2017-08-26 18_51_31-Pas Capizzi

ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများအား ဆန်းစစ်ခြင်း

MCCA၊ ECD နှင့် International Center for Integrated Mountain Develop2017-08-26 18_46_02-Myanmar Climate Change Alliance - Homement (ICIMOD) တို့သည် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ထိခိုက်ခံစားရလွယ်မှု ဆန်းစစ်ခြင်း ဆောင်ရွက် ရန် ချင်းပြည်နယ်မြောက်ပိုင်းရှိ(ဖလမ်း၊ ဟားခါး၊ နှင့် ထန်းတလန်) မြို့ (၃) မြို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ထိုလေ့လာ တွေ့ရှိချက်များမှတဆင့်  မြို့နယ်တစ်မြိုအား ရွေးချယ်၍  ဆန်းစစ်ခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ယခုအခါ မြို့နယ်တစ်မြို့ ရွေးချယ်ခြင်းအစီအစဉ်အား ဆောင်ရွက်နေပြီ ဖြစ်၍ မြို့နယ် ရွေးချယ်မှု ပြီးလျှင်ပြီးခြင်း လေ့လာဆန်းစစ်မှုများအား ချက်ချင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့သော် မိုးပြင်းထန်စွာ ရွာသွန်းနေမှုများ၊ ပုံသဏ္ဍန်မမှန်သော မိုးရွာသွန်းမှု ပြသနာများ၊ အပူချိန် မြင့်မားနေမှုများ၊ ပြင်းထန်သောလေတိုက်ခတ်မှုများ ဖြစ်နေခြင်းကြောင့် မြေပြိုကျမှုများ ဖြစ်ပွားခြင်း၊ နေအိမ်များပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံမျိုးများတွင် အားနည်းချက်များရှိနေခြင်း နှင့် သီးနှံထွက်နှုန်းကျဆင်းခြင်းတို့ ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရှိခဲ့ပြီးဖြစ်ပါသည်။

(ပုံ Sukun 2017)

2017-08-26 18_45_39-Myanmar Climate Change Alliance - Homeလေ့လာရေးအဖွဲ့သည် ချင်းပြည်နယ် ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊သစ်တောနှင့်  သတ္တုတူးဖော်ရေး ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်မှ အာဏာပိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြ၍ ထိုအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများကိုလည်း ရရှိခဲ့ကြပါသည်။

တစ်ကြိမ်ရွေးချယ်ခဲ့ပြီးဖြစ်၍၊ လေ့လာဆန်းစစ်မှုအား ရွေးချယ်ထားသော မြို့နယ်ရှိ ပြည်သူလူထုများ နှင့် တွေ့ဆုံမေးမြန်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နောက်လာမည့် ရက်သတ္တပတ်များတွင် သတင်းအချက်အလက်များအား ထပ်မံတင်ပြပေးသွားပါ မည်။

ပိုမို၍ ပြည့်စုံသော သတင်းအချက်အလက်များအတွက်

ကနဦးတွေ့ရှိချက်များ

ခရီးစဉ်တွေ့ရှိချက်များအား မြို့နယ်(၃) မြို့နယ်မှမျှဝေသော အောက်ပါအချက်အလက်များ- (၁) မိုးရာသီ၌ အချိန်တိုအတွင်း မိုးပြင်းထန်စွာရွာသွန်းခြင်း (မိုးရာသီတိုတောင်းလာခြင်း)၊ (၂) နှစ်စဉ် ဆီးနှင်းကျဆင်းမှု လျော့နည်းလာခြင်း၊ (၃) လေပြင်း တိုက်ခတ်ခြင်း (မှတ်တမ်းများအရ ရခိုင်ပြည်နယ်မှ အစပြုခြင်း)၊ (၄)  ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်း၊ (၅) ပျမ်းမျှအပူချိန် မြင့်မားခြင်းနှင့် ရာသီမဟုတ်ဘဲ အပူချိန်မြင့်မားခြင်း၊ စသည်တို့ ပေါ်တွင် မူတည်၍ ကောက်ချက်ချခဲ့ကြပါသည်။

2017-08-26 18_49_50-Myanmar Climate Change Alliance - Home
Isolated villages suffer from increased risks land-slides as this impacts food-security and livelihoods: being cut from the market means products cannot be sold, and local prices of food increase

ကျေးရွာများသည် မြေပြိုခြင်းများကို ထိခိုက်ခံစားရပြီး အစားအစာလုံခြုံမှုနှင့် အသက်မွေး ဝမ်းကြောင်း လုပ်ငန်းများတွင် ထိခိုက်မှုရှိနိုင်ပါသည်။ စျေးများ လျော့နည်းလာခြင်းကြောင့် ထုတ်ကုန်များကို ရောင်းချနိုင်မှု နည်းပါလာပြီး အစားအသောက်များ၏ ဒေသစျေးနှုန်းများလည်း မြင့်တတ်လာပါသည်

