေရန် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွံ့ဖြိုးစေမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် လိုက်လျောညီထွေဖြစ်သော စီမံချက်များကို ကြီးမားသော ရင်းနှီးမြုပ်နှံမှုများ မပါသေးဘဲ သင့်လျော်သော အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြေအသုံးပြုမှု များအား ဆုံးဖြတ်ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်အခြေအနေများကို တားဆီးနိုင်ရန် (ဥပမာ- ရေကြီးနစ်မြုပ်နိုင်သော ဧရိယာတွင် အဆောက်အဦး ဆောက်လုပ်ပါက သန့်ရှင်းရေးနှင့် ရေစီးဆင်းမှုများ ကောင်းအောင်ဆောင်ရွက်ခြင်း) စသည် ရာသီဥတု ဘေးအန္တရာယ်မှ ခံစားရရှိနိုင်မှုများ အားတွက်ချက် တိုင်းတာစစ်ဆေး ရပါမည်။ ထိုကိစ္စများတွင် မြို့နယ်မှ တာဝန်ရှိသူများ နှင့် ပြည်သူလူထုအနေဖြင့် ရာသီဥတုအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော လိုအပ်ချက်များကို ၎င်းတို့ ကိုယ်တိုင်စဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းများ၊ NGO များ၊ တိုင်းဒေသကြီး၊ ပြည်နယ်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါသည်။ ဤအချက်များ သည် ဖွံ့ဖြိုးတိုးတတ်မှုများပေါ်၌ သက်ရောက်စေသည့် အခြားသော အဟန့်အတားများ၊ ထိခိုက်ခံစားရနိုင်မှုများကို အနည်းဆုံးတားဆီးရန် လိုအပ်ပါသည်။

(ဂ) တိုးမြှင့်၍ဆောင်ရွက်သင့်သောကိစ္စများ – အခြေခံကျသော လုံခြုံရေး အခြေနေများကိုသာမက ဖွံ့ဖြိုးတိုးတတ်မှု ရည်မှန်းချက်အောင်မြင်ရေးအတွက် နည်းဗျူဟာမြောက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း၊ အရင်းအမြစ်များ၊ ပူးပေါင်းဆောင်ရွက်ခြင်းများ နှင့် အချိန်သတ်မှတ်ဆောင်ရွက်ခြင်းတို့ကို အကျိုးရှိအောင် ဆောင်ရွက်ရပါမည်။ ဤလေ့လာတွေ့ရှိချက်မှတ်တမ်းပေါ်တွင် အခြေခံ၍ ပထမဦးစွာ လပွတ္တာမြို့နယ်တွင် စီမံချက်များ စတင်ချမှတ်ပြီး မြို့နယ်စီမံကိန်းအဖွဲ့များ၏ လမ်းညွှန်ချက်ဖြင့် ရံပုံငွေများအား တိုင်းအဆင့်နှင့် အခြားသော အာဏာပိုင် အဖွဲ့အစည်း များထံမှ တောင်းခံဆောင်ရွက်သင့်ပါသည်။ အဓိကကျသောရလာဒ် (၃) ခုဖြစ်သည့် (၁) စဉ်ဆက်မပျက်သော ရှင်သန်မှုနှင့် ကောင်းမွန်သော ဂေဟစနစ်ရရှိစေရန် (၂) ဖွံဖြိုးတိုးတက်မှုကို တိုးမြှင့်ရန်နှင့် ပြည်သူများအား အကာအကွယ်ပေးနိုင်ရန် တိုးတက် ကောင်းမွန်သော အခြေခံအဆောက်အဦးများ ဆောက်လုပ်ပေးရန် (၃) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းပုံစံ အမျိုးမျိုး ဖန်တီး ဆောင်ရွက် ပေးရန် တို့အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာ မိတ်ဖက်အဖွဲ့များနှင့် အမျိုးသားအာဏာပိုင် အဖွဲ့များထံမှ အကူအညီတောင်းခံသင့်ပါသည်။ ဤ ဖြစ်စဉ်များ အား ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ပူးပေါင်း ပါဝင် ဆောင်ရွက်မည့်သူများ နှင် စဉ်ဆက်မပျက် ရေရှည်တိုးတက်ရေးအတွက် အချိန်ယူ၍ ဆောင်ရွက်ရပါမည်။

လေ့လာမှုစစ်တမ်းတွင် အသိပညာပေးမှုများပါဝင်သောလုပ်ငန်းစဉ် (ခ) နှင့် လုပ်ငန်းစဉ် (ဂ) အား အောင်မြင်စွာဆောင်ရွက်ရန်အတွက် မြို့နယ်များနှင့် ပြည်သူလူထုမှ ကြိုတင်ပြင်ဆင်သင့်သော လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းစီမံချက်ပါဝင်ပြီး ၂၀၅၀ ခုနှစ်တွင် လပွတ္တာမြို့နယ်အား အခြေတကျဖြစ်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်သင့်ပါသည်။

Leave a Comment