MCCA Trainees at Hintada National Disaster Management Center learn about climate change

မြန်မာရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်စေရေးအကြောင်း လေ့လာနိုင်ရန် စုစည်းထား သော “Tool Box”

MCCA Trainees at Hintada National Disaster Management Center learn about climate change
MCCA သည် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး ပြသနာများအား လေ့လာနိုင်ရန် ၎င်း၏ “Tool Box” အသစ်အား နောက်ဆုံးအဆင့် ပြုစုထားပြီး ဖြစ်ပါသည်။
အဆိုပါ “Tool Box” တွင် အောက်ပါတို့ပါဝင်ပါသည်။
(၁) သင်တန်း (၅) ရက်စာ သင်ရိုးညွှန်းတမ်း (၁။ ရာသီဥတုပြောင်းလဲခြင်းအားနားလည်နိုင်ရန် ၂။ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်း သက်ရောက်မှုများ၊ ၃။ မြို့နယ်များ၌ ရာသီဥတုပြောင်းလဲခြင်းအား တိုင်းတာခြင်း၊ ၄။ မြို့နယ်များအတွက်ရာသီဥတုပြောင်းလဲခြင်းကို ခံနိုင်ရည်ရှိစေရန် အစီအမံရေးဆွဲခြင်း
(၂) သင်တန်းဆရာလက်စွဲ ။ ထိုလက်စွဲစာအုပ်သည် မည်သည့်သင်တန်းဆရာဖြစ်စေ သင်ရိုးညွှန်းတမ်းအား အလွယ်တကူ သင်ကြားဖြန့်ဝေနိုင်ရန် အလေ့အကျင့် အတွေအကြုံကောင်းများ ရစေပါသည်။
(၃) သင်တန်းသားများအတွက် လက်စွဲစာအုပ်။ သင့်အနေဖြင့် သင်သင်ယူခဲ့သမျှအား အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။
(၄) MCCA မှ လပွတ္တာမြို့နယ်နှင့် ပခုက္ကူမြို့နယ်များအား ဥပမာထား၍ ပြုစုထားသော မြို့နယ်နှင့် မြို့ကြီးများအတွက် ထိခိုက်ခံစားရလွယ်မှုအား တိုင်းတာခြင်းနှင့် ပတ်သက်သော လက်စွဲစာအုပ်။
ဤအစီအစဉ်တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သက်သော ကွင်းဆင်းလေ့လာခြင်းများ၊ လုပ်ငန်းခွင် အတွေ့အကြုံများ ပါဝင်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ဤ အစီအစဉ်တစ်ခုလုံးအား online တွင် မကြာမီ ၊ မြန်နိုင်သမျှမြန်မြန် တင်ပြပေးသွားမည်ဖြစ်ပါသည်။

Leave a Comment