အောက်ပါလက္ခဏာများအားလုံးသည် သဘာဝဘေးအန္တရာယ်များနှင့် ဆက်စပ်ပက်သက်နေပြီး မြို့နယ်အားလုံးတွင် အဖြစ် အများဆုံး ဖြစ်ရပ်များသည် မတူကွဲပြားသော ပထဝီအခြေအနေ ပေါ်တွင် မူတည်၍ အရေးကြီးသော သတိပေးချက်များနှင့်လည်း ပတ်သက်နေပါသည်။ ၎င်းသတိပေးချက်များမှာ (၁) မြေပြိုခြင်း၊ (၂) ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်သော လေပြင်းတိုက်ခိုက် ခြင်း၊ (၃) ခြောက်သွေ့သောဒေသများတွင် ရေပြတ်လပ်ခြင်း၊ (၄) မွေးမြူရေးလုပ်ငန်းများနှင့် သီးနှံများသို့ ပိုးမွှားများနှင့် ရောဂါ များ ကျရောက်ခြင်း၊ မြင့်မားသော တောင်တန်းဒေသများတွင် အထူးသဖြင့် ရောဂါပိုးမွှား သယ်ဆောင်လာသည့် (ခြင်များ) ၊ ရေမသန့်ရှင်းမှုကြောင့်ဖြစ်သော (ဝမ်းပျက် ဝမ်းလျှော ရောဂါများ) မြင့်မားလာခြင်း နှင့် (၅) တောမီးလောင်ခြင်း တို့ဖြစ်ကြ ပါသည်။

ထိခိုက်ခံစားရမှုများသည် အောက်ပါ အဓိကကျသော အချက်အလက်များ ပေါ်တွင်လည်း ထည့်သွင်းစဉ်းစား ရပါမည်။ (၁) သဘာဝပတ်ဝန်းကျင်၏ အရည်အသွေး (သစ်တောပြုန်းတီးခြင်း နှင့် သောက်သုံးရေပြတ်လပ်ခြင်း)၊ (၂) ဒေသတစ်ခု၏ ဘူမိ သွင်ပြင် လက္ခဏာ၊ (၃) ပုံသဏ္ဍန်အမျိုးမျိုးကွဲပြား သော စိုက်ပျိုးရေးစနစ်၊ (၄) မြို့ပြဖွံ့ဖြိုးမှုနှုန်းနှင့် ဆက်စပ်မြေအသုံးပြုမှု အစီအမံများ၊ (၅) ဒေသအဆင့် စွမ်းဆောင်ရည်များ၊ (၆) ဒေသအဆင့် စျေးများ လုပ်ဆောင်ချက်များနှင့် အလှမ်းကွာဝေး လွန်းခြင်း၊ (၇) ဒေသပြောင်းရွှေ့နေထိုင်မှုများ စသည်တို့ ဖြစ်ပါသည်။

2017-08-26 18_46_29-Myanmar Climate Change Alliance - Home

ဟားခါးမြို့နယ်တွင် နေအိမ်များ ထိခိုက်နိုင်ရမှု များနေပါသည်။ ဟားခါးမြို့နယ်သည် ၎င်း၏ ဘူမိအခြေအနေကြောင့် မိုးပြင်းထန်စွာ ရွာသွန်းမှုများ၊ အစီအစဉ်မကျသည့် မြို့ပြဖွံဖြိုးမှု လျှင်မြန်ခြင်းတို့ကြောင့် မြေပြိုမှုများ  ကြီးကြီးမားမား ရင်ဆိုင်ရနိုင်ပါသည်။

