YAngon 4-low

မြန်မာရာသီဥတုပြောင်းလဲခြင်းနှင့် ပြန်လည်တိုးတတ်ကောင်းမွန်သောမြို့ပြစနစ်-စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ် စတင်မည်ဖြစ်ကြောင်း

YAngon 4-low

နေပြည်တော်, ဇွန်လ ၂၀၁၇- MCCA သည် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်ကို စတင်ရန်အတည်ပြု နိုင်သည့်အတွက် များစွာ ဂုဏ်ယူမိပါသည်။

မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် ကဏ္ဍအလိုက် ရလာဒ်များ အခန်း(၄) တွင် ပါဝင်သော “ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အားလုံးပါဝင်သော ရေရှည်တည်တံ့သည့် မြို့ကြီးများနှင့် မြို့တော်များတွင် ပြည်သူလူထု အခြေချနေထိုင်မှု” ကို အကောင်အထည်ဖော်ရန် ဤအစီအစဉ်ကို ရေးဆွဲပါသည်။

ဤအစီအစဉ်တွင် မြို့တော်စည်ပင်သာယာရေးကော်မတီများနှင့် မြို့နယ်များ၊ မြို့ပြနှင့် အိမ်ရာဖွံ ဖြိုးမှု ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ အဆောက်အဦဌာန နှင့် အခြားသော ဌာနများပါဝင်ပါသည်။

အစီအစဉ်အရ ဖွံ့ဖြိုးတိုးတတ်မှုနှင့် မြို့ပြစီမံကိန်း ရေးဆွဲရာတွင် တိုးတတ်ကောင်းမွန်သော အစီအမံများ ထည့်သွင်းရေးဆွဲနိုင်ရန် နိုင်ငံခြားပညာတော်သင် လေ့လာရေး အစီအစဉ် နှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများပါဝင်ပါသည်။

ပိုမိုပြည်စုံသော သတင်းအချက်အလက်များအား ဤနေရာတွင်ရရှိနိုင်ပါသည်။ MCCA မှ လပွတ္တာမြို့နယ်နှင့် ပခုက္ကူမြို့နယ်များအတွက် ပြုစုထားသော ထိခိုက် ခံစားရနိုင်မှုစစ်တမ်း (Vulnerability Assessment) အား ဤနေရာတွင် http://myanmarccalliance.org/en/mcca-partners/documents/ ကြည့်ရှုနိုင်ပါသည်။

4

၂၀၁၄ ခုနှစ်တွင်ရရှိသော ရလာဒ်များအရ မြန်မာနိုင်ငံလူဦးရေ ၅၁.၄၈ သန်းတွင် ၁၄.၉ သန်း (စုစုပေါင်းမြန်မာနိုင်ငံလူဦးရေ၏ ၂၉.၆ ရာခိုင်နှုန်း) သည် မြို့ပြတွင် နေထိုင်ကြပါသည်။ မြန်မာနိုင်ငံတွင် မြိုကြီးများနှင့် မြို့နယ်များ စုစုပေါင်း ၃၃၀ ရှိပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့တွင် မြို့ပြလူဦးရေ၏ ၂၀ ရာခိုင်နှုန်းနေထိုင်ကြပြီး နိုင်ငံ၏ GDP ကို သိသာထင်ရှားစွာ လည်ပတ်ပေးလျက်ရှိပါသည်။