အသိပညာဗဟုသုတများနှင့် ရာသီဥတုပြောင်းလဲခြင်းကြောင့် သက်ရောက်သော အတွေ့အကြုံများ ရှိခဲ့ပါသည်။ အချို့သော သဘာဝဘေးအန္တရာယ်များ အတွေ့အကြုံများ (ကာလတိုအတွင်း ပြင်းထန်စွာ မိုးရွားသွန်းခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အစီအစဉ်မကျသော မြို့ပြဖွဲ့စည်းခြင်း၊ ဘူမိအခြေအနေ ကောင်းမွန်မှုမရှိခြင်း နှင့် အားနည်းသော ဗိသုကာ ဒီဇိုင်းများနှင့်  မြေပြိုမှုများကို ဖြစ်စေသော ရေမြောင်းစနစ်များ) ကြုံတွေ့ကြရပါသည်။  သို့သော်လည်း မြို့နယ်တစ်မြို့နယ် သာလျှင် သဘာဝ ပတ်ဝန်းကျင်စောင့်ရှောက်မှု အဆင့်အား ပြသနိုင်ခဲ့ပါသည်။ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဟားခါးမြို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ရာတွင် စိုက်ပျိုးရေးစနစ်၊ အခြေခံအဆောက်အဦးများနှင့် အသက်မွေး ဝမ်းကြောင်းမှု လုပ်ငန်း များတွင် သစ်တောစိုက်ခင်းများ ပြန်လည် စိုက်ပျိုးခြင်း၊ ရေမြောင်းများတူးဖော်ခြင်းနှင့် အဆောက်အဦးများ လည်ပတ် ဆောက်လုပ်ခြင်း စသည့်  UN ၊ NGO အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများ အား အစပြုအားစိုက်ထုတ်ခဲ့ကြသော်လည်း တိကျသေချာသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်စေရေး တိုင်းတာချက်မှတ်တမ်းများကိုကား မတွေ့ရှိရပေ။

ကြိုတင်ပြင်ဆင်မှုရလာဒ်များ

လေ့လာရေးအဖွဲ့အနေဖြင့် အထက်တွင်ဖော်ပြထားသော ဦးစားပေးအချက်များပေါ်တွင် မူတည်၍ ပထမအဆင့် ထိခိုက်ခံစားရ လွယ်မှု အကဲဖြတ်ခြင်း အား လျှင်မြန်စွာ ဆောင်ရွက်ခဲ့ပါသည်။ ှ ထိခိုက်ခံစားရနိုင်မှု မှတ်တမ်းများအား သတ်မှတ်ရန် စံပြု ပုံသေနည်း ကို IPCC AR 5 က- Hazard x (Exposure + Sensitivities) – adaptive capacities ဟု သတ်မှတ်ခဲ့ပါသည်။ အထက်ပါဖော်ပြချက်အရ မြို့နယ် (၃) မြို့သည် ပျမ်းမျှမိုးရေချိန်နှင့် ပျမ်းမျှ အပူချိန်များ၌ တူညီသော ရာသီဥတုပြောင်းလဲမှု ပုံသဏ္ဍန် ရှိသော်လည်း မတူညီသော အလွန်လျှင်မြန် ပြင်းထန်သည့် သဘာဝဘေးအန္တရာယ် သက်ရောက်မှုများ ဖြစ်ပေါ် နေပါသည်။ ဤအချက်များသည် (ဟားခါးနှင့်  ဖလမ်း ရှိ မြေပြိုမှု ဖြစ်ပေါ်လေ့ရှိသော မြို့နယ်များ၏ ဘူမိအနေအထားပေါ် တွင် မူတည်၍ အခြားသော အရေးကြီးအချက်အလက်များ (ဥပမာ- သစ်တောပြုန်းတီးခြင်း (ဟားခါးနှင့် ဖလမ်းမြို့နယ်များတွင် အလွန်မြင့်မားပါ သည်။  သို့သော် ထန်းတလန်မြို့တွင် တော့ အလွန်များပြားမှု မရှိသေးပါ။) ထို့အပြင် ပုံသဏ္ဍန်မကျသည့် မြို့ပြဖွဲ့စည်းမှုများသည် ဟားခါးမြို့နယ်တွင် အလွန်လျှင်မြန်စွာ ဖြစ်ပေါ်လျှက်ရှိပြီး ဖလမ်းမြို့နယ် တွင် ကြီးမားသော ပြသနာ တစ်ခု မဖြစ်နိုင်သေးပါ။ ထန်းတလန်မြို့နယ်တွင်လည်း ယခုလက်ရှိ တွင် အခက်အခဲ မဖြစ်သေးပါ။

2017-08-26 18_46_45-Myanmar Climate Change Alliance - Home

သစ်တောပြုန်းတီးမှုများကြောင့်မြေပြိုမှုများကို ခြိမ်းခြောက်နေသည့်  ခရီးလမ်းဆက်သွယ်မှုများ။

မြို့နယ်ရွေးချယ်ခြင်း

စက်တင်ဘာလ ပထမပတ်တွင်  အဖွဲ့အနေဖြင့် မြို့နယ်ရွေးချယ်မှုကို ECD မှ တဆင့် ပြည်နယ်အစိုးရသို့ အကြောင်းကြားပေးမည် ဖြစ်ပြီး လုပ်ငန်းစဉ်များ ချက်ချင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

Leave a Comment