Yangon 1low1

မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် မြို့နယ်များတွင် ဆိုင်ကလုန်းမုန်တိုင်းများနှင့် ရေကြီးမှုများ ကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် အလွန်လျှင်မြန်စွာနှင့် ကြိမ်ဖန်များစွာ ဖြစ်ပေါ်လျက်ရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် ရန်ကုန်မြို့တွင် ဆိုးဝါးစွာ ထိခိုက်မှုများ ကြုံတွေ့ရပြီး လပွတ္တာကဲ့သို့သော မြို့ငယ်များတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ခံစားရမှုများ ကြီးမားစွာ ဖြစ်ပေါ်ခံစားခဲ့ရပါသည်။ မြို့ပြများနှင့် မုန်တိုင်းဒဏ် ကြုံတွေ့ရသည့် နေရာများတွင် ပြင်းထန်သောမိုးရွာသွန်းမှုများကြောင့် ထိုကဲ့သို့သောဖြစ်ရပ်များ များပြားလာနိုင်ခြင်း ရေမစိမ့်ဝင်နိုင်သော မြေမျက်နှာပြင်များကြောင့် ရေကြီးမှုများ ကြုံတွေ့ရနိုင်ခြင်းများနှင့် အတူ ပိုင်ဆိုင်မှုများနှင့် အသက်အိုးအိမ်များ ဆုံးရှုံးကြရမည်ဖြစ်ပါသည်။ ကန်းရိုးတန်းတွင် တည်ရှိသော ဘိုကလေးမြို့သည် ပင်လယ်ရေ မျက်နှာပြင် မြင့်တတ်မှုကြောင့် ၎င်း၏ မြို့ပြပုံစံနှင့် အခြေခံ အဆောက်အဦးများအား ပြန်လည်တည်ဆောက်ရန်နှင့် စနစ်တကျ နေရာချထားမှုပြုရန် လိုအပ်ပါသည်။ သောက်သုံးရေ ပြတ်လပ်မှုများကြောင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဝန်ဆောင်မှုစျေးနှုန်းများ  မြင့်တတ်လာနိုင်မည် ဖြစ်ပြီး မိသားစုဝင်ငွေပေါ်တွင် ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ဒေသတွင်းအဆင့် သက်ဆိုင်သူပေါင်းဆုံပါဝင်သော အကြံပြုဆွေးနွေးပွဲများမှလည်း ကမ်းရိုးတန်း အနီးရှိ မြို့ငယ်လေးများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ပင်လယ်ရေ မျက်နှာပြင်မြင့်တတ်မှုများ၊ ရေကြီးမှုများနှင့် မုန်တိုင်များနှင့် တွေ့ကြုံရမည်ဟု ညွှန်ပြကြပါသည်။

ကာလရှည် တွင် ဖြေးငြင်းစွာပြောင်းလဲနေမှုများ– မိုးရွာသွန်းမှုပုံစံများပြောင်းလဲခြင်းနှင့် အပူချိန်မြင့်မားလာမှုများကြောင့် ပြင်းထန်သော သက်ရောက်မှုများ ကြုံတွေ့ရနိုင်ပြီး ကျေးလက် မြို့ပြ ပြောင်းရွှေ့နေထိုင်မှုများ ဖြစ်ပေါ်လာပါမည်။ ဥပမာဆိုရလျှင် ဒေသဆိုင်ရာ အကြံပြုဆွေးနွေးပွဲများနှင့် ၂၀၁၄ လူဦးရေ သန်းခေါင်စာရင်းအရ လွန်ခဲ့သော နှစ်ပေါင်း (၂၀) အတွင်း ရာသီဥတုပြောင်းလဲခြင်း များကို တွေ့ရှိရပြီး ခြောက်သွေ့သော အလယ်ပိုင်းဒေသများ တွင်သီးနှံအထွက်နှုန်းများ လျော့ကျလျှက်ရှိနေပြီး အကျိုးဆက်အနေဖြင့် ကျေးလက်မှ မြို့ပြ(သို့) နိုင်ငံရပ်ခြားသို့ အခြေချရွှေ့ပြောင်းနေထိုင်မှုများ ရှိလာပါသည်။ (GoM 2015 b) ခန့်မှန်းထားသော ရာသီဥတုပြောင်းလဲမှုဖြစ်ရပ်များကို မိုးရေချိန်ပေါ်မီခိုသည့် စိုက်ပျိုးရေး လုပ်ငန်းများ ပေါ်တွင် အမှီပြုထားသော ပခုက္ကူနှင့် လားရှိုးကဲ့သို့သော အလတ်အလတ်နှင့် သေးငယ်သောမြို့ပြများတွင် သက်ရောက်မှုများ ရှိနိုင်ပါသည်။ အကျိုးဆက်အားဖြင့် အစားအစာစျေးနှုန်း မြင့်တတ်မှုများနှင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့ရနိုင်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ  ဆွဲဆောင်မှုများနှင့် ယှဉ်ပြိုင်မှုများနှင့် လုပ်အားပေါ်တွင် ထိခိုက် နစ်နာမှုများရှိနိုင်ပါသည်။ ဤအချက်များသည် နိုင်ငံ၏ အမျိုးသားအဆင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာပေါ်တွင် သက်ရောက်မှုများ ရှိပါမည်။

UN-Habitat / MCCA မှ နည်းပညာအကြံပေးခေါင်းဆောင်ဖြစ်သူမှ ဆွေးနွေးသော မြို့ပြစီမံချက်မဟာဗျူဟာ သင်တန်းတွင် ပြန်လည်တိုးတတ်ကောင်းမွန်ရေး နည်းလမ်းများအား မန္တလေးစည်ပင်သာယာရေးကောင်စီမှ အင်္ဂျင်နီယာများနှင့် အရေးပေါ်ဆွေးနွေးခဲ့ပါသည်။

ဤကိစ္စအားအရေးကြီးသော အခြေအနေဖြင့် သတ်မှတ်၍ အာရုံစိုက်ဆောင်ရွက်ရပါမည်။

ထို့ကြောင့်နိုင်ငံအနေဖြင့် ၂၀၁၇ နှင့် ၂၀၁၅ ခုနှစ်အတွင်းတွင် ၂၀၃၀ ခုနှစ်၌ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အားလုံးပါဝင်သော ရေရှည်တည်တံ့သည့် မြို့ကြီးများနှင့် မြို့တော်များတွင် ပြည်သူလူထုများ အခြေချနေထိုင်နိုင်ရေးအတွက် ၁၅ နှစ်အစီအမံများကို ချမှတ်နိုင်ခဲ့ကြပါသည်။

ဤအချက်များအား လုပ်ဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် အောက်ပါရလာဒ်များအား အောင်မြင်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

(၁)     မြို့ကြီးများနှင့် မြို့တော်များတွင် နေထိုင်သူများအနေဖြင့် ပြင်းထန်သော သဘာဝ ဘေးအန္တရာယ် အခြေအနေများမှ အကာအကွယ်ပေးနိုင်မည့် ဝန်ဆောင်မှုများနှင့် ခံနိုင်ရည်ရှိသော အခြေခံ အဆောက်အဦးများအား တည်ဆောက်ကြရန်နှင့်  ရာသီဥတု ပြောင်းလဲမှု အသစ်များနှင့် လိုက်လျောညီထွေမှု ရှိနိုင်မည့် အကောင်းမွန်ဆုံးသော ပြင်ဆင်မှုများ၊ ပြင်းထန်သော သက်ရောက်မှုများ ဖြစ်နေစဉ်အတွင်းနှင့် ဖြစ်ပြီးအခြေအနေများတွင် အကောင်းဆုံး လုပ်ဆောင် နိုင်ရန်၊

(၂)     ဖွံ့ဖြိုးတိုးတက်၍ အစီအစဉ်ကျသော မြို့ပြစီမံကိန်းကို သတ်မှတ်ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိပြီး ကာဗွန်လျော့နည်း၍ ဖွံဖြိုးတိုးတတ်သော လူတိုင်းပါဝင်နိုင်သည့် ချည်းကပ်နည်းဖြင့်ဆောင်ရွက်ရန်နှင့် ရာသီဥတုပြောင်းလဲသက်ရောက်မှု အကျိုးဆက်များ လျှော့ချခြင်းနှင့် လိုက်လျောညီထွေဖြစ်စေရေး အကျိုးဆက်များအား တပါတည်းစီမံဆောင်ရွက်ရန်၊

(၃)     အဆောက်အဦးသစ်များအား သဘာဝဘေးအန္တရာယ်များ ကို ခံနိုင်ရည်ရှိစေရန်နှင့် စွမ်းအင်နှင့် သဘာဝအရင်းအမြစ် ကို အကျိုးရှိစွာ အသုံးချ၍ တည်ဆောက်ကြရန်၊ ထိုအဆောက်အဦးများသည် ကာဗွန်ထုတ်လွှတ်မှုလျော့နည်း၍ စွမ်းအင်သုံးစွဲမှုကို လျှော့ချ နိုင်ရပါမည်။ ဤနည်းဖြင့် ညီမျှမှုရှိ၍ စရိတ်ကုန်ကျမှုကို လျော့နည်းစေပါမည်။

MCCA အနေဖြင့် ဤ လုပ်ငန်းအစီအစဉ်များအား စတင်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်ကို ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။ ဤအစီအစဉ်သည် မကြာမီ စတင်တော့မည်ဖြစ်ပါသည်။

 

Leave a Comment